နာဂယ်စ်မန်းကို စကားလုံး အပြင်းစားတွေနဲ့ ဒဲ့ဖဲ့လိုက်တဲ့ ပါဂျယ်ရို

ဗီလာရီးရဲအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရဲ့ အကြီးမားဆုံး

အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ စပိန်မြေမှာ ( ၁-၀ ) ရလာဒ်နဲ့ အနိုင်ရခဲ့ပြီးနောက်

အဝါရောင် ရေငုတ်သင်္ဘောဟာ ဂျာမနီမြေမှာ ဘိုင်ယန်မြူးနစ်ကို ( ၁-၁ )

သ‌ရေကစားပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အဆိုပါ သမိုင်းဝင် အောင်ပွဲအပြီးမှာ စပိန် ကွင်းလယ်လူ ဒန်နီ ပါဂျယ်ရိုက

Bavarians တို့ရဲ့ နည်းပြ ဂျူလီယန် နာဂယ်စ်မန်းကို ခက်ထန်မာ‌ကျောတဲ့

စကားလုံးတွေနဲ့ ထိုးနက်လိုက်ပါတယ်။ သူက Movistar + နဲ့ အင်တာဗျူးစဉ်

“ မဲခွဲပွဲပြီးလို့ သူတို့က ဗီလာရီးရဲနဲ့ တွေ့ဆုံနေကြောင်း သိလိုက်ချိန်

သူတို့ရဲ့ နည်းပြဖြစ်သူက ၊ နာမည် ဘယ်သူလဲတော့ ကျွန်တော်မသိပါဘူး ၊

ဗီလာရီးရဲကိုရော ဘောလုံးကိုပါ လေးစားမှုမရှိပဲ ပထမအကျော့မှာပဲ

အပြီးဖြတ်ထားချင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါက လေးစားမှုမရှိတာပါ။

တခါတလ ကိုယ်ထွေးလိုက်တဲ့ တံတွေးက ကိုယ့်မျက်နှာပေါ် ပြန်ကျတတ်ပါတယ်။”လို့

ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဗီလာရီးရဲအသင်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ

လီဗာပူးလ် ( သို့ ) ဘင်ဖီကာ အသင်းနဲ့ ကစားရဖို့ရှိပါတယ်။

zawgyi

နာဂယ္စ္မန္းကို စကားလုံး အျပင္းစားေတြနဲ႔ ဒဲ့ဖဲ့လိုက္တဲ့ ပါဂ်ယ္႐ို

ဗီလာရီးရဲအသင္းဟာ ယခုႏွစ္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ရဲ႕ အႀကီးမားဆုံး

အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။ စပိန္ေျမမွာ ( ၁-၀ ) ရလာဒ္နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္

အဝါေရာင္ ေရငုတ္သေဘၤာဟာ ဂ်ာမနီေျမမွာ ဘိုင္ယန္ျမဴးနစ္ကို ( ၁-၁ )

သ‌ေရကစားၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

အဆိုပါ သမိုင္းဝင္ ေအာင္ပြဲအၿပီးမွာ စပိန္ ကြင္းလယ္လူ ဒန္နီ ပါဂ်ယ္႐ိုက

Bavarians တို႔ရဲ႕ နည္းျပ ဂ်ဴလီယန္ နာဂယ္စ္မန္းကို ခက္ထန္မာ‌ေက်ာတဲ့

စကားလုံးေတြနဲ႔ ထိုးနက္လိုက္ပါတယ္။ သူက Movistar + နဲ႔ အင္တာဗ်ဴးစဥ္

“ မဲခြဲပြဲၿပီးလို႔ သူတို႔က ဗီလာရီးရဲနဲ႔ ေတြ႕ဆုံေနေၾကာင္း သိလိုက္ခ်ိန္

သူတို႔ရဲ႕ နည္းျပျဖစ္သူက ၊ နာမည္ ဘယ္သူလဲေတာ့ ကြၽန္ေတာ္မသိပါဘူး ၊

ဗီလာရီးရဲကိုေရာ ေဘာလုံးကိုပါ ေလးစားမႈမရွိပဲ ပထမအေက်ာ့မွာပဲ

အၿပီးျဖတ္ထားခ်င္တယ္လို႔ ဆိုခဲ့ပါတယ္။ ဒါက ေလးစားမႈမရွိတာပါ။

တခါတလ ကိုယ္ေထြးလိုက္တဲ့ တံေတြးက ကိုယ့္မ်က္ႏွာေပၚ ျပန္က်တတ္ပါတယ္။”လို႔

ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဗီလာရီးရဲအသင္းက ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာ

လီဗာပူးလ္ ( သို႔ ) ဘင္ဖီကာ အသင္းနဲ႔ ကစားရဖို႔ရွိပါတယ္။