နဂါးမဟုတ်ပေမယ့် မက်ဆီတို့လူစုကြောက်အောင် ကြိုးစားပြီး အမောက်ထောင်ပြနေရှာတဲ့ ဂယ်လ်တီယာ

ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမား ၃ ဦးဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပီတို့ကို သတိပေးမှုတွေ ပြတ်ပြတ်သားသား လုပ်ခဲ့တယ်လို့သိရပါတယ်။ သူတို့ ၃ ယောက်အနေနဲ့

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အရန်ခုံဆိုတဲ့ အခန်းကဏ္ဍကိုတော့ လက်ခံရလိမ့်မယ်လို့ ပြောခဲ့တာပါ။ နည်းပြဟောင်း ပိုချက်တီနိုလက်ထက်တုန်းက အသင်းကို အမြဲတမ်း အလှည့်ကျစနစ်သုံးစွဲတာမျိုး မရှိခဲ့ပါဘူး။

ဂယ်လ်တီယာကတော့ နန်တက်စ်နဲ့ပွဲမှာ နေမာကို အရန်ခုံပေါ်ထိုင်ခိုင်းဖို့ ထိတ်လန့်ခြင်းမရှိခဲ့ပါဘူး။ ဘရာဇီးလ်တိုက်စစ်မှူးဟာ တစ်နာရီနီးပါးလောက်ကြာမှ အမ်ဘာပီနေရာအစားဝင်ခွင့်ရခဲ့သလို ပြင်သစ်တိုက်စစ်မှူးလည်း

အဒွန့်တက်တဲ့အရိပ်အယောင်မျိုး မပြခဲ့တာတွေ့ရပါတယ်။ ပီအက်စ်ဂျီဟာ ရာသီအဖွင့် လီဂူး ၆ ပွဲမှာ ၂၄ ဂိုးသွင်းပြီး မာဆေးလ်ထက် ဂိုးကွာခြားချက်အသာနဲ့ ဇယားထိပ်မှာဦးဆောင်နေတာပါ။

ဒါကြောင့်လည်း သူ့အလုပ်ကို သူအကောင်းဆုံးလုပ်နေတယ်လို့ ဂယ်လ်တီယာက ကစားသမားတွေကို စောဒကမတက်ဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။ “ ဒါကို ၂ ကြိမ်ပြောပြီးပြီ။ တစ်ဦးချင်းကိုရော အသင်းလိုက်ရောပါ ပြောပြီးပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် မှန်ကန်တဲ့သဘောထားနဲ့လက်ခံရမယ်ဆိုတာ သတိပေးပြီးပါပြီ။ ပွဲစဉ်ဇယားတွေ ကျပ်ညပ်နေတာကြောင့် လူတိုင်းမှာ တာဝန်ရှိပါတယ်။ ပွဲအားလုံးကို မကစားနိုင်ဘူးဆိုတာ လူတိုင်းနားလည်ထားရမယ် ” လို့ ဂယ်လ်တီယာက ပြောသွားခဲ့ပါတယ်။

သူဟာ နန်တက်စ်နဲ့ပွဲမှာ ရာမို့စ်ကိုလည်း အရန်ခုံထိုင်ခိုင်းခဲ့ပါတယ်။ ပရိသတ်တွေကတော့ နည်းပြရဲ့စည်းကမ်းပိုင်းတင်းကျပ်မှုနဲ့ ခပ်စွာစွာသဘောထားအပေါ် လက်ခံကြပေမယ့် ရလဒ်မကောင်းချိန်မှာ ကြယ်ပွင့်ကစားသမားတွေနဲ့ ပါဝါပြိုင်ရင် ရှုံးနိမ့်ရလိမ့်ဦးမယ်လို့ ဂယ်လ်တီယာကို သတိပေးနေကြပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီနည္းျပ ဂယ္လ္တီယာဟာ အသင္းရဲ႕ၾကယ္ပြင့္ကစားသမား ၃ ဦးျဖစ္တဲ့ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာပီတို႔ကို သတိေပးမႈေတြ ျပတ္ျပတ္သားသား လုပ္ခဲ့တယ္လို႔သိရပါတယ္။ သူတို႔ ၃ ေယာက္အေနနဲ႔ ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ

