နူးကမ့်မှာ ဘာစီလိုနာကို ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ယူနိုက်တက်ကစားသမားအဖြစ် ရပ်ရှ်ဖို့ဒ် မှတ်တမ်းဝင်

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ

နူးကမ့်မှာ ဘာစီလိုနာဘက်ကို ဂိုးသွင်းနိုင်တဲ့ တတိယမြောက်
ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ (၂-၂)ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် Play Off
ပထမအကျော့ပွဲမှာ ဘာစီလိုနာနောက်ခံလူ မားကို့စ်အလွန်ဆိုက
အဖွင့်ဂိုးသွင်းယူခဲ့ပြီး ယူနိုက်တက်အတွက် ချေပဂိုးကို ဖရက်ဒ်
ပေးတာကနေ ရပ်ရှ်ဖို့ဒ်က ဆွဲပြေးပြီးတော့ ဂိုးသမားပိတ်ထားတဲ့
ထောင့်ကျဉ်းထဲကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ဒုတိယဂိုးက ဘာစီလိုနာနောက်ခံလူ ခွန်ဒဲလ်
ကိုယ့်ဂိုးကိုယ် သွင်းခဲ့တာဖြစ်ပြီး ဘာစီလိုနာအတွက် ချေပဂိုးကို

ရာဖင်ဟာက သွင်းယူခဲ့ပါတယ်။

ဘာစီလိုနာဘက်ကို သွင်းယူခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ဂိုးက ဒီရာသီပြိုင်ပွဲစုံမှာ

(၂၂)ဂိုးမြောက်ဖြစ်ပြီး ယူနိုက်တက်ကစားသမားဘ၀ အကောင်းဆုံး
သွင်းဂိုးမှတ်တမ်းဖြစ်တဲ့ ၂၀၁၉-၂၀ ရာသီတုန်းက ဂိုးအရေအတွက်နဲ့
တူညီသွားပါပြီ။ ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ဟာ နူးကမ့်ကွင်းမှာ ဘာစီလိုနာဘက်ကို
ဂိုးသွင်းနိုင်တဲ့ ရှားရှားပါးပါး ယူနိုက်တက်ကစားသမားတစ်ဦးအဖြစ်လည်း
မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဥရောပပြိုင်ပွဲသမိုင်းတစ်လျှောက် နူးကမ့်ကွင်းမှာ
ဘာစီလိုနာနဲ့ စုစုပေါင်း(၆)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး (၃)ပွဲသရေ၊ (၃)ပွဲရှုံးနဲ့ တစ်ခါမှ

မနိုင်ဖူးသလို အခုပွဲမတိုင်ခင် ၁၉၉၈-၉၉ ရာသီ ချန်ပီယံလိဂ်အုပ်စုပွဲတုန်းက
တစ်ပွဲသာ နူးကမ့်ကွင်းမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ (၃-၃)ဂိုးစီသရေကျခဲ့ပြီး ယူနိုက်တက်
အတွက် ဂိုးတွေကို ဒွိုက်ယော့ခ်(၂ဂိုး)၊ အန်ဒီကိုးလ်တို့က သွင်းယူခဲ့ကြတာ
ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ၂၁ ရာစုအတွင်း နူးကမ့်ကွင်းမှာ
ယူနိုက်တက်တို့ ပထမဆုံးအကြိမ် ဂိုးပြန်သွင်းနိုင်ပြီဖြစ်သလို ရပ်ရှ်ဖို့ဒ်ကလည်း
ဒွိုက်ယော့ခ်၊ အန်ဒီကိုးလ်တို့နောက်ပိုင်း နူးကမ့်မှာ ဂိုးသွင်းနိုင်တဲ့ တတိယမြောက်

