
ပရီးမီးယားလိဂ်နာမည်ကျော်ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ မိုက်ဒင်းက
ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးအဖြစ် စတင်ဆောင်ရွက်ခဲ့ချိန်က ရွိုင်ကိန်း၊
ဗီအဲရာတို့လို နာမည်ကျော်ကစားသမားတွေကို အပြစ်ပေးအရေးယူဖို့
ကြောက်ရွံ့စိုးရိမ်စိတ်ဖြစ်မိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အသက်(၅၃)နှစ်အရွယ်ရှိပြီဖြစ်သူမိုက်ဒင်းဟာ ၂၀၀၀ ခုနှစ်ကစတင်လို့
ပရီးမီးယားလိဂ်မှာကိုင်တွယ်ခွင့်ရခဲ့ပြီး (၂၂)နှစ်ကြာတာဝန်ထမ်းဆောင်ပြီးတဲ့နောက်
ဒီရာသီကုန်ကျရင် ဒိုင်လူကြီးအဖြစ်က အနားယူမှာဖြစ်ပါတယ်။
မိုက်ဒင်းရဲ့ ဒိုင်လူကြီးဘဝတစ်လျှောက် နာမည်ကျော်ဘောလုံးသမားတွေနဲ့
ဆုံတွေ့ခဲ့ဖူးပြီး ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးစလုပ်တဲ့အချိန်တုန်းက
ရွိုင်ကိန်း၊ ဗီအဲရာတို့ဟာ လျှမ်းလျှမ်းတောက်နာမည်ကျော်နေတဲ့
အချိန်လည်းဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ မိုက်ဒင်းက
“၂၀၀၀ ခုနှစ်မှာ ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖြစ် စတင်တာဝန်ယူခဲ့ရပြီး
အဲဒီအချိန်က ကျွန်တော့်အသက်ဟာ (၃၁၊ ၃၂)လောက်ပဲရှိသေးပါတယ်။
အဲဒီအချိန်မှာ ရွိုင်ကိန်း၊ ဗီအဲရာတို့အပါအဝင် တကယ့်ထိတ်ထိတ်ကြဲ
ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့တာပါ။ Football League အဆင့်ကနေ
ပရီးမီးယားလိဂ်လိုပြိုင်ပွဲကြီးမှာ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ခွင့်ရခဲ့ပြီး
နာမည်ကျော်ဘောလုံးသမားတွေကို ထိန်းချုပ်ကိုင်တွယ်ရတာဖြစ်လို့
ကျွန်တော့်အတွက် ကြီးမားတဲ့အပြောင်းအလဲဖြစ်သလို
သူတို့ကိုလည်း ရှိန်နေတာကြောင့် အဲဒီကစားသမားတွေကို အရေးယူတဲ့အခါ
ကျွန်တော်စိုးရိမ်ကြောက်လန့်ခဲ့တာ အမှန်ပါပဲ”လို့ပြောကြားခဲ့ပါတယ်။
zawgyi
နာမည္ေက်ာ္ မုိက္ဒင္းကေတာင္ အျပစ္ေပးဖို႔ ေၾကာက္ရြံ႕ထိတ္လန္႔ခဲ့တဲ့ ကစားသမားႏွစ္ေယာက္
ပရီးမီးယားလိဂ္နာမည္ေက်ာ္ဒိုင္လူႀကီးတစ္ဦးျဖစ္တဲ့ မိုက္ဒင္းက
ပရီးမီးယားလိဂ္မွာ ဒိုင္လူႀကီးအျဖစ္ စတင္ေဆာင္႐ြက္ခဲ့ခ်ိန္က ႐ြိဳင္ကိန္း၊
ဗီအဲရာတို႔လို နာမည္ေက်ာ္ကစားသမားေတြကို အျပစ္ေပးအေရးယူဖို႔
ေၾကာက္႐ြံ႕စိုးရိမ္စိတ္ျဖစ္မိတယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။
အသက္(၅၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူမိုက္ဒင္းဟာ ၂၀၀၀ ခုႏွစ္ကစတင္လို႔
ပရီးမီးယားလိဂ္မွာကိုင္တြယ္ခြင့္ရခဲ့ၿပီး (၂၂)ႏွစ္ၾကာတာဝန္ထမ္းေဆာင္ၿပီးတဲ့ေနာက္
ဒီရာသီကုန္က်ရင္ ဒိုင္လူႀကီးအျဖစ္က အနားယူမွာျဖစ္ပါတယ္။
မိုက္ဒင္းရဲ႕ ဒိုင္လူႀကီးဘဝတစ္ေလွ်ာက္ နာမည္ေက်ာ္ေဘာလုံးသမားေတြနဲ႔
ဆုံေတြ႕ခဲ့ဖူးၿပီး ပရီးမီးယားလိဂ္မွာ ဒိုင္လူႀကီးစလုပ္တဲ့အခ်ိန္တုန္းက
႐ြိဳင္ကိန္း၊ ဗီအဲရာတို႔ဟာ လွ်မ္းလွ်မ္းေတာက္နာမည္ေက်ာ္ေနတဲ့
အခ်ိန္လည္းျဖစ္ပါတယ္။ အဲဒါနဲ႔ပတ္သက္လို႔ မိုက္ဒင္းက
“၂၀၀၀ ခုႏွစ္မွာ ပရီးမီးယားလိဂ္ဒိုင္လူႀကီးအျဖစ္ စတင္တာဝန္ယူခဲ့ရၿပီး
အဲဒီအခ်ိန္က ကြၽန္ေတာ့္အသက္ဟာ (၃၁၊ ၃၂)ေလာက္ပဲရွိေသးပါတယ္။
အဲဒီအခ်ိန္မွာ ႐ြိဳင္ကိန္း၊ ဗီအဲရာတို႔အပါအဝင္ တကယ့္ထိတ္ထိတ္ႀကဲ
ကစားသမားေတြနဲ႔ ရင္ဆိုင္ခဲ့တာပါ။ Football League အဆင့္ကေန
ပရီးမီးယားလိဂ္လိုၿပိဳင္ပြဲႀကီးမွာ ဒိုင္လူႀကီးအျဖစ္ေဆာင္႐ြက္ခြင့္ရခဲ့ၿပီး
နာမည္ေက်ာ္ေဘာလုံးသမားေတြကို ထိန္းခ်ဳပ္ကိုင္တြယ္ရတာျဖစ္လို႔
ကြၽန္ေတာ့္အတြက္ ႀကီးမားတဲ့အေျပာင္းအလဲျဖစ္သလို
သူတို႔ကိုလည္း ရွိန္ေနတာေၾကာင့္ အဲဒီကစားသမားေတြကို အေရးယူတဲ့အခါ
ကြၽန္ေတာ္စိုးရိမ္ေၾကာက္လန႔္ခဲ့တာ အမွန္ပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။
Leave a Reply