အရန္ခုံဆိုတဲ့ အခန္းက႑ကိုေတာ့ လက္ခံရလိမ့္မယ္လို႔ ေျပာခဲ့တာပါ။ နည္းျပေဟာင္း ပိုခ်က္တီႏိုလက္ထက္တုန္းက အသင္းကို အၿမဲတမ္း အလွည့္က်စနစ္သုံးစြဲတာမ်ိဳး မရွိခဲ့ပါဘူး။ ဂယ္လ္တီယာကေတာ့ နန္တက္စ္နဲ႔ပြဲမွာ ေနမာကို အရန္ခုံေပၚထိုင္ခိုင္းဖို႔

ထိတ္လန႔္ျခင္းမရွိခဲ့ပါဘူး။ ဘရာဇီးလ္တိုက္စစ္မႉးဟာ တစ္နာရီနီးပါးေလာက္ၾကာမွ အမ္ဘာပီေနရာအစားဝင္ခြင့္ရခဲ့သလို ျပင္သစ္တိုက္စစ္မႉးလည္း အဒြန႔္တက္တဲ့အရိပ္အေယာင္မ်ိဳး မျပခဲ့တာေတြ႕ရပါတယ္။ ပီအက္စ္ဂ်ီဟာ ရာသီအဖြင့္ လီဂူး ၆ ပြဲမွာ ၂၄ ဂိုးသြင္းၿပီး

မာေဆးလ္ထက္ ဂိုးကြာျခားခ်က္အသာနဲ႔ ဇယားထိပ္မွာဦးေဆာင္ေနတာပါ။ ဒါေၾကာင့္လည္း သူ႔အလုပ္ကို သူအေကာင္းဆုံးလုပ္ေနတယ္လို႔ ဂယ္လ္တီယာက ကစားသမားေတြကို ေစာဒကမတက္ဖို႔ သတိေပးခဲ့တာျဖစ္ပါတယ္။

“ ဒါကို ၂ ႀကိမ္ေျပာၿပီးၿပီ။ တစ္ဦးခ်င္းကိုေရာ အသင္းလိုက္ေရာပါ ေျပာၿပီးပါၿပီ။ ဘယ္လိုပဲျဖစ္ျဖစ္ မွန္ကန္တဲ့သေဘာထားနဲ႔လက္ခံရမယ္ဆိုတာ သတိေပးၿပီးပါၿပီ။

ပြဲစဥ္ဇယားေတြ က်ပ္ညပ္ေနတာေၾကာင့္ လူတိုင္းမွာ တာဝန္ရွိပါတယ္။ ပြဲအားလုံးကို မကစားႏိုင္ဘူးဆိုတာ လူတိုင္းနားလည္ထားရမယ္ ” လို႔ ဂယ္လ္တီယာက ေျပာသြားခဲ့ပါတယ္။ သူဟာ နန္တက္စ္နဲ႔ပြဲမွာ ရာမို႔စ္ကိုလည္း အရန္ခုံထိုင္ခိုင္းခဲ့ပါတယ္။

ပရိသတ္ေတြကေတာ့ နည္းျပရဲ႕စည္းကမ္းပိုင္းတင္းက်ပ္မႈနဲ႔ ခပ္စြာစြာသေဘာထားအေပၚ လက္ခံၾကေပမယ့္ ရလဒ္မေကာင္းခ်ိန္မွာ ၾကယ္ပြင့္ကစားသမားေတြနဲ႔ ပါဝါၿပိဳင္ရင္ ရႈံးနိမ့္ရလိမ့္ဦးမယ္လို႔ ဂယ္လ္တီယာကို သတိေပးေနၾကပါတယ္။