နူနက်ဇ်နဲ့ပြဿနာကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့အတွက် အန်ဒါဆန် အကူအညီတောင်း

လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ဖြစ်ခဲ့တဲ့ ပြဿနာကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့ ပဲလေ့စ်နောက်ခံလူ အန်ဒါဆန်က ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်ကနေ ခြိမ်းခြောက်တဲ့မက်ဆေ့ချ်ပေါင်း ၄၀၀ ဝန်းကျင်အထိရရှိခဲ့တဲ့အပေါ် ပရီးမီးယားလိဂ်အနေနဲ့ လက်ပိုက်ကြည့်မနေဖို့လည်း ဒိန်းမတ်နောက်ခံလူက တောင်းဆိုလိုက်ပါတယ်။

“ ပွဲပြီးတဲ့ညမှာတင် ရောက်လာတဲ့မက်ဆေ့ချ်တွေက ၃၀၀ ကနေ ၄၀၀ ကြားရှိနိုင်ပါတယ်။ ခင်ဗျားတို့အသင်းကို ခင်ဗျားတို့အားပေးတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ လေးစားမှုလေးတော့ ရှိသင့်ပါတယ်။

အခုလို လုပ်နေကြတာတွေကို ရပ်ကြပါတော့ ” လို့ အန်ဒါဆန်က အင်စတာဂရမ်မှာ ရေးသားထားပါတယ်။ နူနက်ဇ်ဟာ ပဲလေ့စ်နောက်ခံလူကို ခေါင်းနဲ့ဆောင့်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်အပြခံခဲ့ရတာဖြစ်ပေမယ့်

အန်ဒါဆန်က ဒီလိုဖြစ်ဖို့ တမင်ဆွပေးခဲ့တာဖြစ်သလို လက်သည်တရားခံလည်းဖြစ်တယ်လို့ လီဗာပူးလ်ပရိသတ်အချို့က ယူဆထားပုံရပါတယ်။ ဒါပေမဲ့ အန်ဒါဆန်ဟာ အဲဒီပွဲမှာ သူ့ရဲ့တာဝန်နဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ပြီးသားပါ။

“ သူ့ကို ကျွန်တော် လူကပ်ကစားခဲ့ရတာမှန်ပါတယ်။ သူ့ကို စိတ်လှုပ်ရှားအောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖြတ်တင်ဘောတစ်ကြိမ်မှာ ကျွန်တော့်ကို သူ ခေါင်းနဲ့တိုက်ခဲ့ပြီးပါပြီ။ ကျွန်တော် သူ့ကို သတိပေးခဲ့ပါသေးတယ်။

ကျွန်တော်လည် ဒေါသထွက်တာပေါ့။ ဒါကို သူက နောက်တစ်ကြိမ် လုပ်ခဲ့တာပါ။ တကယ် ရိုင်းပါတယ်။ ဒါက အနီကတ်ဆိုတာလည်း ရှင်းပါတယ် ” လို့ ပြောခဲ့တာပါ။ အခုတော့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေသာမက အင်စတာဂရမ်အဖွဲ့ပါ အခုလိုခြိမ်းခြောက်မှုတွေကို အရေးယူပေးဖို့ အန်ဒါဆန် တောင်းဆိုနေရပါပြီ။

(zawgyi)

လီဗာပူးလ္တိုက္စစ္မႉး ဒါဝင္ႏူနက္ဇ္နဲ႔ျဖစ္ခဲ့တဲ့ ျပႆနာေၾကာင့္ အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈေတြ ခံေနရတယ္လို႔ ပဲေလ့စ္ေနာက္ခံလူ အန္ဒါဆန္က ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။

ဆိုရွယ္မီဒီယာေပၚကေန ၿခိမ္းေျခာက္တဲ့မက္ေဆ့ခ်္ေပါင္း ၄၀၀ ဝန္းက်င္အထိရရွိခဲ့တဲ့အေပၚ ပရီးမီးယားလိဂ္အေနနဲ႔ လက္ပိုက္ၾကည့္မေနဖို႔လည္း ဒိန္းမတ္ေနာက္ခံလူက ေတာင္းဆိုလိုက္ပါတယ္။

“ ပြဲၿပီးတဲ့ညမွာတင္ ေရာက္လာတဲ့မက္ေဆ့ခ်္ေတြက ၃၀၀ ကေန ၄၀၀ ၾကားရွိႏိုင္ပါတယ္။ ခင္ဗ်ားတို႔အသင္းကို ခင္ဗ်ားတို႔အားေပးတာ ကြၽန္ေတာ္နားလည္ပါတယ္။ ဒါေပမဲ့ ေလးစားမႈေလးေတာ့ ရွိသင့္ပါတယ္။

အခုလို လုပ္ေနၾကတာေတြကို ရပ္ၾကပါေတာ့ ” လို႔ အန္ဒါဆန္က အင္စတာဂရမ္မွာ ေရးသားထားပါတယ္။ ႏူနက္ဇ္ဟာ ပဲေလ့စ္ေနာက္ခံလူကို ေခါင္းနဲ႔ေဆာင့္ခဲ့တာေၾကာင့္ တိုက္႐ိုက္အနီကတ္အျပခံခဲ့ရတာျဖစ္ေပမယ့္

အန္ဒါဆန္က ဒီလိုျဖစ္ဖို႔ တမင္ဆြေပးခဲ့တာျဖစ္သလို လက္သည္တရားခံလည္းျဖစ္တယ္လို႔ လီဗာပူးလ္ပရိသတ္အခ်ိဳ႕က ယူဆထားပုံရပါတယ္။ ဒါေပမဲ့ အန္ဒါဆန္ဟာ အဲဒီပြဲမွာ သူ႔ရဲ႕တာဝန္နဲ႔ပတ္သက္ၿပီး ရွင္းလင္းခဲ့ၿပီးသားပါ။

“ သူ႔ကို ကြၽန္ေတာ္ လူကပ္ကစားခဲ့ရတာမွန္ပါတယ္။ သူ႔ကို စိတ္လႈပ္ရွားေအာင္လည္း လုပ္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ျဖတ္တင္ေဘာတစ္ႀကိမ္မွာ ကြၽန္ေတာ့္ကို သူ ေခါင္းနဲ႔တိုက္ခဲ့ၿပီးပါၿပီ။ ကြၽန္ေတာ္ သူ႔ကို သတိေပးခဲ့ပါေသးတယ္။

ကၽြန္ေတာ္လည္ ေဒါသထြက္တာေပါ့။ ဒါကို သူက ေနာက္တစ္ႀကိမ္ လုပ္ခဲ့တာပါ။ တကယ္ ရိုင္းပါတယ္။ ဒါက အနီကတ္ဆိုတာလည္း ရွင္းပါတယ္ ” လို႔ ေျပာခဲ့တာပါ။ အခုေတာ့ ပရီးမီးယားလိဂ္တာ၀န္ရွိသူေတြသာမက အင္စတာဂရမ္အဖြဲ႔ပါ အခုလိုၿခိမ္းေျခာက္မႈေတြကို အေရးယူေပးဖို႔ အန္ဒါဆန္ ေတာင္းဆိုေနရပါၿပီ။