နာပိုလီပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ကိုရီးယားနောက်ခံလူကင်မင်ဂျေ့ရဲ့ အိုပါဂမ်နမ်းစတိုင်

နာပိုလီပရိသတ်တွေကတော့ သူတို့ရဲ့နောက်ခံလူသစ် ကင်မင်ဂျေ့ကို အတော်လေး သဘောကျနေကြပါတယ်။ တနည်းအားဖြင့် တောင်ကိုရီးယားသားဟာ

နေပယ်လ်မြို့ခံပရိသတ်တွေ ရင်ထဲကို ခပ်မြန်မြန်ပဲ ဝင်ရောက်နိုင်ခဲ့တာပါ။ ဖီနာဘာချီကနေ ယူရို သန်း ၂၀ နဲ့ရောက်လာတဲ့ ကင်ဟာ အာရှသားတွေထဲမှာ

ပြောင်းရွှေ့ကြေးအမြင့်မားဆုံး နောက်ခံလူဖြစ်လာခဲ့ပါတယ်။ ၃ နှစ်စာချုပ်နဲ့ရောက်လာတဲ့ ဒီနောက်ခံလူသစ်ကို ပရိသတ်နဲ့တရားဝင်မိတ်ဆက်ပွဲတောင် မလုပ်ရသေးပါဘူး။

ဒါပေမဲ့ အသင်းရဲ့ထမင်းစားခန်းမှာ လူသစ်တစ်ယောက်အဖြစ်မိတ်ဆက်တော့ သူတင်သွင်းလိုက်တဲ့ အိုပါဂမ်နမ်းစတိုင်ကြောင့် အားလုံးပွဲကျသွားခဲ့ရပါတယ်။

၂၀၁၂ တုန်းက တစ်ကမ္ဘာလုံးကိုဖမ်းစားနိုင်ခဲ့တဲ့ သီချင်းကိုသီဆိုရုံသာမက တောင်ကိုရီးယားအဆိုကျော် ပီအက်စ်ဝိုင်လိုပဲ မြင်းစီးတဲ့ပုံစံနဲ့ စိတ်ပါလက်ပါ ကပြဖျော်ဖြေခဲ့တာပါ။

အွန်လိုင်းမှာ ဒီဗွီဒီယိုဖိုင်ပျံ့နှံ့သွားတဲ့နောက် နာပိုလီပရိသတ်တွေက ချဲလ်ဆီးရောက်သွားတဲ့ သူတို့နောက်ခံလူဟောင်းကူလီဘာလေထက်တောင် ပိုကောင်းနေတယ်လို့

မှတ်ချက်ပေးနေကြပါတယ်။ အသက် ၂၅ နှစ်အရွယ် ကိုရီးယားသားဟာ အိုပါဂမ်နမ်းစတိုင်ကောင်းမှုကြောင့် နေပယ်လ်မှာ ချက်ခြင်းကြီးရေပန်းစားသွားခဲ့တာပါပဲ။

(zawgyi)

နာပိုလီပရိသတ္ေတြကေတာ့ သူတို႔ရဲ႕ေနာက္ခံလူသစ္ ကင္မင္ေဂ်႕ကို အေတာ္ေလး သေဘာက်ေနၾကပါတယ္။ တနည္းအားျဖင့္ ေတာင္ကိုရီးယားသားဟာ

ေနပယ္လ္ၿမိဳ႕ခံပရိသတ္ေတြ ရင္ထဲကို ခပ္ျမန္ျမန္ပဲ ဝင္ေရာက္ႏိုင္ခဲ့တာပါ။ ဖီနာဘာခ်ီကေန ယူ႐ို သန္း ၂၀ နဲ႔ေရာက္လာတဲ့ ကင္ဟာ အာရွသားေတြထဲမွာ

ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံး ေနာက္ခံလူျဖစ္လာခဲ့ပါတယ္။ ၃ ႏွစ္စာခ်ဳပ္နဲ႔ေရာက္လာတဲ့ ဒီေနာက္ခံလူသစ္ကို ပရိသတ္နဲ႔တရားဝင္မိတ္ဆက္ပြဲေတာင္ မလုပ္ရေသးပါဘူး။

ဒါေပမဲ့ အသင္းရဲ႕ထမင္းစားခန္းမွာ လူသစ္တစ္ေယာက္အျဖစ္မိတ္ဆက္ေတာ့ သူတင္သြင္းလိုက္တဲ့ အိုပါဂမ္နမ္းစတိုင္ေၾကာင့္ အားလုံးပြဲက်သြားခဲ့ရပါတယ္။

၂၀၁၂ တုန္းက တစ္ကမာၻလုံးကိုဖမ္းစားႏိုင္ခဲ့တဲ့ သီခ်င္းကိုသီဆို႐ုံသာမက ေတာင္ကိုရီးယားအဆိုေက်ာ္ ပီအက္စ္ဝိုင္လိုပဲ ျမင္းစီးတဲ့ပုံစံနဲ႔ စိတ္ပါလက္ပါ ကျပေဖ်ာ္ေျဖခဲ့တာပါ။

အြန္လိုင္းမွာ ဒီဗြီဒီယိုဖိုင္ပ်ံ႕ႏွံ႔သြားတဲ့ေနာက္ နာပိုလီပရိသတ္ေတြက ခ်ဲလ္ဆီးေရာက္သြားတဲ့ သူတို႔ေနာက္ခံလူေဟာင္းကူလီဘာေလထက္ေတာင္ ပိုေကာင္းေနတယ္လို႔

မွတ္ခ်က္ေပးေနၾကပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ ကိုရီးယားသားဟာ အိုပါဂမ္နမ္းစတိုင္ေကာင္းမႈေၾကာင့္ ေနပယ္လ္မွာ ခ်က္ျခင္းႀကီးေရပန္းစားသြားခဲ့တာပါပဲ။