
ပေါ်တူဂီလက်ရွေးစင်အသင်းကတော့ အဓိကနောက်ခံလူတွေမပါဝင်နိုင်ပေမယ့်
တူရကီကို ၃-၁ ရလဒ်နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
နောက်တစ်ဆင့်မှာတော့ အီတလီကိုအနိုင်ယူကျော်ဖြတ်လာတဲ့
မြောက်မက်ဆီဒိုးနီးယားနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး အနိုင်ရရင်တော့ ကမ္ဘာ့ဖလား
ပြိုင်ပွဲကို ဝင်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ တူရကီကိုအနိုင်ရတဲ့ပွဲမှာ
ရော်နယ်ဒိုကြောင့် အသင်းဖော်တွေ သက်တောင့်သက်သာနဲ့
ကစားနိုင်ခဲ့တာလို့ ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်က ပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာသွင်းဂိုးအများဆုံးအဖြစ်ရပ်တည်နေတဲ့ ရော်နယ်ဒိုဟာ
မနေ့ကပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး
အသင်းခေါင်းဆောင်အဖြစ်နဲ့ ဦးဆောင်ကစားခဲ့တာဖြစ်ပါတယ်။
“တူရကီနဲ့ပွဲမှာ ကျွန်တော့် ဗျူဟာအလုပ်ဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တူရကီကို တော်တော်လေးအခက်တွေ့စေခဲ့တယ်။
သူက နေရာလွတ်တွေရအောင် ကစားပေးခဲ့လို့ တခြားကစားသမားတွေက
ဂိုးတွေသက်တောင့်သက်သာနဲ့ သွင်းနိုင်ခဲ့တာလေ။
ရော်နယ်ဒိုက ကြီးကျယ်ခမ်းနားတဲ့ပွဲကို ကစားခဲ့တာပါ”
“ကျွန်တော်တို့ မြောက်မက်ဆီဒိုးနီးယားအပေါ် လေးစားမှုပြသဖို့လိုပါတယ်။
ဒီပွဲမတိုင်ခင်မှာ ကျွန်တော်တို့ သူတို့နဲ့ကစားရနိုင်တယ်လို့ ပြောဖူးတယ်၊
ဒီပွဲက ဟာသမဟုတ်ဘူး၊ ဗိုလ်လုပွဲဖြစ်ပြီး ဘာမဆိုဖြစ်သွားနိုင်ပါတယ်” လို့
ဆန်းတို့စ်က ပြောဆိုခဲ့ပါတယ်။
zawgyi
ႏုိင္ငံအသင္းအတြက္ ဂုိးမသြင္းႏုိင္ခဲ့ေပမယ့္ နည္းျပရဲ႕ ခ်ီးက်ဴးမႈကုိ ခံခဲ့ရတဲ့ ေရာ္နယ္ဒုိ
ေပၚတူဂီလက္ေ႐ြးစင္အသင္းကေတာ့ အဓိကေနာက္ခံလူေတြမပါဝင္ႏိုင္ေပမယ့္
တူရကီကို ၃-၁ ရလဒ္နဲ႔ အႏိုင္ယူၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။
ေနာက္တစ္ဆင့္မွာေတာ့ အီတလီကိုအႏိုင္ယူေက်ာ္ျဖတ္လာတဲ့
ေျမာက္မက္ဆီဒိုးနီးယားနဲ႔ ဆုံေတြ႕ရမွာျဖစ္ၿပီး အႏိုင္ရရင္ေတာ့ ကမာၻ႔ဖလား
ၿပိဳင္ပြဲကို ဝင္ကစားခြင့္ရရွိမွာျဖစ္ပါတယ္။ တူရကီကိုအႏိုင္ရတဲ့ပြဲမွာ
ေရာ္နယ္ဒိုေၾကာင့္ အသင္းေဖာ္ေတြ သက္ေတာင့္သက္သာနဲ႔
ကစားႏိုင္ခဲ့တာလို႔ ေပၚတူဂီနည္းျပဖာနန္ဒိုဆန္းတို႔စ္က ေျပာဆိုလိုက္ပါတယ္။
ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးအျဖစ္ရပ္တည္ေနတဲ့ ေရာ္နယ္ဒိုဟာ
မေန႔ကပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ၿပီး
အသင္းေခါင္းေဆာင္အျဖစ္နဲ႔ ဦးေဆာင္ကစားခဲ့တာျဖစ္ပါတယ္။
“တူရကီနဲ႔ပြဲမွာ ကြၽန္ေတာ့္ ဗ်ဴဟာအလုပ္ျဖစ္ခဲ့ပါတယ္။
ေရာ္နယ္ဒို ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ တူရကီကို ေတာ္ေတာ္ေလးအခက္ေတြ႕ေစခဲ့တယ္။
သူက ေနရာလြတ္ေတြရေအာင္ ကစားေပးခဲ့လို႔ တျခားကစားသမားေတြက
ဂိုးေတြသက္ေတာင့္သက္သာနဲ႔ သြင္းႏိုင္ခဲ့တာေလ။
ေရာ္နယ္ဒိုက ႀကီးက်ယ္ခမ္းနားတဲ့ပြဲကို ကစားခဲ့တာပါ”
“ကြၽန္ေတာ္တို႔ ေျမာက္မက္ဆီဒိုးနီးယားအေပၚ ေလးစားမႈျပသဖို႔လိုပါတယ္။
ဒီပြဲမတိုင္ခင္မွာ ကြၽန္ေတာ္တို႔ သူတို႔နဲ႔ကစားရႏိုင္တယ္လို႔ ေျပာဖူးတယ္၊
ဒီပြဲက ဟာသမဟုတ္ဘူး၊ ဗိုလ္လုပြဲျဖစ္ၿပီး ဘာမဆိုျဖစ္သြားႏိုင္ပါတယ္” လို႔
ဆန္းတို႔စ္က ေျပာဆိုခဲ့ပါတယ္။
Leave a Reply