နူအာကို ပိုက်ဆံအိတ်ပြန်ပေးလို့ ကျေးဇူးဆပ်ပုံက ရယ်စရာပဲဆိုတဲ့ တက္ကစီဆရာ

ဂျာမနီမှာ တစ်စုံတစ်ယောက် ပစ္စည်းပျောက်ခဲ့ရင် ရှာတွေ့တဲ့သူကို ပစ္စည်းရဲ့ရာခိုင်နှုန်းပေးရမယ်လို့ ဥပဒေပြဌန်းထားပါတယ်။ ယူရို ၅၀၀ အထိ ၅ ရာခိုင်နှုန်းပေးရမှာဖြစ်ပြီး

ကျော်သွားရင်တော့ နောက်ထပ် ၃ ရာခိုင်နှုန်းပေးရမှာပါ။ ဒါကြောင့် ဟာဇီယာဆိုတဲ့ တက္ကစီဆရာ တင်းနေတာပေါ့။ ပိုက်ဆံလိုချင်လို့တော့ မဟုတ်ပါဘူး။

ထိုက်တန်တဲ့အသိအမှတ်ပြုမှုလေးတောင် မရလို့ပါ။ ဟာဇီယာဟာ ဘိုင်ယန်မြူးနစ်ဂိုးသမားနူအာနဲ့ သူငယ်ချင်းတစ်ယောက်ကို Odeonsplatz မြို့ကနေ Lehel မြို့ကို လိုက်ပို့ပေးခဲ့ရပါတယ်။

နူအာမှန်း သူသိပေမယ့် ဒီအတိုင်းလေးပဲနေခဲ့ပါတယ်။ အလုပ်နားချိန် ကားကိုသန့်ရှင်းရေးလုပ်တော့မှ နူအာရဲ့ပိုက်ဆံအိတ်ကျန်နေတာကို တွေ့ခဲ့တာပါ။ ဂျာမန်ဂိုးသမားရဲ့လိပ်စာကတ်၊ ယူရို ၈၀၀၊

ပလက်တီနမ်ဗီဇာကတ်နဲ့ မာစတာကတ်တွေလည်း အိတ်ထဲမှာရှိနေပါတယ်။ ဒါကြောင့် လိပ်စာအတိုင်း Tegernsee မြို့ကိုခရီးနှင်ခဲ့ပြီး နူအာဆီ ပြန်ပေးခဲ့ပါတယ်။

ဘိုင်ယန်ဂိုးသမားကလည်း ဟာဇီယာကို ကျေးဇူးတုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုက်ဆံအိတ်ပြန်ရပြီး ၂ ပတ်အကြာမှပါ။ သူ့နာမည်ပါတဲ့ ဘိုင်ယန်မြူးနစ်အင်္ကျီကို လက်ဆောင်ပို့လိုက်တာပါ။

ကျေးဇူးတင်ကြောင်း မပါသလို လက်မှတ်နဲ့တခြားအမှတ်တရတွေလည်း မပါပါဘူး။ ၇၅ မိုင်လောက်ခရီးနှင်၊ ယူရို ၄၀၀ လောက်အကုန်ခံပြီး ပိုက်ဆံအိတ်ပြန်ပေးခဲ့သူတစ်ယောက်အတွက်တော့

အတော်လေး စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဂျာစီတန်ဖိုးက ယူရို ၁၀၀ ဆိုတော့ ဥပဒေအရ သူရပိုင်ခွင့်ရှိတဲ့ ၃၄ ယူရိုထက်များနေပေမယ့် အချိန်ကုန်လူပန်းဖြစ်ခဲ့ရတာနဲ့ယှဉ်ရင် စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။

ဒါကြောင့် ပိုင်ရှင်ကိုရှာပြီးပြန်ပေးသူအတွက် အဖိုးအခက ရယ်စရာဖြစ်နေသလို ကလေး ၄ ယောက်ရှိတဲ့ သူ့အတွက် ဒီဂျာစီတစ်ထည်က ဘာမှအသုံးမဝင်ပါဘူးလို့ ဟာဇီယာက Sky Germany သတင်းဌာနကို ရင်ဖွင့်သွားခဲ့ပါတယ်။

(zawgyi)

