နည်းပြသစ်အတွက် သန်း ၃၀ တန် တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်

ယူနိုက်တက် အသင်းဟာ အေဂျက်တောင်ပံကစားသမား အန်တိုနီကို

ခေါ်ယူရေးအတွက် ပြိုင်ဘက် အသင်းတွေထက် လက်ဦးမှု ရယူကာ သန်း ၃၀ တန်

တိုက်စစ်မှူးကိုခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ တန်ဟန့်ဂ်သာ ယူနိုက်တက်နည်းပြ

ဖြစ်လာခဲ့ရင် ကစားသမားသစ်ကိုလည်း အတူမြင်တွေ့ရမှာ ဖြစ်ပါတယ်။

အန်တိုနီဟာ အသက်(၂၂) နှစ်အရွယ်သာ ရှိသေးတဲ့ ကြယ်ပွင့်ကစားသမား ဖြစ်ပါတယ်။

အန်တိုနီဟာ လက်ရှိ နည်းပြ အဲရစ်တန်ဟန့်ဂ်ရဲ့ အေဂျက် အသင်းမှာ အရေးပါတဲ့

ညာတောင်ပံ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး၊ ဘယ်ခြေအားသန် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

၂၀၂၀မှာအေဂျက်ကို စတင်ရောက်ရှိလာခဲ့တဲ့အန်တိုနီဟာ သူ့ရဲ့ပထမဆုံးဘောလုံးရာသီမှာပဲ

နယ်သာလန်အမှတ်ပေးဖလားနဲ့ ရှုံးထွက်ဖလားတို့ကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။

အဲဒီကစားသမားဟာ လက်ရှိဘောလုံးရာသီတွင် အသင်းအတွက် ၁၂ ဂိုးသွင်း

၁၀ ဂိုး ဖန်တီးထားသလို ချန်ပီယံလိဂ်တွင်လည်း ၆ ဂိုး ပါဝင်ပတ်သက်မှုရှိပါတယ်။

ယူနိုက်တက် နဲ့ အပြိုင် အာဆင်နယ် အသင်းကလည်း အန်တိုနီကို စိတ်ဝင်စားနေသလို ၊

ပြင်သစ်အသင်း ပီအက်စ်ဂျီကလည်း အန်တိုနီကိုခေါ်ယူရေး စိတ်ဝင်စားလာပြီး

အရှိန်မြှင့် ကြိုးစားလာကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြပါတယ်။

ဒါတင်မကသေးပါဘူး။ အန်တိုနီကို စပိန်နှင့် ဂျာမနီမှအသင်းများ ကလည်း စိတ်ဝင်စားနေပါတယ်။

ဘရာဇီး တိုက်စစ် ကစားသမား အန်တိုနီ၏ ပြောင်းရွှေ့ကြေးကို အေဂျက် က

ပေါင်သန်း ၃၀ သတ်မှတ်ထားပါတယ်။

zawgyi

နည္းျပသစ္အတြက္ သန္း ၃၀ တန္ တိုက္စစ္မႉးကို ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနတဲ့ ယူႏိုက္တက္

ယူႏိုက္တက္ အသင္းဟာ ေအဂ်က္ေတာင္ပံကစားသမား အန္တိုနီကို

ေခၚယူေရးအတြက္ ၿပိဳင္ဘက္ အသင္းေတြထက္ လက္ဦးမႈ ရယူကာ သန္း ၃၀ တန္

တိုက္စစ္မႉးကိုေခၚယူႏိုင္ေတာ့မယ္လို႔ သိရပါတယ္။ တန္ဟန႔္ဂ္သာ ယူႏိုက္တက္နည္းျပ

ျဖစ္လာခဲ့ရင္ ကစားသမားသစ္ကိုလည္း အတူျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

အန္တိုနီဟာ အသက္(၂၂) ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ၾကယ္ပြင့္ကစားသမား ျဖစ္ပါတယ္။

အန္တိုနီဟာ လက္ရွိ နည္းျပ အဲရစ္တန္ဟန႔္ဂ္ရဲ႕ ေအဂ်က္ အသင္းမွာ အေရးပါတဲ့

ညာေတာင္ပံ တိုက္စစ္မႉး တစ္ဦးျဖစ္ၿပီး၊ ဘယ္ေျခအားသန္ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။

၂၀၂၀မွာေအဂ်က္ကို စတင္ေရာက္ရွိလာခဲ့တဲ့အန္တိုနီဟာ သူ႔ရဲ႕ပထမဆုံးေဘာလုံးရာသီမွာပဲ

နယ္သာလန္အမွတ္ေပးဖလားနဲ႔ ရႈံးထြက္ဖလားတို႔ကိုရရွိခဲ့သူလည္းျဖစ္ပါတယ္။

အဲဒီကစားသမားဟာ လက္ရွိေဘာလုံးရာသီတြင္ အသင္းအတြက္ ၁၂ ဂိုးသြင္း

၁၀ ဂိုး ဖန္တီးထားသလို ခ်န္ပီယံလိဂ္တြင္လည္း ၆ ဂိုး ပါဝင္ပတ္သက္မႈရွိပါတယ္။

ယူႏိုက္တက္ နဲ႔ အၿပိဳင္ အာဆင္နယ္ အသင္းကလည္း အန္တိုနီကို စိတ္ဝင္စားေနသလို ၊

ျပင္သစ္အသင္း ပီအက္စ္ဂ်ီကလည္း အန္တိုနီကိုေခၚယူေရး စိတ္ဝင္စားလာၿပီး

အရွိန္ျမႇင့္ ႀကိဳးစားလာေၾကာင္း ျပင္သစ္မီဒီယာမ်ားက ေဖာ္ျပပါတယ္။

ဒါတင္မကေသးပါဘူး။ အန္တိုနီကို စပိန္ႏွင့္ ဂ်ာမနီမွအသင္းမ်ား ကလည္း စိတ္ဝင္စားေနပါတယ္။

ဘရာဇီး တိုက္စစ္ ကစားသမား အန္တိုနီ၏ ေျပာင္းေ႐ႊ႕ေၾကးကို ေအဂ်က္ က

ေပါင္သန္း ၃၀ သတ္မွတ္ထားပါတယ္။