နည်းပြအားလုံးကို ဖြတ်ကျော်ပြီး အန်ဆယ်လော့တီ ဆွတ်ခူးမယ့် စံချိန်သစ်တစ်ခု

ယမန်နေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ

မာယော့ကာကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာက

ဆီဗီလာကို ၁၀ မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

တတိယနေရာက ဘာစီလိုနာကတော့ တစ်ပွဲလျော့ကစားထားပြီး

ရီးရဲလ်နဲ့ ၁၅ မှတ်အထိ ပြတ်တောက်နေလို့ လိုက်မီနိုင်မှာမဟုတ်တော့ဘူးလို့

ခန့်မှန်းရပါတယ်။ ရာသီကုန်ဖို့ကလည်း ၁၀ ပွဲသာလိုတော့တာကြောင့်

ဒီရာသီမှာသာ လာလီဂါဖလားကို ရရှိခဲ့မယ်ဆိုရင်

အန်ဆယ်လော့တီဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ အမှတ်ပေးဖလား

ရယူနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာဖို့ ရှိနေပါတယ်။

အေစီမီလန်၊ ဂျူဗင်တပ်စ်တို့နဲ့အတူ စီးရီးအေဖလား၊ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်၊

ဘိုင်ယန်မြူးနစ်နဲ့ ဘွန်ဒက်လီဂါ၊ ပီအက်စ်ဂျီနဲ့ လီဂူးဖလားတွေကို

သူက ဆွတ်ခူးထားခဲ့ပြီးဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြဘ၀

ပထမဆုံးအကြိမ်မှာတော့ အမှတ်ပေးဖလားရရှိအောင် သူမစွမ်းဆောင်နိုင်ခဲ့လို့

အဆိုပါစံချိန်ကို စောစောစီးစီးရရှိမယ့် အခွင့်အရေးနဲ့လွဲချော်ခဲ့ရပြီး

အခုမှသာ ဆွတ်ခူးဖို့နီးစပ်လာခဲ့တာဖြစ်ပါတယ်။

zawgyi

နည္းျပအားလုံးကို ျဖတ္ေက်ာ္ၿပီး အန္ဆယ္ေလာ့တီ ဆြတ္ခူးမယ့္ စံခ်ိန္သစ္တစ္ခု

ယမန္ေန႔က ကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းဟာ

မာေယာ့ကာကို အေဝးကြင္းမွာ ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဒုတိယေနရာက

ဆီဗီလာကို ၁၀ မွတ္ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

တတိယေနရာက ဘာစီလိုနာကေတာ့ တစ္ပြဲေလ်ာ့ကစားထားၿပီး

ရီးရဲလ္နဲ႔ ၁၅ မွတ္အထိ ျပတ္ေတာက္ေနလို႔ လိုက္မီႏိုင္မွာမဟုတ္ေတာ့ဘူးလို႔

ခန႔္မွန္းရပါတယ္။ ရာသီကုန္ဖို႔ကလည္း ၁၀ ပြဲသာလိုေတာ့တာေၾကာင့္

ဒီရာသီမွာသာ လာလီဂါဖလားကို ရရွိခဲ့မယ္ဆိုရင္

အန္ဆယ္ေလာ့တီဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ အမွတ္ေပးဖလား

ရယူႏိုင္တဲ့ ပထမဆုံးနည္းျပျဖစ္လာဖို႔ ရွိေနပါတယ္။

ေအစီမီလန္၊ ဂ်ဴဗင္တပ္စ္တို႔နဲ႔အတူ စီးရီးေအဖလား၊ ခ်ယ္လ္ဆီးနဲ႔ ပရီးမီးယားလိဂ္၊

ဘိုင္ယန္ျမဴးနစ္နဲ႔ ဘြန္ဒက္လီဂါ၊ ပီအက္စ္ဂ်ီနဲ႔ လီဂူးဖလားေတြကို

သူက ဆြတ္ခူးထားခဲ့ၿပီးျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္နည္းျပဘ၀

ပထမဆုံးအႀကိမ္မွာေတာ့ အမွတ္ေပးဖလားရရွိေအာင္ သူမစြမ္းေဆာင္ႏိုင္ခဲ့လို႔

အဆိုပါစံခ်ိန္ကို ေစာေစာစီးစီးရရွိမယ့္ အခြင့္အေရးနဲ႔လြဲေခ်ာ္ခဲ့ရၿပီး

အခုမွသာ ဆြတ္ခူးဖို႔နီးစပ္လာခဲ့တာျဖစ္ပါတယ္။