နည်းပြတူချယ်ကို ချဲလ်ဆီး ထုတ်ပယ်လိုက်ပြီ

ဒိုင်နမိုဇာဂရက်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ချဲလ်ဆီးဟာ နည်းပြတူချယ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ ရုရှားရေနံ သူဌေးကြီး လက်ထဲကနေ ချဲလ်ဆီးကို ဝယ်ယူလိုက်တဲ့ တော့ဒ်ဘိုလေဟာ

သူ့လက်ထက် ရက် ၁၀၀ အတွင်းမှာပဲ တူချယ်ကို ရာထူးကနေ ဖယ်ရှားလိုက် တာဖြစ်ပါတယ်။ ဂျာမန်သားနည်းပြ တူချယ်ဟာ သူ့ရဲ့ ချဲလ်ဆီးနည်းပြဘ၀ ပွဲပေါင်း ၁၀၀ ပြည့်မြောက်တဲ့ပွဲစဉ်မှာ ခရိုအေးရှားကလပ်

ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ ‘’ချဲလ်ဆီးမှာရှိနေစဉ်အတောအတွင်း နည်း ပြတူချယ်နဲ့ သူ့ရဲ့ ဝန်ထမ်းတွေအားလုံး အသင်းအတွက် ကြိုးစားအားထုတ်မှု အပေါ်မှာ ကျေးဇူးအထူးတင်ရှိပါကြောင်းကို

ချဲလ်ဆီးအသင်းမှာရှိတဲ့လူတွေ အားလုံးရဲ့ကိုယ်စား ပြောချင်ပါတယ်။ ချန်ပီယံလိဂ်ဖလား၊ ဥရောပ စူပါဖလား နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပြီးတဲ့နောက် နည်းပြတူချယ်ဟာ ချဲလ်ဆီးသမိုင်းရဲ့ မှတ်တမ်းမှာ

နည်းပြကောင်းတစ်ဦးအဖြစ် တွင်ကျန်ရစ် ပါတော့မယ်။ အသင်းပိုင်ရှင်သစ်တွေ ချဲလ်ဆီးကို လွှဲပြောင်းရယူပြီးကတည်း က ရက်ပေါင်း ၁၀၀ ပြည့်သွားခဲ့ပြီဖြစ်တဲ့နောက်မှာ အသင်းအနေနဲ့ ရှေ့ဆက် ဖို့ ကြိုးစားရုန်းကန်ရပါဦးမယ်။

ဒီအသွင်ကူးပြောင်းမှုကို လုပ်ဆောင်ဖို့အ တွက် မှန်ကန်တယ်လို့ အသင်းပိုင်ရှင်သစ်တွေက ယုံကြည်ခဲ့တာပါ’’ လို့ ချဲလ်ဆီးအသင်းရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့

လန်ဒန်ကလပ်ရဲ့ လစ်လပ်သွားတဲ့နေရာကို အစား ထိုးဝင်ရောက်ဖို့အတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုကို စဉ်းစားနေတယ် လို့ Daily Mail သတင်းစာက ရေးသားဖော်ပြခဲ့ပြီး ဘရိုက်တန်နည်းပြ ဂရေ ဟမ်ပေါ်တာလည်း

ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒိုင်နမိုဇာဂရက်နဲ့ ချဲလ် ဆီးတို့ကစားခဲ့တဲ့ပွဲစဉ်ကို အသင်းပိုင်ရှင်တွေဖြစ်ကြတဲ့ တော့ဒ်ဘိုလေ၊ အက်ဂ်ဘာလီတို့ တက်ရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက် အခုလိုဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

(zawgyi)

ဒိုင္နမိုဇာဂရက္ကို ၁-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာေတာ့ ခ်ဲလ္ဆီးဟာ နည္းျပတူခ်ယ္ကို ရာထူးကေန ထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။ ႐ုရွားေရနံ သူေဌးႀကီး လက္ထဲကေန ခ်ဲလ္ဆီးကို ဝယ္ယူလိုက္တဲ့ ေတာ့ဒ္ဘိုေလဟာ

