နူးကမ့်ကို ရောက်ဖို့အလားအလာနည်းနေတဲ့ ဟာလန်းအစား လီဝမ်ဒေါစကီးနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ဘာကာ
ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ အမှန်တကယ်
လိုအပ်နေပါတယ်။ ကတ်တလန်အသင်းကြီးက လက်ရှိမှာ အာလင်းဟာလန်းကို
ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပြီး သူတို့က အတတ်နိုင်ဆုံး ကြိုးစားလျက်ရှိပေမယ့်
နော်ဝေတိုက်စစ်မှူးက နူးကမ့်ကို ရောက်ရှိဖို့ အလားအလာနည်းပါးလျက်ရှိပါတယ်။
ဒါကြောင့် ဟာလန်းအစား အခြားထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့
ပစ်မှတ်ထားလာပါတယ်။ Sport Italia သတင်းဌာနက ဘာကာဟာ
ရောဘတ် လီဝမ် ဒေါစကီးကို သဘောကျလျက်ရှိပြီး တိုက်စစ်မှူးနဲ့
အခြေခံသဘောတူညီမှုတောင် ရယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
နောက်ထပ် သတင်းတွေမှာဆိုရင် ဇာဗီရဲ့ အသင်းက ဘိုင်ယန်မြူးနစ်
တိုက်စစ်မှူးကြီးကို လေးနှစ်စာချုပ် ကမ်းလှမ်းဖို့ရှိတယ်လို့ ဖော်ပြထားကြပါတယ်။
ဒါကြောင့် နောက်ဆုံးကျန်ရှိနေတဲ့အပိုင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့
ဆွေးနွေးဖို့ဖြစ်ပြီး ပိုလန်လက်ရွေးစင်က လက်ရှိစာချုပ်မှာ ဘွန်ဒက်လီဂါချန်ပီယံနဲ့
(၂၀၂၃ ) ခုနှစ်ထိ သက်တမ်းကျန်ရှိနေပါသေးတယ်။ လီဝမ်ဒေါစကီးက
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘိုင်ယန်မြူးနစ်အတွက် လုံးဝ ခြေစွမ်းပြသလျက်ရှိပါတယ်။
နောက်ဆုံး ( ၃ ) ရာသီက သူ့ရဲ့ သွင်းဂိုးအရေအတွက်တွေကို ကြည့်မယ်ဆိုရင်
အံ့အောဖွယ်ရာ ( ၄၀ ) ၊ ( ၅၅ ) နှင့် ( ၄၈ ) ဂိုးတွေဖြစ်ပြီး ဒီရာသီမှာလည်း
Bavarians တို့အတွက် (၄၅) ဂိုးထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။
လက်ရှိမှာ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါ နှင့် ချန်ပီယံလိဂ်ရယူနိုင်ဖို့
ပစ်မှတ်ထားနေသလို လီဝမ်ဒေါစကီးရဲ့ သွင်းဂိုးတွေကလည်း ရပ်တန့်သွားဖို့မရှိပါဘူး။
ဘာစီလိုနာက လီဝမ်ဒေါစကီးကို ခေါယူနိုင်ခြင်းမရှိပါက အခြားသော
ရွေးချယ်မှုအနေနဲ့ လီဗာပူးလ်ရဲ့ မိုဆာလာကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
zawgyi