ယူနိုက်တက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ

ႏူးကမ့္မွာ ဘာစီလိုနာဘက္ကို ဂိုးသြင္းႏိုင္တဲ့ တတိယေျမာက္
ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဘာစီလိုနာနဲ႔ (၂-၂)ဂိုးစီ သေရက်ခဲ့တဲ့ ယူ႐ိုပါလိဂ္ ရႈံးထြက္ Play Off
ပထမအေက်ာ့ပြဲမွာ ဘာစီလိုနာေနာက္ခံလူ မားကို႔စ္အလြန္ဆိုက
အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ယူႏိုက္တက္အတြက္ ေခ်ပဂိုးကို ဖရက္ဒ္
ေပးတာကေန ရပ္ရွ္ဖို႔ဒ္က ဆြဲေျပးၿပီးေတာ့ ဂိုးသမားပိတ္ထားတဲ့
ေထာင့္က်ဥ္းထဲကို ကန္သြင္းခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ ဒုတိယဂိုးက ဘာစီလိုနာေနာက္ခံလူ ခြန္ဒဲလ္
ကိုယ့္ဂိုးကိုယ္ သြင္းခဲ့တာျဖစ္ၿပီး ဘာစီလိုနာအတြက္ ေခ်ပဂိုးကို

ရာဖင္ဟာက သြင္းယူခဲ့ပါတယ္။

ဘာစီလိုနာဘက္ကို သြင္းယူခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ရဲ႕ဂိုးက ဒီရာသီၿပိဳင္ပြဲစုံမွာ

(၂၂)ဂိုးေျမာက္ျဖစ္ၿပီး ယူႏိုက္တက္ကစားသမားဘ၀ အေကာင္းဆုံး
သြင္းဂိုးမွတ္တမ္းျဖစ္တဲ့ ၂၀၁၉-၂၀ ရာသီတုန္းက ဂိုးအေရအတြက္နဲ႔
တူညီသြားပါၿပီ။ ဒါ့အျပင္ ရပ္ရွ္ဖို႔ဒ္ဟာ ႏူးကမ့္ကြင္းမွာ ဘာစီလိုနာဘက္ကို
ဂိုးသြင္းႏိုင္တဲ့ ရွားရွားပါးပါး ယူႏိုက္တက္ကစားသမားတစ္ဦးအျဖစ္လည္း
မွတ္တမ္းဝင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဥေရာပၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ႏူးကမ့္ကြင္းမွာ
ဘာစီလိုနာနဲ႔ စုစုေပါင္း(၆)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး (၃)ပြဲသေရ၊ (၃)ပြဲရႈံးနဲ႔ တစ္ခါမွ

မႏိုင္ဖူးသလို အခုပြဲမတိုင္ခင္ ၁၉၉၈-၉၉ ရာသီ ခ်န္ပီယံလိဂ္အုပ္စုပြဲတုန္းက
တစ္ပြဲသာ ႏူးကမ့္ကြင္းမွာ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

အဲဒီပြဲမွာ ဘာစီလိုနာနဲ႔ ယူႏိုက္တက္တို႔ (၃-၃)ဂိုးစီသေရက်ခဲ့ၿပီး ယူႏိုက္တက္
အတြက္ ဂိုးေတြကို ဒြိဳက္ေယာ့ခ္(၂ဂိုး)၊ အန္ဒီကိုးလ္တို႔က သြင္းယူခဲ့ၾကတာ
ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ၂၁ ရာစုအတြင္း ႏူးကမ့္ကြင္းမွာ
ယူႏိုက္တက္တို႔ ပထမဆုံးအႀကိမ္ ဂိုးျပန္သြင္းႏိုင္ၿပီျဖစ္သလို ရပ္ရွ္ဖို႔ဒ္ကလည္း
ဒြိဳက္ေယာ့ခ္၊ အန္ဒီကိုးလ္တို႔ေနာက္ပိုင္း ႏူးကမ့္မွာ ဂိုးသြင္းႏိုင္တဲ့ တတိယေျမာက္

ယူႏိုက္တက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။