သူ႔လက္ထက္ ရက္ ၁၀၀ အတြင္းမွာပဲ တူခ်ယ္ကို ရာထူးကေန ဖယ္ရွားလိုက္ တာျဖစ္ပါတယ္။ ဂ်ာမန္သားနည္းျပ တူခ်ယ္ဟာ သူ႔ရဲ႕ ခ်ဲလ္ဆီးနည္းျပဘ၀ ပြဲေပါင္း ၁၀၀ ျပည့္ေျမာက္တဲ့ပြဲစဥ္မွာ ခ႐ိုေအးရွားကလပ္

ဒိုင္နမိုဇာဂရက္ကို ရႈံးနိမ့္ခဲ့ရတာလည္းျဖစ္ပါတယ္။ ‘’ခ်ဲလ္ဆီးမွာရွိေနစဥ္အေတာအတြင္း နည္း ျပတူခ်ယ္နဲ႔ သူ႔ရဲ႕ ဝန္ထမ္းေတြအားလုံး အသင္းအတြက္ ႀကိဳးစားအားထုတ္မႈ အေပၚမွာ ေက်းဇူးအထူးတင္ရွိပါေၾကာင္းကို

ခ်ဲလ္ဆီးအသင္းမွာရွိတဲ့လူေတြ အားလုံးရဲ႕ကိုယ္စား ေျပာခ်င္ပါတယ္။ ခ်န္ပီယံလိဂ္ဖလား၊ ဥေရာပ စူပါဖလား နဲ႔ ဖီဖာကလပ္ကမာၻ႔ဖလားတို႔ကို ရယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ နည္းျပတူခ်ယ္ဟာ ခ်ဲလ္ဆီးသမိုင္းရဲ႕ မွတ္တမ္းမွာ

နည္းျပေကာင္းတစ္ဦးအျဖစ္ တြင္က်န္ရစ္ ပါေတာ့မယ္။ အသင္းပိုင္ရွင္သစ္ေတြ ခ်ဲလ္ဆီးကို လႊဲေျပာင္းရယူၿပီးကတည္း က ရက္ေပါင္း ၁၀၀ ျပည့္သြားခဲ့ၿပီျဖစ္တဲ့ေနာက္မွာ အသင္းအေနနဲ႔ ေရွ႕ဆက္ ဖို႔

ႀကိဳးစား႐ုန္းကန္ရပါဦးမယ္။ ဒီအသြင္ကူးေျပာင္းမႈကို လုပ္ေဆာင္ဖို႔အ တြက္ မွန္ကန္တယ္လို႔ အသင္းပိုင္ရွင္သစ္ေတြက ယုံၾကည္ခဲ့တာပါ’’ လို႔ ခ်ဲလ္ဆီးအသင္းရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ သိရပါတယ္။

ဒါေၾကာင့္ လက္ရွိအခ်ိန္မွာေတာ့ လန္ဒန္ကလပ္ရဲ႕ လစ္လပ္သြားတဲ့ေနရာကို အစား ထိုးဝင္ေရာက္ဖို႔အတြက္ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကို စဥ္းစားေနတယ္ လို႔ Daily Mail သတင္းစာက ေရးသားေဖာ္ျပခဲ့ၿပီး

ဘ႐ိုက္တန္နည္းျပ ဂေရ ဟမ္ေပၚတာလည္း ျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။ ဒိုင္နမိုဇာဂရက္နဲ႔ ခ်ဲလ္ ဆီးတို႔ကစားခဲ့တဲ့ပြဲစဥ္ကို အသင္းပိုင္ရွင္ေတြျဖစ္ၾကတဲ့ ေတာ့ဒ္ဘိုေလ၊ အက္ဂ္ဘာလီတို႔ တက္ေရာက္ၾကည့္ရႈခဲ့ၿပီးတဲ့ေနာက္ အခုလိုဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။