နာပိုလီနောက်ခံလူကို စာချုပ်လျော်ကြေး ပေါင်သန်း(၄၀)ပေးပြီး ခေါ်ယူမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ခံစစ်ပိုင်း အားဖြည့်ဖို့အတွက်

နာပိုလီအသင်းရဲ့ တောင်ကိုရီးယားလက်ရွေးစင်နောက်ခံလူ ကင်မင်ဂျေးကို
စာချုပ်လျော်ကြေးပေးပြီးခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

ဒီရာသီ ယူနိုက်တက်အသင်းခံစစ်မှာ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းတို့အတွဲအဖက်က
ခြေစွမ်းပြကစားနေပေမယ့် ပရီးမီးယားလိဂ်မှာ ပေးဂိုး(၂၀)အထိရှိပြီး သူတို့ထက် ပေးဂိုး
ပိုများတာဆိုလို့ စပါး(၂၁ဂိုး)တစ်သင်းသာရှိပါတော့တယ်။

အဲဒါကြောင့် နည်းပြအဲရစ်တန်ဟက်ဟာ ကင်မင်ဂျေးကို ခေါ်ယူပြီး ခံစစ်ပိုင်းအတွက်
အားဖြည့်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ
ကင်မင်ဂျေးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ ဖီနာဘာချီကနေ နာပိုလီကို
ရောက်ရှိခဲ့ပြီး ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြကစားနေပါတယ်။

ကင်မင်ဂျေးဟာ နာပိုလီအသင်းနဲ့ (၃)နှစ်စာချုပ်,ချုပ်ဆိုခဲ့ပေမယ့် သူ့ကို ခေါ်ယူချင်တယ်ဆိုရင်
စာချုပ်လျော်ကြေး ပေါင်သန်း(၄၀)ပေးပြီး ခေါ်နိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ကင်မင်ဂျေးကို

တခြားကလပ်တွေကလည်း ပစ်မှတ်ထားနေတာကြောင့် ယူနိုက်တက်တို့ ခပ်သွက်သွက်
လှုပ်ရှားမှ ဖြစ်ပါလိမ့်မယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ခံစစ္ပိုင္း အားျဖည့္ဖို႔အတြက္
နာပိုလီအသင္းရဲ႕ ေတာင္ကိုရီးယားလက္ေ႐ြးစင္ေနာက္ခံလူ ကင္မင္ေဂ်းကို
စာခ်ဳပ္ေလ်ာ္ေၾကးေပးၿပီးေခၚယူဖို႔ ဆႏၵရွိေနပါတယ္။

ဒီရာသီ ယူႏိုက္တက္အသင္းခံစစ္မွာ လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ ဗာရန္းတို႔အတြဲအဖက္က
ေျခစြမ္းျပကစားေနေပမယ့္ ပရီးမီးယားလိဂ္မွာ ေပးဂိုး(၂၀)အထိရွိၿပီး သူတို႔ထက္ ေပးဂိုး
ပိုမ်ားတာဆိုလို႔ စပါး(၂၁ဂိုး)တစ္သင္းသာရွိပါေတာ့တယ္။

အဲဒါေၾကာင့္ နည္းျပအဲရစ္တန္ဟက္ဟာ ကင္မင္ေဂ်းကို ေခၚယူၿပီး ခံစစ္ပိုင္းအတြက္
အားျဖည့္ဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ
ကင္မင္ေဂ်းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကမွ ဖီနာဘာခ်ီကေန နာပိုလီကို

ေရာက္ရွိခဲ့ၿပီး ဒီရာသီမွာ အသင္းအတြက္ ေျခစြမ္းျပကစားေနပါတယ္။

ကင္မင္ေဂ်းဟာ နာပိုလီအသင္းနဲ႔ (၃)ႏွစ္စာခ်ဳပ္,ခ်ဳပ္ဆိုခဲ့ေပမယ့္ သူ႔ကို ေခၚယူခ်င္တယ္ဆိုရင္

စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း(၄၀)ေပးၿပီး ေခၚႏိုင္ခြင့္ရွိပါတယ္။ ဒါေပမဲ့ ကင္မင္ေဂ်းကို
တျခားကလပ္ေတြကလည္း ပစ္မွတ္ထားေနတာေၾကာင့္ ယူႏိုက္တက္တို႔ ခပ္သြက္သြက္
လႈပ္ရွားမွ ျဖစ္ပါလိမ့္မယ္။