နာပိုလီကို ဂိုးတွေအသင့်စားရအောင် ခူးခပ်ကျွေးမွေးခဲ့မိတာလို့ ဂျာဂင်ကလော့ပ် ဝန်ခံ

နာပိုလီကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့နောက် အလုံးစုံပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်နေပြီလို့ လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်က ဝန်ခံလိုက်ပါတယ်။ ကြိုးကြာနီတွေဟာ နေပယ်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်

အဖွင့်ပွဲစဉ်မှာ ၄-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာပါ။ အိမ်ရှင်အတွက် ၅ မိနစ်မှာတင် ဇီလင်စကီးက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းပေးခဲ့သလို အန်ဂစ်ဆာနဲ့ ဆီမြွန်နီတို့ရဲ့နောက်ထပ်သွင်းဂိုးတွေကြောင့် ပထမပိုင်းအပြီးမှာတင်

၃ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါတောင် အော်စီမန်ရဲ့ပင်နယ်တီကို ဂိုးသမားအလစ်ဆန် ကာကွယ်နိုင်ခဲ့တာကြောင့် ၄ ဂိုး မဖြစ်ခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း ဇီလင်စကီးက တစ်ဂိုးထပ်သွင်းခဲ့ပြီး လီဗာပူးလ်အတွက်

တစ်လုံးတည်းသောချေပဂိုးကိုတော့ ဒိုင်ယက်ဇ်က သွင်းပေးခဲ့တာဖြစ်ပါတယ်။ “ ရလဒ်က လက်ခံဖို့ခက်ပေမယ့် ဘာကြောင့်လဲဆိုတာတော့ ရှင်းပြဖို့ မခက်ပါဘူး။ နာပိုလီ အရမ်းကောင်းပြီး ကျွန်တော်တို့ မယှဉ်နိုင်ခဲ့တာ ရှင်းပါတယ်။

ဒါပေမဲ့ ပင်နယ်တီ ၂ ဂိုးနောက်ပိုင်း ပေးလိုက်ရတဲ့ ၂ ဂိုးကတော့ ကျွန်တော်တို့က သူတို့အတွက် အသင့်ခူးခပ်ကျွေးမွေးခဲ့မိတာပါ။ တီယာဂို ဝင်လာတဲ့နောက်ပိုင်းမှ ကျွန်တော်တို့ရဲ့တန်ပြန်တိုက်စစ်ကို ပြန်မြင်ခဲ့ရတာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ဟန်ပန်တွေအားလုံး ပျောက်ဆုံးခဲ့ပါတယ်။ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ အပြောင်းအလဲတွေ အများကြီးလုပ်ရပါတော့မယ် ” လို့ ဂျာဂင်ကလော့ပ်က ဖွင့်ဟသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဒီပွဲရှုံးနိမ့်လိုက်တာကြောင့် နာပိုလီ၊ အေဂျက်ဇ်နဲ့ ရိန်းဂျားတို့ပါဝင်တဲ့ အုပ်စု A မှာ တတိယနေရာရောက်နေပါတယ်။

(zawgyi)

နာပိုလီကို အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ေနာက္ အလုံးစုံျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔လိုအပ္ေနၿပီလို႔ လီဗာပူးလ္နည္းျပဂ်ာဂင္ကေလာ့ပ္က ဝန္ခံလိုက္ပါတယ္။ ႀကိဳးၾကာနီေတြဟာ ေနပယ္မွာကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ အဖြင့္ပြဲစဥ္မွာ ၄-၁ ဂိုးနဲ႔

ရႈံးနိမ့္ခဲ့တာပါ။ အိမ္ရွင္အတြက္ ၅ မိနစ္မွာတင္ ဇီလင္စကီးက ပင္နယ္တီကေန ဦးေဆာင္ဂိုးသြင္းေပးခဲ့သလို အန္ဂစ္ဆာနဲ႔ ဆီႁမြန္နီတို႔ရဲ႕ေနာက္ထပ္သြင္းဂိုးေတြေၾကာင့္ ပထမပိုင္းအၿပီးမွာတင္ ၃ ဂိုးျပတ္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေတာင္ ေအာ္စီမန္ရဲ႕ပင္နယ္တီကို ဂိုးသမားအလစ္ဆန္ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ၄ ဂိုး မျဖစ္ခဲ့တာပါ။ ဒုတိယပိုင္းမွာလည္း ဇီလင္စကီးက တစ္ဂိုးထပ္သြင္းခဲ့ၿပီး လီဗာပူးလ္အတြက္ တစ္လုံးတည္းေသာေခ်ပဂိုးကိုေတာ့ ဒိုင္ယက္ဇ္က သြင္းေပးခဲ့တာျဖစ္ပါတယ္။

“ ရလဒ္က လက္ခံဖို႔ခက္ေပမယ့္ ဘာေၾကာင့္လဲဆိုတာေတာ့ ရွင္းျပဖို႔ မခက္ပါဘူး။ နာပိုလီ အရမ္းေကာင္းၿပီး ကြၽန္ေတာ္တို႔ မယွဥ္ႏိုင္ခဲ့တာ ရွင္းပါတယ္။ ဒါေပမဲ့ ပင္နယ္တီ ၂ ဂိုးေနာက္ပိုင္း ေပးလိုက္ရတဲ့ ၂ ဂိုးကေတာ့ ကြၽန္ေတာ္တို႔က

သူတို႔အတြက္ အသင့္ခူးခပ္ေကြၽးေမြးခဲ့မိတာပါ။ တီယာဂို ဝင္လာတဲ့ေနာက္ပိုင္းမွ ကြၽန္ေတာ္တို႔ရဲ႕တန္ျပန္တိုက္စစ္ကို ျပန္ျမင္ခဲ့ရတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ဟန္ပန္ေတြအားလုံး ေပ်ာက္ဆုံးခဲ့ပါတယ္။ ကြၽန္ေတာ့္မွာ တာဝန္ရွိပါတယ္။

အေျပာင္းအလဲေတြ အမ်ားႀကီးလုပ္ရပါေတာ့မယ္ ” လို႔ ဂ်ာဂင္ကေလာ့ပ္က ဖြင့္ဟသြားခဲ့ပါတယ္။ လီဗာပူးလ္ဟာ ဒီပြဲရႈံးနိမ့္လိုက္တာေၾကာင့္ နာပိုလီ၊ ေအဂ်က္ဇ္နဲ႔ ရိန္းဂ်ားတို႔ပါဝင္တဲ့ အုပ္စု A မွာ တတိယေနရာေရာက္ေနပါတယ္။