နာပိုလီကို လျှော်ပေးဖို့ ဆာလက်ရှ်နဲ့ အလစ်ဆန်ကို နှပ်ကြောင်းပေး လိုက်တဲ့ နည်းပြစပယ်လက်တီ

ဗုဒ္ဓဟူးညမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား နှစ်ယောက်ဖြစ်တဲ့ မိုဟာမက်ဆာလက်ရှ်နဲ့ ဂိုးသမား အလစ်ဆန်တို့ရဲ့ ဂျာစီ တွေကို ရယူစုဆောင်းထားချင်တယ်လို့ နာပိုလီနည်းပြ စပယ်လက်တီက ပြောဆိုလိုက်ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အီတလီမြေကို သွားရောက်ယှဉ်ပြိုင်ရတော့မှာပါ။ ဒါကြောင့် အီတလီမြေကို တစ်ကျော့ပြန်ရောက်ရှိလာတော့မယ့် ဆာလက်ရှ်နဲ့ အလစ်ဆန်တို့ အတွက် စပယ်လက်တီက အခုလိုမျိုး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

စပယ်လက်တီဟာ ဆာလက်ရှ်နဲ့ အလစ်ဆန်တို့နှစ်ဦးစလုံးကို ရိုးမားအသင်း မှာရှိစဉ်တုန်းက နည်းပြကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါကြောင့် ရေခြားမြေ ခြားမှာ ကမ္ဘာ့အဆင့် ခြေစွမ်းကို ပြသနေတဲ့ ထိပ်တန်းကစားသမား တပည့် နှစ်ယောက်နဲ့ ပတ်သက်ပြီး

စပယ်လက်တီက ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ အခုလို ချီးမွမ်းခဲ့ပါတယ်။ ‘’ဆာလက်ရှ်နဲ့ အလစ်ဆန်တို့နှစ်ယောက်ကို ပြန်ပြီး တွေ့ရမှာ ကျေနပ်စရာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူတို့နှစ် ယောက်ကို နည်းပြခွင့်ရခဲ့တဲ့ ကံကောင်းတဲ့နည်းပြတွေထဲက

တစ်ယောက် ဖြစ်နေလို့ပါ။ ရိုးမားကနေပြီး လီဗာပူးကို အလစ်ဆန်ပြောင်းသွားတာ ကျွန် တော် သတိရမိတယ်။ သူက ဘောလုံးသမိုင်းမှာ ဈေးအကြီးဆုံး ဂိုးသမား တစ်ယောက်ဖြစ်ခဲ့တယ်။ သူ့ရဲ့ ရပ်တည်ချက်သဘောထား၊ ကိုယ်ရည်ကိုယ်သွေးနဲ့

ကစားပုံအရည်အသွေးတွေကြောင့် သူဟာ ဂိုးသမားတွေရဲ့ ဦးဆောင် သူဖြစ်နေမှာပါ။ ဆာလက်ရှ်ကျတော့ တစ်ခါမှာ ကျွန်တော်သတင်းစာရှင်း လင်းပွဲတစ်ခု လုပ်တုန်းက ပါလာမိုကို ၄-၀ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲအကြောင်း ပြခဲ့တာရှိတယ်။

သူက ဘောလုံးပြန်ရဖို့အတွက် ကျားကုတ်ကျားခဲကို လိုက်ကစားတဲ့ သူတစ်ယောက်ပါ။ နောက်ပြီး တစ်နာရီကို ကီလိုမီတာ ၂၀၀ နှုန်းလောက်နဲ့ ပြေးလိုက်နေတာပါ။ ကျွန်တော့်ရဲ့ စုဆောင်းသိမ်းဆည်းထားတဲ့ ဂျာစီတွေထဲ မှာ သူတို့နှစ်ယောက်ရဲ့ ဂျာစီတွေလည်း ရှိနေချင်ပါတယ်’’ လို့

စပယ်လက် တီက ပြောဆိုခဲ့တာပါ။ ပွဲမဝင်ခင် အပြင်ကကျင်းပဆိုတဲ့သဘောမျိုးဆောင်တဲ့ စကားတွေကို နည်းပြစပယ်လက်တီ ပြောနေပုံဟာ တပည့်ဟောင်းနှစ်ဦး အနေနဲ့ နာပိုလီကို လျှော်ပြီး ကန်ပေးဖို့ နှပ်ကြောင်းပေးနေတာလားလို့ ဆိုရမလိုဖြစ်နေပါပြီ။

(zawgyi)

