နာကျင်အချိန်ပိုမှာ အနီကတ် ၄ ကတ်အပြခံရပြီး ပရမ်းပတာတွေဖြစ်ခဲ့တဲ့ ဂျူဗင်တပ်နဲ့ ဆာလာနီတာနာပွဲစဉ်

မနေ့ညကစားခဲ့တဲ့ ဂျူဗင်တပ်နဲ့ဆာလာနီတာနာတို့ရဲ့ စီးရီးအေပွဲစဉ်ဟာ ရိုလာကိုစတာစီးရသလို စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး ကမောက်ကမဖြစ်ရပ်တွေနဲ့လည်း ပြဇာတ်ဆန်ဆန် အဆုံးသတ်သွားခဲ့တယ်။ တန်းတက်အသင်းလေးက ပထမပိုင်းအပြီးမှာ ဝ-၂ ဂိုးနဲ့ဦးဆောင်ပြီး

အိမ်ရှင်ပရိသတ်တွေကို အသံတိတ်စေခဲ့တယ်။ ဒုတိယပိုင်း ၅၁ မိနစ်မှာ ဘရီမားက ခေါင်းတိုက်ပြီး ဂျူဗင်တပ်အတွက် ချေပဂိုးတစ်ဂိုးသွင်းတယ်။ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၃ မိနစ်ရောက်မှ ဆန်ဒရိုကြောင့် အိုးလ်လေဒီတွေ ပင်နယ်တီရတယ်။

ဒီပင်နယ်တီကို အသင်းခေါင်းဆောင် ဘိုနုချီကန်တယ်။ ဆာလာနီတာနာဂိုးသမား ပုတ်ထုတ်နိုင်တယ်။ ဂျူဗင်တပ်နောက်ခံလူဆီ ပြန်ရောက်သွားတာကြောင့် ၂-၂ ဖြစ်ခဲ့တယ်။ နာကျင်အချိန်ပိုဟာ အံ့အားသင့်စရာကောင်းလောက်အောင် ၉၆ မိနစ်ဖြစ်ခဲ့တယ်။

ဂျူဗီထောင့်ကန်ဘောရတယ်။ တိုက်စစ်မှူးမီလစ်က ခေါင်းတိုက်ဂိုးသွင်းတယ်။ ၃-၂ လေ။ ပွဲသိမ်းပြီပေါ့။ မီလစ် အင်္ကျီချွတ်ပြီးအောင်ပွဲခံတယ်။ ကွင်းလယ်ဒိုင်က အနီကတ်လာပြတယ်။ ပြဿနာမရှိပါဘူး။ ကိုယ့်အသင်းနိုင်ပြီပဲလေ။

ပွဲလည်းပြီးတော့မှာ မဟုတ်လား။ ဒါပေမဲ့ ကံကြမ္မာက ဂျူဗင်တပ်ကို မျက်နှာသာမပေးခဲ့ပါဘူး။ ဒိုင်က VAR ကြည့်မယ်တဲ့။ မင်းသားကြီးလာရင် တလွဲတွေဖြစ်တတ်လွန်းလို့ တူရင်ပရိသတ်တွေ ရင်မနေရပြီ။ သူတို့ ဆုတောင်းမပြည့်ခဲ့ဘူး။

ပွဲရဲ့ play ထဲမှာပါနေသလို ဂိုးသမားကို အနှောင့်အယှက်ပေးတဲ့နေရာရောက်နေတဲ့ ဘိုနုချီလူကျွံနေတယ်ဆိုပြီး ဂျူဗင်တပ်ရဲ့အနိုင်ဂိုးကို ပယ်ဖျက်လိုက်တယ်။ အခြေအနေတွေက ရှုပ်ထွေးကုန်တယ်။

ကွင်းလယ်ဒိုင်က အနီကတ်တစ်ခုနဲ့ လိုက်ရမ်းတယ်။ နောက်ထပ် အနီကတ်စာ ၃ ယောက် မိသွားတယ်။ ကွင်းဘေးစည်းမှာလည်း ပရမ်းပတာတွေဖြစ်ပြီး အကျည်းတန်စွာနဲ့ပြီးဆုံးသွားခဲ့ရတာပါ။

(zawgyi)

