
မန်ယူတိုက်စစ်မှူးရော်နယ်ဒိုဟာ စီးရီးအေကလပ်နာပိုလီမှာ ဂန္ထဝင်တိုက်စစ်မှူးကြီး မာရာဒိုနာရဲ့ပုံရိပ်ကို ဆက်ခံဖွယ်ရှိနေတယ်လို့ စပိန်သတင်းစာ AS က ဖေါ်ပြလာပါတယ်။
ပေါ်တူဂီသားရဲ့အေးဂျင့် ဂျော့မန်ဒက်စ်က သူ့ကစားသမားကိုခေါ်ယူဖို့ နာပိုလီကို ကမ်းလှမ်းလိုက်တဲ့နောက် အခုလိုသတင်းထွက်လာတာပါ။ ဂျော့မန်ဒက်စ်ဟာ ချဲလ်ဆီး၊
ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကိုအသင်းတွေဆီ ရော်နယ်ဒိုကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ချဲလ်ဆီးနည်းပြတူချယ်က မန်ယူတိုက်စစ်မှူးကို မခေါ်ချင်သလို
ဘိုင်ယန်မြူးနစ်ကလည်း ငြင်းဆန်ခဲ့ပါတယ်။ အက်သလက်တီကိုပရိသတ်တွေကတော့ ရီးရဲလ်တိုက်စစ်မှူးဟောင်းကို ခါးခါးသီးသီးဖြစ်နေကြတာပါ။ ရော်နယ်ဒိုအတွက်ကလည်း
ချန်ပီယံလိဂ်ကစားခွင့်ရမယ့် အသင်းတစ်သင်းဆီထွက်ခွာဖို့ ဆုံးဖြတ်ချက်ကိုမပြင်ချင်တာကြောင့် မန်ယူနဲ့စာချုပ်ဖျက်သိမ်းဖို့အထိ စီစဉ်နေပါတယ်။ နာပိုလီကတော့ ပြိုင်ဘက်ဂျူဗင်တပ်မှာ ၃ နှစ်ကြာ
ကစားခဲ့ဖူးတဲ့ပေါ်တူဂီသားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ တနည်းအားဖြင့် နေပယ်လ်မှာ ဂန္ထဝင်မာရာဒိုနာရဲ့ပုံရိပ်ကို ဆက်ခံမယ့်သူဖြစ်ချင်နေတာပါ။
နာပိုလီဥက္ကဌဒီလော်ရန်တစ်နဲ့ ဂျော့မန်ဒက်စ်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတာကလည်း အလုပ်ဖြစ်သွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
သူတို့ရဲ့ပစ်မှတ် ဒိုင်ဘာလာကို ရိုးမားကသုတ်သွားတဲ့နောက် နာမည်ကျော်ကစားသမားခေါ်ယူမှုအတွက် နာပိုလီမှာ လုံလောက်တဲ့ငွေကြေးအင်အားလည်း ရှိနေတယ်လို့ ရေးသားထားတာပါ။
(zawgyi)
မန္ယူတိုက္စစ္မႉးေရာ္နယ္ဒိုဟာ စီးရီးေအကလပ္နာပိုလီမွာ ဂႏၴဝင္တိုက္စစ္မႉးႀကီး မာရာဒိုနာရဲ႕ပုံရိပ္ကို ဆက္ခံဖြယ္ရွိေနတယ္လို႔ စပိန္သတင္းစာ AS က ေဖၚျပလာပါတယ္။
ေပၚတူဂီသားရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္က သူ႔ကစားသမားကိုေခၚယူဖို႔ နာပိုလီကို ကမ္းလွမ္းလိုက္တဲ့ေနာက္ အခုလိုသတင္းထြက္လာတာပါ။ ေဂ်ာ့မန္ဒက္စ္ဟာ ခ်ဲလ္ဆီး၊ ဘိုင္ယန္ျမဴးနစ္နဲ႔
အက္သလက္တီကိုအသင္းေတြဆီ ေရာ္နယ္ဒိုကိုေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ အဆင္မေျပခဲ့ပါဘူး။ ခ်ဲလ္ဆီးနည္းျပတူခ်ယ္က မန္ယူတိုက္စစ္မႉးကို မေခၚခ်င္သလို ဘိုင္ယန္ျမဴးနစ္ကလည္း
ျငင္းဆန္ခဲ့ပါတယ္။ အက္သလက္တီကိုပရိသတ္ေတြကေတာ့ ရီးရဲလ္တိုက္စစ္မႉးေဟာင္းကို ခါးခါးသီးသီးျဖစ္ေနၾကတာပါ။ ေရာ္နယ္ဒိုအတြက္ကလည္း ခ်န္ပီယံလိဂ္ကစားခြင့္ရမယ့္
အသင္းတစ္သင္းဆီထြက္ခြာဖို႔ ဆုံးျဖတ္ခ်က္ကိုမျပင္ခ်င္တာေၾကာင့္ မန္ယူနဲ႔စာခ်ဳပ္ဖ်က္သိမ္းဖို႔အထိ စီစဥ္ေနပါတယ္။ နာပိုလီကေတာ့ ၿပိဳင္ဘက္ဂ်ဴဗင္တပ္မွာ ၃ ႏွစ္ၾကာ ကစားခဲ့ဖူးတဲ့ေပၚတူဂီသားကို
စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ တနည္းအားျဖင့္ ေနပယ္လ္မွာ ဂႏၴဝင္မာရာဒိုနာရဲ႕ပုံရိပ္ကို ဆက္ခံမယ့္သူျဖစ္ခ်င္ေနတာပါ။ နာပိုလီဥကၠဌဒီေလာ္ရန္တစ္နဲ႔ ေဂ်ာ့မန္ဒက္စ္ၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိေနတာကလည္း အလုပ္ျဖစ္သြားႏိုင္တယ္လို႔
သုံးသပ္ေနၾကပါတယ္။ သူတို႔ရဲ႕ပစ္မွတ္ ဒိုင္ဘာလာကို ႐ိုးမားကသုတ္သြားတဲ့ေနာက္ နာမည္ေက်ာ္ကစားသမားေခၚယူမႈအတြက္ နာပိုလီမွာ လုံေလာက္တဲ့ေငြေၾကးအင္အားလည္း ရွိေနတယ္လို႔ ေရးသားထားတာပါ။