ဂ်ာမနီမွာ တစ္စုံတစ္ေယာက္ ပစၥည္းေပ်ာက္ခဲ့ရင္ ရွာေတြ႕တဲ့သူကို ပစၥည္းရဲ႕ရာခိုင္ႏႈန္းေပးရမယ္လို႔ ဥပေဒျပဌန္းထားပါတယ္။ ယူ႐ို ၅၀၀ အထိ ၅ ရာခိုင္ႏႈန္းေပးရမွာျဖစ္ၿပီး ေက်ာ္သြားရင္ေတာ့ ေနာက္ထပ္ ၃ ရာခိုင္ႏႈန္းေပးရမွာပါ။

ဒါေၾကာင့္ ဟာဇီယာဆိုတဲ့ တကၠစီဆရာ တင္းေနတာေပါ့။ ပိုက္ဆံလိုခ်င္လို႔ေတာ့ မဟုတ္ပါဘူး။ ထိုက္တန္တဲ့အသိအမွတ္ျပဳမႈေလးေတာင္ မရလို႔ပါ။ ဟာဇီယာဟာ ဘိုင္ယန္ျမဴးနစ္ဂိုးသမားႏူအာနဲ႔

သူငယ္ခ်င္းတစ္ေယာက္ကို Odeonsplatz ၿမိဳ႕ကေန Lehel ၿမိဳ႕ကို လိုက္ပို႔ေပးခဲ့ရပါတယ္။ ႏူအာမွန္း သူသိေပမယ့္ ဒီအတိုင္းေလးပဲေနခဲ့ပါတယ္။ အလုပ္နားခ်ိန္ ကားကိုသန႔္ရွင္းေရးလုပ္ေတာ့မွ

ႏူအာရဲ႕ပိုက္ဆံအိတ္က်န္ေနတာကို ေတြ႕ခဲ့တာပါ။ ဂ်ာမန္ဂိုးသမားရဲ႕လိပ္စာကတ္၊ ယူ႐ို ၈၀၀၊ ပလက္တီနမ္ဗီဇာကတ္နဲ႔ မာစတာကတ္ေတြလည္း အိတ္ထဲမွာရွိေနပါတယ္။

ဒါေၾကာင့္ လိပ္စာအတိုင္း Tegernsee ၿမိဳ႕ကိုခရီးႏွင္ခဲ့ၿပီး ႏူအာဆီ ျပန္ေပးခဲ့ပါတယ္။ ဘိုင္ယန္ဂိုးသမားကလည္း ဟာဇီယာကို ေက်းဇူးတုံ႔ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ ပိုက္ဆံအိတ္ျပန္ရၿပီး ၂ ပတ္အၾကာမွပါ။

သူ႔နာမည္ပါတဲ့ ဘိုင္ယန္ျမဴးနစ္အက်ႌကို လက္ေဆာင္ပို႔လိုက္တာပါ။ ေက်းဇူးတင္ေၾကာင္း မပါသလို လက္မွတ္နဲ႔တျခားအမွတ္တရေတြလည္း မပါပါဘူး။ ၇၅ မိုင္ေလာက္ခရီးႏွင္၊ ယူ႐ို ၄၀၀ ေလာက္အကုန္ခံၿပီး

ပိုက္ဆံအိတ္ျပန္ေပးခဲ့သူတစ္ေယာက္အတြက္ေတာ့ အေတာ္ေလး စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။ ဂ်ာစီတန္ဖိုးက ယူ႐ို ၁၀၀ ဆိုေတာ့ ဥပေဒအရ သူရပိုင္ခြင့္ရွိတဲ့ ၃၄ ယူ႐ိုထက္မ်ားေနေပမယ့္ အခ်ိန္ကုန္လူပန္းျဖစ္ခဲ့ရတာနဲ႔ယွဥ္ရင္ စိတ္ပ်က္စရာျဖစ္ခဲ့ရတာပါ။

ဒါေၾကာင့္ ပိုင္ရွင္ကိုရွာၿပီးျပန္ေပးသူအတြက္ အဖိုးအခက ရယ္စရာျဖစ္ေနသလို ကေလး ၄ ေယာက္ရွိတဲ့ သူ႔အတြက္ ဒီဂ်ာစီတစ္ထည္က ဘာမွအသုံးမဝင္ပါဘူးလို႔ ဟာဇီယာက Sky Germany သတင္းဌာနကို ရင္ဖြင့္သြားခဲ့ပါတယ္။