မေန႔ညကစားခဲ့တဲ့ ဂ်ဴဗင္တပ္နဲ႔ဆာလာနီတာနာတို႔ရဲ႕ စီးရီးေအပြဲစဥ္ဟာ ႐ိုလာကိုစတာစီးရသလို စိတ္လႈပ္ရွားစရာေကာင္းခဲ့ၿပီး ကေမာက္ကမျဖစ္ရပ္ေတြနဲ႔လည္း ျပဇာတ္ဆန္ဆန္ အဆုံးသတ္သြားခဲ့တယ္။ တန္းတက္အသင္းေလးက ပထမပိုင္းအၿပီးမွာ ဝ-၂ ဂိုးနဲ႔

ဦးေဆာင္ၿပီး အိမ္ရွင္ပရိသတ္ေတြကို အသံတိတ္ေစခဲ့တယ္။ ဒုတိယပိုင္း ၅၁ မိနစ္မွာ ဘရီမားက ေခါင္းတိုက္ၿပီး ဂ်ဴဗင္တပ္အတြက္ ေခ်ပဂိုးတစ္ဂိုးသြင္းတယ္။ မိနစ္ ၉၀ ျပည့္လို႔ နာက်င္အခ်ိန္ပို ၃ မိနစ္ေရာက္မွ ဆန္ဒ႐ိုေၾကာင့္ အိုးလ္ေလဒီေတြ ပင္နယ္တီရတယ္။

ဒီပင္နယ္တီကို အသင္းေခါင္းေဆာင္ ဘိုႏုခ်ီကန္တယ္။ ဆာလာနီတာနာဂိုးသမား ပုတ္ထုတ္ႏိုင္တယ္။ ဂ်ဴဗင္တပ္ေနာက္ခံလူဆီ ျပန္ေရာက္သြားတာေၾကာင့္ ၂-၂ ျဖစ္ခဲ့တယ္။ နာက်င္အခ်ိန္ပိုဟာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ၉၆ မိနစ္ျဖစ္ခဲ့တယ္။

ဂ်ဴဗီေထာင့္ကန္ေဘာရတယ္။ တိုက္စစ္မႉးမီလစ္က ေခါင္းတိုက္ဂိုးသြင္းတယ္။ ၃-၂ ေလ။ ပြဲသိမ္းၿပီေပါ့။ မီလစ္ အက်ႌခြၽတ္ၿပီးေအာင္ပြဲခံတယ္။ ကြင္းလယ္ဒိုင္က အနီကတ္လာျပတယ္။ ျပႆနာမရွိပါဘူး။

ကိုယ့္အသင္းႏိုင္ၿပီပဲေလ။ ပြဲလည္းၿပီးေတာ့မွာ မဟုတ္လား။ ဒါေပမဲ့ ကံၾကမၼာက ဂ်ဴဗင္တပ္ကို မ်က္ႏွာသာမေပးခဲ့ပါဘူး။ ဒိုင္က VAR ၾကည့္မယ္တဲ့။ မင္းသားႀကီးလာရင္ တလြဲေတြျဖစ္တတ္လြန္းလို႔ တူရင္ပရိသတ္ေတြ ရင္မေနရၿပီ။

သူတို႔ ဆုေတာင္းမျပည့္ခဲ့ဘူး။ ပြဲရဲ႕ play ထဲမွာပါေနသလို  ဂိုးသမားကို အေႏွာင့္အယွက္ေပးတဲ့ေနရာေရာက္ေနတဲ့ ဘိုႏုခ်ီလူကြၽံေနတယ္ဆိုၿပီး ဂ်ဴဗင္တပ္ရဲ႕အႏိုင္ဂိုးကို ပယ္ဖ်က္လိုက္တယ္။ အေျခအေနေတြက

ရႈပ္ေထြးကုန္တယ္။ ကြင္းလယ္ဒိုင္က အနီကတ္တစ္ခုနဲ႔ လိုက္ရမ္းတယ္။ ေနာက္ထပ္ အနီကတ္စာ ၃ ေယာက္ မိသြားတယ္။ ကြင္းေဘးစည္းမွာလည္း ပရမ္းပတာေတြျဖစ္ၿပီး အက်ည္းတန္စြာနဲ႔ၿပီးဆုံးသြားခဲ့ရတာပါ။