ဒဲလ်ပီယာရိုနဲ့ ဒီမာရီယာတို့ရဲ့ လော့စ်အိန်ဂျယ်လိစ်လေ့ကျင့်ကွင်းက ဖရီးကစ် စိန်ခေါ်ပွဲ

ဂျူဗင်တပ်ဂန္ထဝင်တိုက်စစ်မှူး ဒဲလ်ပီယာရိုဟာ မြက်ခင်းစိမ်းတွေပေါ်ကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပါတယ်။ ၂၀၂၂-၂၃ ရာသီအတွက် တိုက်ပွဲဝင်မယ့် အသင်းဟောင်းကို

အကူအညီပေးခဲ့တာပါ။ အထူးသဖြင့် လာမယ့်ရာသီမှာ အိုးလ်လေဒီတွေရဲ့ဖရီးကစ်တွေကို ဒိုင်ခံကန်သွင်းမယ့်သူဖြစ်လာနိုင်တဲ့ ဒီမာရီယာအတွက် အသုံးဝင်မယ့်လေ့ကျင့်ရေးတွေ

လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ၂၀၀၆ ကမ္ဘာ့ဖလားဆုရှင်ဟာ ဂျူဗင်တပ်အတွက် ၁၉၉၃ ကနေ ၂၀၁၂ အထိ ကစားပေးခဲ့ပြီး ၇၀၅ ပွဲမှာ ဂိုး ၂၉၀ သွင်းနိုင်ခဲ့ပါတယ်။

သွင်းဂိုးအများစုက တည်ကန်ဘောတွေကနေဖြစ်ပြီး ဖရီးကစ်စပါယ်ရှယ်လစ်တစ်ဦးလည်း ဖြစ်ပါတယ်။ အလွတ်အေးဂျင့်နဲ့ရောက်လာတဲ့ ရီးရဲလ်နဲ့ပီအက်စ်ဂျီကွင်းလယ်လူဟောင်းကလည်း

ဒီနေရာမှာ ဆရာတစ်ဆူဖြစ်တာကြောင့် လော့စ်အိန်ဂျယ်လိစ်လေ့ကျင့်ကွင်းက စိန်ခေါ်မှုကို ပျော်ပျော်ရွှင်ရွှင်ပဲ လက်ခံခဲ့တာပါ။ ဒီမာရီယာနဲ့ ဒဲလ်ပီယာရိုတို့ရဲ့ ဖရီးကစ်စိန်ခေါ်ပွဲ။

ဘယ်သန်နဲ့ညာသန်တို့ရဲ့ ခမ်းနားတဲ့စိန်ခေါ်ပွဲမှာ ဘယ်သူအနိုင်ရသွားတယ်ထင်ပါသလဲ။

ဖရီးကစ် ၅ လုံးစီကန်ကြရာမှာ တောင်အမေရိက တောင်ပံတိုက်စစ်မှူးက အစောပိုင်းမှာ အသာရနေပေမယ့် အီတလီဂန္ထဝင်ကလည်း သမ္ဘာနဲ့လိုက်လာတာကြောင့် ၂-၂ ဂိုးနဲ့ သရေကျသွားခဲ့ပါတယ်။

(zawgyi)

ဂ်ဴဗင္တပ္ဂႏၴဝင္တိုက္စစ္မႉး ဒဲလ္ပီယာ႐ိုဟာ ျမက္ခင္းစိမ္းေတြေပၚကို တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့ပါတယ္။ ၂၀၂၂-၂၃ ရာသီအတြက္ တိုက္ပြဲဝင္မယ့္ အသင္းေဟာင္းကို အကူအညီေပးခဲ့တာပါ။

အထူးသျဖင့္ လာမယ့္ရာသီမွာ အိုးလ္ေလဒီေတြရဲ႕ဖရီးကစ္ေတြကို ဒိုင္ခံကန္သြင္းမယ့္သူျဖစ္လာႏိုင္တဲ့ ဒီမာရီယာအတြက္ အသုံးဝင္မယ့္ေလ့က်င့္ေရးေတြ လုပ္ေပးခဲ့တာျဖစ္ပါတယ္။

အားလုံးသိတဲ့အတိုင္း ၂၀၀၆ ကမာၻ႔ဖလားဆုရွင္ဟာ ဂ်ဴဗင္တပ္အတြက္ ၁၉၉၃ ကေန ၂၀၁၂ အထိ ကစားေပးခဲ့ၿပီး ၇၀၅ ပြဲမွာ ဂိုး ၂၉၀ သြင္းႏိုင္ခဲ့ပါတယ္။ သြင္းဂိုးအမ်ားစုက

တည္ကန္ေဘာေတြကေနျဖစ္ၿပီး ဖရီးကစ္စပါယ္ရွယ္လစ္တစ္ဦးလည္း ျဖစ္ပါတယ္။ အလြတ္ေအးဂ်င့္နဲ႔ေရာက္လာတဲ့ ရီးရဲလ္နဲ႔ပီအက္စ္ဂ်ီကြင္းလယ္လူေဟာင္းကလည္း ဒီေနရာမွာ

ဆရာတစ္ဆူျဖစ္တာေၾကာင့္ ေလာ့စ္အိန္ဂ်ယ္လိစ္ေလ့က်င့္ကြင္းက စိန္ေခၚမႈကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ လက္ခံခဲ့တာပါ။ ဒီမာရီယာနဲ႔ ဒဲလ္ပီယာ႐ိုတို႔ရဲ႕ ဖရီးကစ္စိန္ေခၚပြဲ။

ဘယ္သန္နဲ႔ညာသန္တို႔ရဲ႕ ခမ္းနားတဲ့စိန္ေခၚပြဲမွာ ဘယ္သူအႏိုင္ရသြားတယ္ထင္ပါသလဲ။

ဖရီးကစ္ ၅ လုံးစီကန္ၾကရာမွာ ေတာင္အေမရိက ေတာင္ပံတိုက္စစ္မႉးက အေစာပိုင္းမွာ အသာရေနေပမယ့္ အီတလီဂႏၴဝင္ကလည္း သမာၻနဲ႔လိုက္လာတာေၾကာင့္ ၂-၂ ဂိုးနဲ႔ သေရက်သြားခဲ့ပါတယ္။