နည်းပြသစ်တန်းဟတ် အော်ဟစ်ကြိမ်းမောင်းတာခံရတဲ့ ပထမဆုံးမန်ယူကစားသမား

ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ မန်ယူနည်းပြသစ်တန်းဟတ်ဟာ ကစားသမားတစ်ယောက်ကို ဒေါသတကြီးအော်ဟစ်ဆဲဆိုခဲ့ပါတယ်။

တနည်းအားဖြင့် ဂန္ထဝင်နည်းပြကြီးဖာဂူဆန်လို hairdryer ဆက်ဆံရေးမျိုး ပြန်မြင်ရတော့မလားဆိုတာ ပရိသတ်တွေစိတ်ဝင်စားနေကြပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာ မန်ယူဟာ

မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုတို့ရဲ့သွင်းဂိုးတွေနဲ့အနိုင်ရခဲ့တာပါ။ တန်းဟတ်ရဲ့အင်ပါယာသစ်မှာ ခြေစမ်းပွဲ ၃ ပွဲလုံး အနိုင်ရခဲ့တာဖြစ်တာကြောင့် သရဲနီပရိသတ်တွေအတွက်

ကျေနပ်စရာဖြစ်ခဲ့သလို နယ်သာလန်သားနည်းပြရဲ့အပြုအမူကြောင့်လည်း ဖြုံသွားခဲ့ကြပါတယ်။ ပွဲပြီးကာနီးမှာ ဂိုးသမားဒီဂီယာ အမြင့်ဘောကန်တင်လိုက်တာကို တန်းဟတ် ဒေါသထွက်သွားခဲ့တာပါ။

“ မင်း ဘာေ-ာက်တလွဲတွေ လုပ်နေတာလဲ ” လို့ လှမ်းအော်လိုက်တာကို ရုပ်သံမှတ်တမ်းဖိုင်ကတစ်ဆင့် ပရိသတ်အတော်များများ သိခွင့်ရခဲ့ကြပါတယ်။

အဲဒီအနေအထားမှာ ကွင်းလယ်ခံစစ်ကစားတဲ့ ချာလီဆားဗေ့ချ်ဟာ သူ့နေရာမှာရှိမနေခဲ့ပါဘူး။ ဒါကြောင့် ဒီဂီယာဟာ ဘောလုံးလက်ခံယူမယ့်သူမရှိတာကြောင့်

အမြင့်ဘောကန်တင်လိုက်ရတာလို့ ပရိသတ်တစ်ချို့က ယူဆနေကြပါတယ်။ ဒီဂျောင်ကိုခေါ်ဖို့လိုအပ်နေပြီဆိုတဲ့ အသံတွေလည်း လူမှုကွန်ယက်ပေါ်မှာ ကြားနေရပါတယ်။

ဒီဂီယာကို လှမ်းဆဲလိုက်တာလား ဆားဗေ့ချ်ကို ကြိမ်းမောင်းလိုက်တာလားဆိုတာတော့ ကာယကံရှင်တန်းဟတ်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။

(zawgyi)

ခရစၥတယ္ပဲေလ့စ္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ မန္ယူနည္းျပသစ္တန္းဟတ္ဟာ ကစားသမားတစ္ေယာက္ကို ေဒါသတႀကီးေအာ္ဟစ္ဆဲဆိုခဲ့ပါတယ္။

တနည္းအားျဖင့္ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္လို hairdryer ဆက္ဆံေရးမ်ိဳး ျပန္ျမင္ရေတာ့မလားဆိုတာ ပရိသတ္ေတြစိတ္ဝင္စားေနၾကပါတယ္။ ပဲေလ့စ္နဲ႔ပြဲမွာ မန္ယူဟာ

မာရွယ္၊ ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳတို႔ရဲ႕သြင္းဂိုးေတြနဲ႔အႏိုင္ရခဲ့တာပါ။ တန္းဟတ္ရဲ႕အင္ပါယာသစ္မွာ ေျခစမ္းပြဲ ၃ ပြဲလုံး အႏိုင္ရခဲ့တာျဖစ္တာေၾကာင့္ သရဲနီပရိသတ္ေတြအတြက္ ေက်နပ္စရာျဖစ္ခဲ့သလို

နယ္သာလန္သားနည္းျပရဲ႕အျပဳအမူေၾကာင့္လည္း ၿဖဳံသြားခဲ့ၾကပါတယ္။ ပြဲၿပီးကာနီးမွာ ဂိုးသမားဒီဂီယာ အျမင့္ေဘာကန္တင္လိုက္တာကို တန္းဟတ္ ေဒါသထြက္သြားခဲ့တာပါ။

“ မင္း ဘာေ-ာက္တလြဲေတြ လုပ္ေနတာလဲ ” လို႔ လွမ္းေအာ္လိုက္တာကို ႐ုပ္သံမွတ္တမ္းဖိုင္ကတစ္ဆင့္ ပရိသတ္အေတာ္မ်ားမ်ား သိခြင့္ရခဲ့ၾကပါတယ္။ အဲဒီအေနအထားမွာ

ကြင္းလယ္ခံစစ္ကစားတဲ့ ခ်ာလီဆားေဗ့ခ်္ဟာ သူ႔ေနရာမွာရွိမေနခဲ့ပါဘူး။ ဒါေၾကာင့္ ဒီဂီယာဟာ ေဘာလုံးလက္ခံယူမယ့္သူမရွိတာေၾကာင့္ အျမင့္ေဘာကန္တင္လိုက္ရတာလို႔ ပရိသတ္တစ္ခ်ိဳ႕က ယူဆေနၾကပါတယ္။

ဒီေဂ်ာင္ကိုေခၚဖို႔လိုအပ္ေနၿပီဆိုတဲ့ အသံေတြလည္း လူမႈကြန္ယက္ေပၚမွာ ၾကားေနရပါတယ္။ ဒီဂီယာကို လွမ္းဆဲလိုက္တာလား ဆားေဗ့ခ်္ကို ႀကိမ္းေမာင္းလိုက္တာလားဆိုတာေတာ့ ကာယကံရွင္တန္းဟတ္သာ အသိဆုံးျဖစ္ပါလိမ့္မယ္။