နည်းပြဇာဗီအတွက် ပထမဆုံးဆုဖလားအဖြစ် စပိန်စူပါဖလား ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာ

၂၀၂၂-၂၃ ရာသီ စပိန်စူပါဖလားပွဲအဖြစ် အဓိကပြိုင်ဘက် ရီးယဲလ်နဲ့

ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာအသင်းက (၃-၁)ဂိုးရလဒ်နဲ့
အနိုင်ယူပြီး စပိန်စူပါဖလားကို (၁၄)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ရီးယဲလ်ကို ခြေစွမ်းအသာနဲ့
ကစားနိုင်ခဲ့ပြီး (၃၃)မိနစ်မှာ လီဝန်ဒေါစကီး ထိုးပေးလိုက်တာကနေ
ဂါဗီက အဖွင့်ဂိုးသွင်းယူခဲ့သလို ပထမပိုင်းပြီးခါနီးမှာ ဂါဗီ ဖန်တီးပေးမှုကို
လီဝန်ဒေါစကီးက အပိုင်ပိတ်သွင်းခဲ့တာကြောင့် ဘာစီလိုနာတို့
(၂-ဝ)ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း (၆၉)မိနစ်မှာ ပတ်ဒရီက တတိယဂိုး သွင်းယူခဲ့ချိန်မှာတော့
ပွဲက အဖြေထွက်သွားပြီး ရီးယဲလ်အတွက် နှစ်သိမ့်ဂိုးကို နာကျင်အချိန်ပို

(၉၃)မိနစ်မှာ ဘန်ဇီမာက သွင်းယူခဲ့တာဖြစ်ပါတယ်။

အခုပွဲအနိုင်ရခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ၂၁ ရာစုအတွင်း မက်ဆီ

မပါဘဲနဲ့ ပထမဆုံးဆုဖလားတစ်ခု စတင်ရယူနိုင်ခဲ့တာဖြစ်သလို နည်းပြ
ဇာဗီကလည်း သူ့ရဲ့ ဘာစီလိုနာနည်းပြဘဝမှာ ပထမဆုံးဆုဖလား
ကိုင်မြှောက်ခွင့်ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာဝါရင့်ကွင်းလယ်လူ ဘူးစကွက်စ်ဟာ အသင်းနဲ့အတူ
(၃၃)ခုမြောက် ဆုဖလားပိုင်ဆိုင်ခဲ့တာကြောင့် ဘောလုံးသမိုင်းတစ်လျှောက်
ဆုဖလားအများဆုံးရယူနိုင်တဲ့ကစားသမားစာရင်းမှာ မက်ဆီ(၄၀ခု)၊
ဒန်နီအဲလ်ဗတ်စ် (၃၈ခု)၊ အင်နီယေစတာ (၃၇ခု)၊ ပီကေး (၃၅ခု)တို့ရဲ့နောက်

ရိုင်ယန်ဂစ် (၃၃ခု)၊ မက်ဇ်ဝဲလ် (၃၃ခု)နဲ့အတူ အဆင့်(၅)နေရာမှာ ပူးတွဲ
ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

[Zawgyi]

၂၀၂၂-၂၃ ရာသီ စပိန္စူပါဖလားပြဲအျဖစ္ အဓိကၿပိဳင္ဘက္ ရီးယဲလ္နဲ႔
ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ ဘာစီလိုနာအသင္းက (၃-၁)ဂိုးရလဒ္နဲ႔
အႏိုင္ယူၿပီး စပိန္စူပါဖလားကို (၁၄)ႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဗိုလ္လုပြဲမွာ ဘာစီလိုနာအသင္းက ရီးယဲလ္ကို ေျခစြမ္းအသာနဲ႔
ကစားႏိုင္ခဲ့ၿပီး (၃၃)မိနစ္မွာ လီဝန္ေဒါစကီး ထိုးေပးလိုက္တာကေန
ဂါဗီက အဖြင့္ဂိုးသြင္းယူခဲ့သလို ပထမပိုင္းၿပီးခါနီးမွာ ဂါဗီ ဖန္တီးေပးမႈကို
လီဝန္ေဒါစကီးက အပိုင္ပိတ္သြင္းခဲ့တာေၾကာင့္ ဘာစီလိုနာတို႔

(၂-ဝ)ဂိုးျပတ္နဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္း (၆၉)မိနစ္မွာ ပတ္ဒရီက တတိယဂိုး သြင္းယူခဲ့ခ်ိန္မွာေတာ့

ပြဲက အေျဖထြက္သြားၿပီး ရီးယဲလ္အတြက္ ႏွစ္သိမ့္ဂိုးကို နာက်င္အခ်ိန္ပို
(၉၃)မိနစ္မွာ ဘန္ဇီမာက သြင္းယူခဲ့တာျဖစ္ပါတယ္။

အခုပြဲအႏိုင္ရခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းဟာ ၂၁ ရာစုအတြင္း မက္ဆီ
မပါဘဲနဲ႔ ပထမဆုံးဆုဖလားတစ္ခု စတင္ရယူႏိုင္ခဲ့တာျဖစ္သလို နည္းျပ
ဇာဗီကလည္း သူ႔ရဲ႕ ဘာစီလိုနာနည္းျပဘဝမွာ ပထမဆုံးဆုဖလား
ကိုင္ေျမႇာက္ခြင့္ရရွိခဲ့ပါတယ္။

ဒါ့အျပင္ ဘာစီလိုနာဝါရင့္ကြင္းလယ္လူ ဘူးစကြက္စ္ဟာ အသင္းနဲ႔အတူ
(၃၃)ခုေျမာက္ ဆုဖလားပိုင္ဆိုင္ခဲ့တာေၾကာင့္ ေဘာလုံးသမိုင္းတစ္ေလွ်ာက္
ဆုဖလားအမ်ားဆုံးရယူႏိုင္တဲ့ကစားသမားစာရင္းမွာ မက္ဆီ(၄၀ခု)၊

ဒန္နီအဲလ္ဗတ္စ္ (၃၈ခု)၊ အင္နီေယစတာ (၃၇ခု)၊ ပီေကး (၃၅ခု)တို႔ရဲ႕ေနာက္
႐ိုင္ယန္ဂစ္ (၃၃ခု)၊ မက္ဇ္ဝဲလ္ (၃၃ခု)နဲ႔အတူ အဆင့္(၅)ေနရာမွာ ပူးတြဲ
ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။