နကျယ်ကောင်တွေရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ လာကာဇက်တီ ရာသီကြိုခြေစမ်းပွဲတွေလွဲရတော့မယ်

လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကတော့ ရာသီကြိုခြေစမ်းပွဲတွေနဲ့ လွဲချော်ရတော့မှာပါ။ အကြောင်းကတော့ အာဆင်နယ်တိုက်စစ်မှူးဟောင်းဟာ လေ့ကျင့်ကွင်းမှာ

နကျယ်ကောင် အကိုက်ခံရလို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက လိုင်ယွန်ကိုပြန်ရောက်လာတဲ့ လာကာဇက်တီဟာ လီဂူးကလပ်နဲ့အတူ နယ်သာလန်မှာလေ့ကျင့်နေတာပါ။

ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ နကျယ်သိုက်နဲ့တွေ့ပြီး အကိုက်ခံရတာကြောင့် လေ့ကျင့်ရေးအစီအစဉ်ကနေ ထွက်ခဲ့ရပါတယ်။ ပြင်သစ်သတင်းစာ L’Equipe ကတော့ အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးဟာ

အသင်းအခြေစိုက်စခန်းနားက တောအုပ်တစ်ခုဆီ အလည်သွားစဉ်မှာ ဒါဇင်နဲ့ချီတဲ့ နကျယ်ကောင်တွေရဲ့သားကောင် ဖြစ်ခဲ့တယ်လို့ရေးသားထားပါတယ်။

သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အသင်းဖော် ဒမ်ဘီလီလည်း အကိုက်ခံခဲ့ရတာပါ။ ဒါပေမဲ့ ဒမ်ဘီလီက အာဆင်နယ်တိုက်စစ်မှူးဟောင်းထက် သိသိသာသာပြန်ကောင်းလာသလို

လေ့ကျင့်ကွင်းလည်းလာနိုင်ခဲ့ပါတယ်။ လာကာဇက်တီဟာ လိုင်ယွန်နဲ့ ၃ နှစ်စာချုပ်ခဲ့တာဖြစ်ပြီး ဒီအသင်းက မထွက်ခွာခင်မှာ ပွဲပေါင်း ၂၀၀ ကျော် ကစားပေးခဲ့သူပါ။

“ ဥရောပပွဲတွေမရှိပေမယ့် အသင်းရဲ့ပရောဂျက်က အရေးကြီးပါတယ်။ လေ့ကျင့်ကွင်းနဲ့ပွဲထဲမှာ အသုံးဝင်နေဆဲလို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ခံစားရပါတယ်။

အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ကျွန်တော် အချိန်နည်းနည်းတော့ ယူခဲ့ရပါတယ်။ ဘောလုံးဆိုတာ လှပတဲ့အတတ်ပညာတစ်ခုပါ ” လို့ လာကာဇက်တီက လိုင်ယွန်ပြန်ရောက်ချိန်မှာ ဖွင့်ဟခဲ့ပါတယ်။

(zawgyi)

လိုင္ယြန္တိုက္စစ္မႉး လာကာဇက္တီကေတာ့ ရာသီႀကိဳေျခစမ္းပြဲေတြနဲ႔ လြဲေခ်ာ္ရေတာ့မွာပါ။ အေၾကာင္းကေတာ့ အာဆင္နယ္တိုက္စစ္မႉးေဟာင္းဟာ ေလ့က်င့္ကြင္းမွာ နက်ယ္ေကာင္

အကိုက္ခံရလို႔ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက လိုင္ယြန္ကိုျပန္ေရာက္လာတဲ့ လာကာဇက္တီဟာ လီဂူးကလပ္နဲ႔အတူ နယ္သာလန္မွာေလ့က်င့္ေနတာပါ။ ဒါေပမဲ့ ကံဆိုးစြာနဲ႔ပဲ နက်ယ္သိုက္နဲ႔ေတြ႕ၿပီး

အကိုက္ခံရတာေၾကာင့္ ေလ့က်င့္ေရးအစီအစဥ္ကေန ထြက္ခဲ့ရပါတယ္။ ျပင္သစ္သတင္းစာ L’Equipe ကေတာ့ အသက္ ၃၁ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ အသင္းအေျခစိုက္စခန္းနားက

ေတာအုပ္တစ္ခုဆီ အလည္သြားစဥ္မွာ ဒါဇင္နဲ႔ခ်ီတဲ့ နက်ယ္ေကာင္ေတြရဲ႕သားေကာင္ ျဖစ္ခဲ့တယ္လို႔ေရးသားထားပါတယ္။ သူတစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ အသင္းေဖာ္ ဒမ္ဘီလီလည္း အကိုက္ခံခဲ့ရတာပါ။

ဒါေပမဲ့ ဒမ္ဘီလီက အာဆင္နယ္တိုက္စစ္မႉးေဟာင္းထက္ သိသိသာသာျပန္ေကာင္းလာသလို ေလ့က်င့္ကြင္းလည္းလာႏိုင္ခဲ့ပါတယ္။ လာကာဇက္တီဟာ လိုင္ယြန္နဲ႔ ၃ ႏွစ္စာခ်ဳပ္ခဲ့တာျဖစ္ၿပီး

ဒီအသင္းက မထြက္ခြာခင္မွာ ပြဲေပါင္း ၂၀၀ ေက်ာ္ ကစားေပးခဲ့သူပါ။ “ ဥေရာပပြဲေတြမရွိေပမယ့္ အသင္းရဲ႕ပေရာဂ်က္က အေရးႀကီးပါတယ္။ ေလ့က်င့္ကြင္းနဲ႔ပြဲထဲမွာ အသုံးဝင္ေနဆဲလို႔ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ ခံစားရပါတယ္။

အေကာင္းဆုံး ဆုံးျဖတ္ခ်က္ျဖစ္ေပမယ့္ ကြၽန္ေတာ္ အခ်ိန္နည္းနည္းေတာ့ ယူခဲ့ရပါတယ္။ ေဘာလုံးဆိုတာ လွပတဲ့အတတ္ပညာတစ္ခုပါ ” လို႔ လာကာဇက္တီက လိုင္ယြန္ျပန္ေရာက္ခ်ိန္မွာ ဖြင့္ဟခဲ့ပါတယ္။