ဗုဒၶဟူးညမွာ ယွဥ္ၿပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၿပိဳင္ဘက္ကစားသမား ႏွစ္ေယာက္ျဖစ္တဲ့ မိုဟာမက္ဆာလက္ရွ္နဲ႔ ဂိုးသမား အလစ္ဆန္တို႔ရဲ႕ ဂ်ာစီ ေတြကို ရယူစုေဆာင္းထားခ်င္တယ္လို႔ နာပိုလီနည္းျပ စပယ္လက္တီက ေျပာဆိုလိုက္ပါတယ္။

လီဗာပူးဟာ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ အီတလီေျမကို သြားေရာက္ယွဥ္ၿပိဳင္ရေတာ့မွာပါ။ ဒါေၾကာင့္ အီတလီေျမကို တစ္ေက်ာ့ျပန္ေရာက္ရွိလာေတာ့မယ့္ ဆာလက္ရွ္နဲ႔ အလစ္ဆန္တို႔ အတြက္ စပယ္လက္တီက အခုလိုမ်ိဳး ေျပာဆိုလိုက္တာလည္း ျဖစ္ပါတယ္။

စပယ္လက္တီဟာ ဆာလက္ရွ္နဲ႔ အလစ္ဆန္တို႔ႏွစ္ဦးစလုံးကို ႐ိုးမားအသင္း မွာရွိစဥ္တုန္းက နည္းျပကိုင္တြယ္ခဲ့ဖူးသူျဖစ္ပါတယ္။ ဒါေၾကာင့္ ေရျခားေျမ ျခားမွာ ကမာၻ႔အဆင့္ ေျခစြမ္းကို ျပသေနတဲ့ ထိပ္တန္းကစားသမား တပည့္ ႏွစ္ေယာက္နဲ႔ ပတ္သက္ၿပီး

စပယ္လက္တီက ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္မွာ အခုလို ခ်ီးမြမ္းခဲ့ပါတယ္။ ‘’ဆာလက္ရွ္နဲ႔ အလစ္ဆန္တို႔ႏွစ္ေယာက္ကို ျပန္ၿပီး ေတြ႕ရမွာ ေက်နပ္စရာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္က သူတို႔ႏွစ္ ေယာက္ကို နည္းျပခြင့္ရခဲ့တဲ့

ကံေကာင္းတဲ့နည္းျပေတြထဲက တစ္ေယာက္ ျဖစ္ေနလို႔ပါ။ ႐ိုးမားကေနၿပီး လီဗာပူးကို အလစ္ဆန္ေျပာင္းသြားတာ ကြၽန္ ေတာ္ သတိရမိတယ္။ သူက ေဘာလုံးသမိုင္းမွာ ေဈးအႀကီးဆုံး ဂိုးသမား တစ္ေယာက္ျဖစ္ခဲ့တယ္။

သူ႔ရဲ႕ ရပ္တည္ခ်က္သေဘာထား၊ ကိုယ္ရည္ကိုယ္ေသြးနဲ႔ ကစားပုံအရည္အေသြးေတြေၾကာင့္ သူဟာ ဂိုးသမားေတြရဲ႕ ဦးေဆာင္ သူျဖစ္ေနမွာပါ။ ဆာလက္ရွ္က်ေတာ့ တစ္ခါမွာ ကြၽန္ေတာ္သတင္းစာရွင္း လင္းပြဲတစ္ခု လုပ္တုန္းက ပါလာမိုကို ၄-၀ ဂိုးနဲ႔ ႏိုင္ခဲ့တဲ့ပြဲအေၾကာင္း ျပခဲ့တာရွိတယ္။

သူက ေဘာလုံးျပန္ရဖို႔အတြက္ က်ားကုတ္က်ားခဲကို လိုက္ကစားတဲ့ သူတစ္ေယာက္ပါ။ ေနာက္ၿပီး တစ္နာရီကို ကီလိုမီတာ ၂၀၀ ႏႈန္းေလာက္နဲ႔ ေျပးလိုက္ေနတာပါ။ ကြၽန္ေတာ့္ရဲ႕ စုေဆာင္းသိမ္းဆည္းထားတဲ့ ဂ်ာစီေတြထဲ မွာ သူတို႔ႏွစ္ေယာက္ရဲ႕ ဂ်ာစီေတြလည္း ရွိေနခ်င္ပါတယ္’’ လို႔

စပယ္လက္ တီက ေျပာဆိုခဲ့တာပါ။ ပြဲမဝင္ခင္ အျပင္ကက်င္းပဆိုတဲ့သေဘာမ်ိဳးေဆာင္တဲ့ စကားေတြကို နည္းျပစပယ္လက္တီ ေျပာေနပုံဟာ တပည့္ေဟာင္းႏွစ္ဦး အေနနဲ႔ နာပိုလီကို ေလွ်ာ္ၿပီး ကန္ေပးဖို႔ ႏွပ္ေၾကာင္းေပးေနတာလားလို႔ ဆိုရမလိုျဖစ္ေနပါၿပီ။