နည်းပြလောကထဲ ပြန်ဝင်ဖို့ အသင့်ရှိနေပြီဖြစ်တဲ့ ဆိုးလ်ရှား

န်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားဟာ ရာထူးကနေ

အထုတ်ခံခဲ့ရပြီးနောက်ပိုင်း သူ ကိုင်တွယ်ခဲ့တဲ့ ပွဲပေါင်း(၁၆၈)ပွဲစလုံးကို
တစ်ပွဲချင်းစီ ပြန်ကြည့်ပြီး ဘာတွေပြင်ဆင်ရမလဲဆိုတာ လေ့လာခဲ့ပါတယ်။

၂၀၁၈၊ ဒီဇင်ဘာလက မော်ရင်ဟိုရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရတဲ့
ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြဘ၀ (၃)နှစ်နီးပါးကာလအတွင်း အသင်းကို
ပရီးမီးယားလိဂ် အဆင့်(၂)နေရာမှာ ရပ်တည်စေခဲ့သလို ၂၀၂၀-၂၁ ရာသီ
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရာသီမှာတော့ စိတ်ပျက်စရာ ရလဒ်ဆိုးတွေကြောင့် ၂၀၂၁၊
နိုဝင်ဘာလမှာ ယူနိုက်တက်အသင်းက ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်နဲ့လမ်းခွဲပြီးနောက်ပိုင်း (၁၂)လတာကာလအတွင်း

သူကိုင်တွယ်ခဲ့တဲ့ ပွဲပေါင်း(၁၆၈)ပွဲကို တစ်ပွဲချင်းစီ ပြန်ကြည့်ခဲ့တယ်လို့
The Athletic ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

အခုလောလောဆယ် ဆိုးလ်ရှားဟာ နော်ဝေနိုင်ငံမှာ သူ့မိသားစုနဲ့အတူ နေထိုင်ပြီး
သူ့ သား(၂)ဦးကစားနေတဲ့ လူငယ်အသင်းမှာ အချိန်ပိုင်းနည်းပြအဖြစ်
ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့လည်း ဆိုးလ်ရှားဟာ မကြာခင် နည်းပြလောကထဲကို
ပြန်လည်ဝင်ရောက်ဖို့ ဆန္ဒပြင်းပြနေပြီး အသင်းတစ်သင်းကို,ကိုင်တွယ်ဖို့
အသင့်ရှိနေပြီဖြစ်ပါတယ်။

[Zawgyi]

န္ခ်က္စတာယူႏိုက္တက္ နည္းျပေဟာင္း ဆိုးလ္ရွားဟာ ရာထူးကေန
အထုတ္ခံခဲ့ရၿပီးေနာက္ပိုင္း သူ ကိုင္တြယ္ခဲ့တဲ့ ပြဲေပါင္း(၁၆၈)ပြဲစလုံးကို

တစ္ပြဲခ်င္းစီ ျပန္ၾကည့္ၿပီး ဘာေတြျပင္ဆင္ရမလဲဆိုတာ ေလ့လာခဲ့ပါတယ္။

၂၀၁၈၊ ဒီဇင္ဘာလက ေမာ္ရင္ဟိုရဲ႕ ေနရာမွာ အစားထိုး ခန႔္အပ္ခံခဲ့ရတဲ့

ဆိုးလ္ရွားဟာ ယူႏိုက္တက္နည္းျပဘ၀ (၃)ႏွစ္နီးပါးကာလအတြင္း အသင္းကို
ပရီးမီးယားလိဂ္ အဆင့္(၂)ေနရာမွာ ရပ္တည္ေစခဲ့သလို ၂၀၂၀-၂၁ ရာသီ
ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအဆင့္ေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ရာသီမွာေတာ့ စိတ္ပ်က္စရာ ရလဒ္ဆိုးေတြေၾကာင့္ ၂၀၂၁၊
ႏိုဝင္ဘာလမွာ ယူႏိုက္တက္အသင္းက ဆိုးလ္ရွားကို ရာထူးက ထုတ္ပယ္ခဲ့ပါတယ္။
ဆိုးလ္ရွားဟာ ယူႏိုက္တက္နဲ႔လမ္းခြဲၿပီးေနာက္ပိုင္း (၁၂)လတာကာလအတြင္း
သူကိုင္တြယ္ခဲ့တဲ့ ပြဲေပါင္း(၁၆၈)ပြဲကို တစ္ပြဲခ်င္းစီ ျပန္ၾကည့္ခဲ့တယ္လို႔

The Athletic ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။

အခုေလာေလာဆယ္ ဆိုးလ္ရွားဟာ ေနာ္ေဝႏိုင္ငံမွာ သူ႔မိသားစုနဲ႔အတူ ေနထိုင္ၿပီး

သူ႔ သား(၂)ဦးကစားေနတဲ့ လူငယ္အသင္းမွာ အခ်ိန္ပိုင္းနည္းျပအျဖစ္
ေဆာင္႐ြက္ေနပါတယ္။ ဒါေပမဲ့လည္း ဆိုးလ္ရွားဟာ မၾကာခင္ နည္းျပေလာကထဲကို
ျပန္လည္ဝင္ေရာက္ဖို႔ ဆႏၵျပင္းျပေနၿပီး အသင္းတစ္သင္းကို,ကိုင္တြယ္ဖို႔
အသင့္ရွိေနၿပီျဖစ္ပါတယ္။