နည်းပြသစ် ရော်ဘတ်တိုမာတီနက်ဇ်နဲ့ ဆုံတွေ့ပြီး လက်ရွေးစင်အသင်းအနာဂတ်ကို ဆွေးနွေးခဲ့တဲ့ စီရော်နယ်လ်ဒို

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်း

နည်းပြသစ်ဖြစ်လာသူ ရော်ဘတ်တိုမာတီနက်ဇ်နဲ့ ပြီးခဲ့တဲ့တစ်ပတ်က
ဆော်ဒီနိုင်ငံ၊ Riyadh မြို့မှာ ဆုံတွေ့ပြီးတော့ သူ့ရဲ့ လက်ရွေးစင်
ကစားသမားဘ၀ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့
သတင်းထွက်နေပါတယ်။

ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးတဲ့နောက် ဖာနန်ဒိုဆန်းတို့စ်နဲ့
လမ်းခွဲပြီး အခုဇန်နဝါရီအစောပိုင်းမှာ နည်းပြသစ်အဖြစ်

ရော်ဘတ်တိုမာတီနက်ဇ်ကို ခန့်အပ်ခဲ့ပါတယ်။

ရော်ဘတ်တိုမာတီနက်ဇ်ဟာ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ကစားခဲ့တဲ့

စပိန်စူပါဖလားဗိုလ်လုပွဲကို ကြည့်ရှုဖို့အတွက် ဆော်ဒီနိုင်ငံ၊ Riyadh
မြို့ကို ရောက်ရှိခဲ့ချိန်မှာ စီရော်နယ်လ်ဒိုနဲ့ တွေ့ဆုံစကားပြောခဲ့တာ
ဖြစ်တယ်လို့ L’Equipe သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း(၁၉၆)ပွဲကစား၊ (၁၁၈)ဂိုးသွင်းယူခဲ့ပြီး
လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးနဲ့ သွင်းဂိုး
အများဆုံးအဖြစ် ရပ်တည်နေတဲ့ စီရော်နယ်လ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလား
ပြိုင်ပွဲမှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လက်ရွေးစင်အသင်း

အတွက် ဆက်ကစားပေးဖို့ ဆန္ဒရှိနေပါတယ်။

ဒ့ါအပြင် နည်းပြသစ်ရော်ဘတ်တိုမာတီနက်ဇ်ကလည်း စီရော်နယ်လ်ဒိုကို

ယူရို-၂၀၂၄ ခြေစစ်ပွဲတွေမှာ အသင်းအတွက် ဆက်လက်အသုံးပြုဖို့
ဆန္ဒပြင်းပြနေတယ်လို့ L’Equipe သတင်းစာက သုံးသပ်ခဲ့ပါတယ်။

[Zawgyi]

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္း
နည္းျပသစ္ျဖစ္လာသူ ေရာ္ဘတ္တိုမာတီနက္ဇ္နဲ႔ ၿပီးခဲ့တဲ့တစ္ပတ္က
ေဆာ္ဒီႏိုင္ငံ၊ Riyadh ၿမိဳ႕မွာ ဆုံေတြ႕ၿပီးေတာ့ သူ႔ရဲ႕ လက္ေ႐ြးစင္
ကစားသမားဘ၀ အနာဂတ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့တယ္လို႔
သတင္းထြက္ေနပါတယ္။

ေပၚတူဂီအသင္းဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
ကြာတားဖိုင္နယ္ကေန ထြက္ခဲ့ရၿပီးတဲ့ေနာက္ ဖာနန္ဒိုဆန္းတို႔စ္နဲ႔

လမ္းခြဲၿပီး အခုဇန္နဝါရီအေစာပိုင္းမွာ နည္းျပသစ္အျဖစ္
ေရာ္ဘတ္တိုမာတီနက္ဇ္ကို ခန႔္အပ္ခဲ့ပါတယ္။

ေရာ္ဘတ္တိုမာတီနက္ဇ္ဟာ ရီးယဲလ္နဲ႔ ဘာစီလိုနာတို႔ကစားခဲ့တဲ့
စပိန္စူပါဖလားဗိုလ္လုပြဲကို ၾကည့္ရႈဖို႔အတြက္ ေဆာ္ဒီႏိုင္ငံ၊ Riyadh
ၿမိဳ႕ကို ေရာက္ရွိခဲ့ခ်ိန္မွာ စီေရာ္နယ္လ္ဒိုနဲ႔ ေတြ႕ဆုံစကားေျပာခဲ့တာ
ျဖစ္တယ္လို႔ L’Equipe သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ေပၚတူဂီအသင္းအတြက္ ပြဲေပါင္း(၁၉၆)ပြဲကစား၊ (၁၁၈)ဂိုးသြင္းယူခဲ့ၿပီး
လက္ေ႐ြးစင္အသင္းသမိုင္းတစ္ေလွ်ာက္ ပြဲအမ်ားဆုံးနဲ႔ သြင္းဂိုး
အမ်ားဆုံးအျဖစ္ ရပ္တည္ေနတဲ့ စီေရာ္နယ္လ္ဒိုဟာ ၂၀၂၂ ကမာၻ႔ဖလား

ၿပိဳင္ပြဲမွာ စိတ္ပ်က္စရာေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ လက္ေ႐ြးစင္အသင္း
အတြက္ ဆက္ကစားေပးဖို႔ ဆႏၵရွိေနပါတယ္။

ဒ့ါအျပင္ နည္းျပသစ္ေရာ္ဘတ္တိုမာတီနက္ဇ္ကလည္း စီေရာ္နယ္လ္ဒိုကို
ယူ႐ို-၂၀၂၄ ေျခစစ္ပြဲေတြမွာ အသင္းအတြက္ ဆက္လက္အသုံးျပဳဖို႔
ဆႏၵျပင္းျပေနတယ္လို႔ L’Equipe သတင္းစာက သုံးသပ္ခဲ့ပါတယ္။