နာဂယ်လ်စမန်းကို ဘိုင်ယန်ပရိသတ်တွေဆဲဆိုနေပြီး ရာထူးကနှုတ်ထွက်ဖို့တောင်းဆို

ဘိုင်ယန်မြူးနစ်ပရိသတ်တွေဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကထွက်ခဲ့ရတဲ့အတွက်

အသင်းနည်းပြဖြစ်သူနာဂယ်လ်စမန်းကို အွန်လိုင်းပေါ်မှာ ဆဲဆိုကြတဲ့အထိ

ဒေါသပေါက်ကွဲနေပြီး တချို့က နည်းပြရာထူးကထုတ်ပစ်ဖို့တောင်းဆိုနေကြပါတယ်။

ချန်ပီယံလိဂ်မှာ ထိပ်တန်းအဆင့်ရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဗီလာရီးယဲလ်လို

အလယ်အလတ်အသင်းနဲ့ဆုံတွေ့ခဲ့ပေမယ့် ပထမအကျော့အဝေးကွင်းမှာ(၁-ဝ)ဂိုးနဲ့

ရှုံးနိမ့်ခဲ့သလို ဒုတိယအကျော့မှာလည်း အနိုင်မရခဲ့ဘဲ (၁-၁)ဂိုးစီသရေကျခဲ့တာကြောင့်

နှစ်ကျော့ပေါင်း(၂-၁)ဂိုးရလဒ်နဲ့ကွာတားဖိုင်နယ်ကနေထွက်ခဲ့ရပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ပရိသတ်တွေဟာ နည်းပြနာဂယ်လ်စမန်းရဲ့လူစားလဲပုံတွေအပေါ်

မကျေမနပ်ဖြစ်နေပြီး ပွဲပြီးခါနီးမှာ လူးကပ်စ်ဟာနန်ဒက်ဇ်အစား အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို

လူစားထိုးအသုံးပြုခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းပေး

လိုက်ရတဲ့ဂိုးကလည်း ပြိုင်ဘက်တိုက်စစ်ကစားသမားချူကွာဇီကို အယ်လ်ဖွန်ဆိုဒေးဗီးစ်

မထိန်းနိုင်တာကြောင့် ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။ အဲဒါကြောင့် Twitter မှာ

ပရိသတ်တွေက ‘ဘယ်လောက်တောင် ေ-ာက်သုံးမကျလိုက်တဲ့ နာဂယ်လ်စမန်း . .

လူးကပ်စ်ဟာနန်ဒက်ဇ်နေရာမှာ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို လူစားလဲတာက

ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံလိုက်တာနဲ့အတူတူပဲ’၊

‘နာဂယ်လ်စမန်းရဲ့နည်းစနစ်တွေကို နားမလည်နိုင်အောင်ပါပဲ။

ဟာနန်ဒက်ဇ်ကို ထုတ်ပြီးတော့ ဘာတွေလုပ်ပြနိုင်မယ်လို့မျှော်လင့်နေတာလဲ’၊

‘နာဂယ်လ်စမန်းဟာ ဘိုင်ယန်မြူးနစ်ကို,ကိုင်တွယ်ဖို့ အသင့်မဖြစ်သေးပါဘူး …

ဒီနေ့ပွဲမှာ အဲဒီအကျိုးဆက်ကိုခံစားလိုက်ရတာပါပဲ’၊

‘နာဂယ်လ်စမန်းကို ရာထူးကထုတ်သင့်ပါတယ်’လို့ ဝေဖန်ရေးသားခဲ့ကြပါတယ်။

zawgyi

နာဂယ္လ္စမန္းကို ဘိုင္ယန္ပရိသတ္ေတြဆဲဆိုေနၿပီး ရာထူးကႏႈတ္ထြက္ဖို႔ေတာင္းဆို

ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကထြက္ခဲ့ရတဲ့အတြက္

အသင္းနည္းျပျဖစ္သူနာဂယ္လ္စမန္းကို အြန္လိုင္းေပၚမွာ ဆဲဆိုၾကတဲ့အထိ

ေဒါသေပါက္ကြဲေနၿပီး တခ်ိဳ႕က နည္းျပရာထူးကထုတ္ပစ္ဖို႔ေတာင္းဆိုေနၾကပါတယ္။

ခ်န္ပီယံလိဂ္မွာ ထိပ္တန္းအဆင့္ရွိတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဗီလာရီးယဲလ္လို

အလယ္အလတ္အသင္းနဲ႔ဆုံေတြ႕ခဲ့ေပမယ့္ ပထမအေက်ာ့အေဝးကြင္းမွာ(၁-ဝ)ဂိုးနဲ႔

ရႈံးနိမ့္ခဲ့သလို ဒုတိယအေက်ာ့မွာလည္း အႏိုင္မရခဲ့ဘဲ (၁-၁)ဂိုးစီသေရက်ခဲ့တာေၾကာင့္

ႏွစ္ေက်ာ့ေပါင္း(၂-၁)ဂိုးရလဒ္နဲ႔ကြာတားဖိုင္နယ္ကေနထြက္ခဲ့ရၿပီျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြဟာ နည္းျပနာဂယ္လ္စမန္းရဲ႕လူစားလဲပုံေတြအေပၚ

မေက်မနပ္ျဖစ္ေနၿပီး ပြဲၿပီးခါနီးမွာ လူးကပ္စ္ဟာနန္ဒက္ဇ္အစား အယ္လ္ဖြန္ဆိုေဒးဗီးစ္ကို

လူစားထိုးအသုံးျပဳခဲ့တဲ့အတြက္ ေဝဖန္ျပစ္တင္ခဲ့ၾကပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းေပး

လိုက္ရတဲ့ဂိုးကလည္း ၿပိဳင္ဘက္တိုက္စစ္ကစားသမားခ်ဴကြာဇီကို အယ္လ္ဖြန္ဆိုေဒးဗီးစ္

မထိန္းႏိုင္တာေၾကာင့္ ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ Twitter မွာ

ပရိသတ္ေတြက ‘ဘယ္ေလာက္ေတာင္ ေ-ာက္သုံးမက်လိုက္တဲ့ နာဂယ္လ္စမန္း . .

လူးကပ္စ္ဟာနန္ဒက္ဇ္ေနရာမွာ အယ္လ္ဖြန္ဆိုေဒးဗီးစ္ကို လူစားလဲတာက

ကိုယ့္ကိုယ္ကိုယ္ေသေၾကာင္းႀကံလိုက္တာနဲ႔အတူတူပဲ’၊

‘နာဂယ္လ္စမန္းရဲ႕နည္းစနစ္ေတြကို နားမလည္ႏိုင္ေအာင္ပါပဲ။

ဟာနန္ဒက္ဇ္ကို ထုတ္ၿပီးေတာ့ ဘာေတြလုပ္ျပႏိုင္မယ္လို႔ေမွ်ာ္လင့္ေနတာလဲ’၊

‘နာဂယ္လ္စမန္းဟာ ဘိုင္ယန္ျမဴးနစ္ကို,ကိုင္တြယ္ဖို႔ အသင့္မျဖစ္ေသးပါဘူး …

ဒီေန႔ပြဲမွာ အဲဒီအက်ိဳးဆက္ကိုခံစားလိုက္ရတာပါပဲ’၊

‘နာဂယ္လ္စမန္းကို ရာထူးကထုတ္သင့္ပါတယ္’လို႔ ေဝဖန္ေရးသားခဲ့ၾကပါတယ္။