နာပိုလီတိုက်စစ်မှူး အိုစီမန်ကို ခေါ်ချင်ရင် ယူနိုက်တက်တို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုရဖို့ရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီအသင်းအတွက်

ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ တိုက်စစ်မှူး အိုစီမန်ကို
ခေါ်ယူချင်တယ်ဆိုရင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး
အသုံးပြုရဖို့ရှိနေပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ နိုက်ဂျီးရီးယားလက်ရွေးစင်
တိုက်စစ်မှူး အိုစီမန်ဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ (၁၅)ပွဲကစား၊
(၁၃)ဂိုးအထိ သွင်းယူထားပြီး အသင်းကို အမှတ်ပေးဇယားထိပ်မှာ
ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ဒီလို ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အိုစီမန်ကို ခေါ်ယူဖို့ ယူနိုက်တက်
အပါအဝင် အာဆင်နယ်၊ နယူးကာဆယ်၊ ချယ်လ်ဆီး၊ စပါးစတဲ့

ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေက အပြိုင်စိတ်ဝင်စားနေကြပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဟာ လာမယ့်နွေရာသီကျရင်

တိုက်စစ်မှူးတစ်ဦးခေါ်ချင်နေပြီး အခုလောလောဆယ် အငှားခေါ်ထားတဲ့
ဝက်ဟော့တ်ကို ကာလတိုသာ အသုံးပြုဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းအနေနဲ့ အိုစီမန်ကို ခေါ်ချင်တယ်ဆိုရင်
ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၁၅)သန်းအထိ အသုံးပြုရဖို့
ရှိတယ်လို့ နာမည်ကျော်အားကစားဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက
သုံးသပ်ခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နာပိုလီအသင္းအတြက္
ေျခစြမ္းျပဂိုးေတြသြင္းေနတဲ့ တိုက္စစ္မႉး အိုစီမန္ကို
ေခၚယူခ်င္တယ္ဆိုရင္ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး

အသုံးျပဳရဖို႔ရွိေနပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ႏိုက္ဂ်ီးရီးယားလက္ေ႐ြးစင္

တိုက္စစ္မႉး အိုစီမန္ဟာ ဒီရာသီ စီးရီးေအၿပိဳင္ပြဲမွာ (၁၅)ပြဲကစား၊
(၁၃)ဂိုးအထိ သြင္းယူထားၿပီး အသင္းကို အမွတ္ေပးဇယားထိပ္မွာ
ရပ္တည္ႏိုင္ေအာင္ ကူညီေပးခဲ့ပါတယ္။

ဒီလို ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ အိုစီမန္ကို ေခၚယူဖို႔ ယူႏိုက္တက္
အပါအဝင္ အာဆင္နယ္၊ နယူးကာဆယ္၊ ခ်ယ္လ္ဆီး၊ စပါးစတဲ့
ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြက အၿပိဳင္စိတ္ဝင္စားေနၾကပါတယ္။

ယူႏိုက္တက္အသင္းနည္းျပ အဲရစ္တန္ဟက္ဟာ လာမယ့္ေႏြရာသီက်ရင္
တိုက္စစ္မႉးတစ္ဦးေခၚခ်င္ေနၿပီး အခုေလာေလာဆယ္ အငွားေခၚထားတဲ့
ဝက္ေဟာ့တ္ကို ကာလတိုသာ အသုံးျပဳဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

ဒါေပမဲ့ ယူႏိုက္တက္အသင္းအေနနဲ႔ အိုစီမန္ကို ေခၚခ်င္တယ္ဆိုရင္
ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၁၁၅)သန္းအထိ အသုံးျပဳရဖို႔

ရွိတယ္လို႔ နာမည္ေက်ာ္အားကစားဂ်ာနယ္လစ္ျဖစ္သူ ဖာဘရစ္ဇီယို႐ိုမာႏိုက
သုံးသပ္ခဲ့ပါတယ္။