





ချဲလ်ဆီးအသင်းပိုင်ရှင်ဖြစ်တဲ့ ရိုမန်အေဘရာမိုဗစ်ချ်ဟာ သူ့ရဲ့လူနေမှုကုန်ကျစရိတ်တွေအတွက်
မိတ်ဆွေသူဌေးတွေဆီကနေဒေါ်လာတစ်သန်း(ပေါင် ၇၆၅၀၀၀) စီလိုက်ချေးနေပေမယ့်





ဘယ်သူကမှ သူ့ကိုချေးငှားခြင်းမရှိသေးဘူးလို့ The Sun သတင်းစာကြီးကဖော်ပြလိုက်ပါတယ်။
ယူကရိန်းကိုကျူးကျော်ဖို့အမိန့်ပေးခဲ့တဲ့ ရုရှားသမ္မတ ပူတင်နဲ့နီးစပ်လို့ ဗြိတိန်အစိုးရရဲ့
ပိတ်ပင်အရေးယူမှုထဲမှာပါသွားတဲ့ မိုဗစ်ချ်ဟာ ကမ္ဘာတစ်ဝန်းကသူ့ပိုင်ဆိုင်မှုတွေ





အားလုံးလည်းထိန်းချုပ်ခံလိုက်ရလို့ အဆင်မပြေဖြစ်နေသူပါ။
လက်ရှိမှာသူ့ရဲ့ရွက်လှေမှာနေထိုင်မှုအပါအဝင် အခြားဇိမ်ကျတဲ့နေထိုင်မှုတွေအတွက်





ကုန်ကျစရိတ်တွေရှိနေတာကြောင့် ဟောလိဝုဒ်၊ Wall Street နဲ့ နည်းပညာရပ်နယ်ပယ်က
သူဌေးတွေဆီကနေတစ်ယောက်ကိုဒေါ်လာတစ်သန်းစီလိုက်ချေးနေတာပါ။
သူပိုက်ဆံလိုက်ချေးတဲ့သူတွေထဲမှာ Rush Hour ဒါရိုက်တာ ဘရက်ရက်တ်နာလည်း
ပါဝင်နေတယ်လို့ သိရပါတယ်။ အခုလိုမျိုး VIP မိတ်ဆွေတွေဆီကနေငွေလိုက်ချေးနေပေမယ့်
သူ့ကိုဘယ်သူကမှချေးငှားခြင်းမရှိသေးပါဘူး။ အခုသတင်းတွေထွက်ပေါ်နေမှုကို





မိုဗစ်ချ်ဘက်ကငြင်းပယ်ထားသလို သူ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကလည်း မစ္စတာမိုဗစ်ချ်ဟာ
ဘယ်သူ့ဆီကမှငွေလိုက်ချေးနေတာမရှိဘူးလို့ ပြောထားပါတယ်။
ဒါပေမယ့်ပိုင်ဆိုင်မှုတွေအားလုံး ထိန်းချုပ်ခံထားရချိန်မှာ သူ့ရဲ့ဝန်ထမ်းတွေကို





တစ်ပတ်ပေါင် ၆ သိန်းအထိပေးချေနေရတဲ့ မိုဗစ်ချ်အတွက် ငွေချေးမှသာဖြစ်နိုင်ဖို့ရှိနေလို့
သူချေးငှားခြင်းမရှိဘူးလို့ ငြင်းတာဟာသိပ်မဖြစ်နိုင်ဘူးလို့လည်းဆိုပါတယ်။





မိုဗစ်ချ်ဟာငွေကြေးကြွယ်ဝခဲ့သူပီပီ နာမည်ကျော်မိတ်ဆွေတွေလည်းပေါများပြီး
၂၀၁၆ ကသူပြုလုပ်ခဲ့တဲ့ New Year’s eve ကို သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယို၊
ဒါရိုက်တာ ဂျော့လူးကက်စ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပေါ့ပ်နာမည်ကျော် ပရင့်စ် တို့





တက်ရောက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၄ ကယူကရိန်းကို ရုရှားကကျူးကျော်ခဲ့ပြီးနောက်
ရုရှားသမ္မတပူတင်ရဲ့ ခရိုနီမိတ်ဆွေအဖြစ်လူသိများတဲ့ မိုဗစ်ချ်ဟာ အရေးယူခံရမှုတွေနဲ့အတူ





ဒေါ်လာ ၇.၆ ဘီလီယံအထိဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကခန့်မှန်းထားကြပါတယ်။
ဒါပေမယ့် ပိတ်ပင်မှုတွေရုပ်သိမ်းပေးလိုက်ရင် မိုဗစ်ချ်ရဲ့ပိုင်ဆိုင်မှုက
ဒေါ်လာ ၇ ဘီလီယံလောက်အထိရှိနိုင်သေးတယ်လို့လည်း ဆိုပါတယ်။





zawgyi
ေဒၚလာတစ္သန္းစီလိုက္ေခ်းေနေပမယ့္ မိုဗစ္ခ်္ကိုေပးမယ့္သူမရွိျဖစ္ေန





ခ်ဲလ္ဆီးအသင္းပိုင္ရွင္ျဖစ္တဲ့ ႐ိုမန္ေအဘရာမိုဗစ္ခ်္ဟာ သူ႔ရဲ႕လူေနမႈကုန္က်စရိတ္ေတြအတြက္
မိတ္ေဆြသူေဌးေတြဆီကေနေဒၚလာတစ္သန္း(ေပါင္ ၇၆၅၀၀၀) စီလိုက္ေခ်းေနေပမယ့္
ဘယ္သူကမွ သူ႔ကိုေခ်းငွားျခင္းမရွိေသးဘူးလို႔ The Sun သတင္းစာႀကီးကေဖာ္ျပလိုက္ပါတယ္။





ယူကရိန္းကိုက်ဴးေက်ာ္ဖို႔အမိန႔္ေပးခဲ့တဲ့ ႐ုရွားသမၼတ ပူတင္နဲ႔နီးစပ္လို႔ ၿဗိတိန္အစိုးရရဲ႕
ပိတ္ပင္အေရးယူမႈထဲမွာပါသြားတဲ့ မိုဗစ္ခ်္ဟာ ကမာၻတစ္ဝန္းကသူ႔ပိုင္ဆိုင္မႈေတြ





အားလုံးလည္းထိန္းခ်ဳပ္ခံလိုက္ရလို႔ အဆင္မေျပျဖစ္ေနသူပါ။
လက္ရွိမွာသူ႔ရဲ႕႐ြက္ေလွမွာေနထိုင္မႈအပါအဝင္ အျခားဇိမ္က်တဲ့ေနထိုင္မႈေတြအတြက္
ကုန္က်စရိတ္ေတြရွိေနတာေၾကာင့္ ေဟာလိဝုဒ္၊ Wall Street နဲ႔ နည္းပညာရပ္နယ္ပယ္က





သူေဌးေတြဆီကေနတစ္ေယာက္ကိုေဒၚလာတစ္သန္းစီလိုက္ေခ်းေနတာပါ။
သူပိုက္ဆံလိုက္ေခ်းတဲ့သူေတြထဲမွာ Rush Hour ဒါ႐ိုက္တာ ဘရက္ရက္တ္နာလည္





းပါဝင္ေနတယ္လို႔ သိရပါတယ္။ အခုလိုမ်ိဳး VIP မိတ္ေဆြေတြဆီကေနေငြလိုက္ေခ်းေနေပမယ့္
သူ႔ကိုဘယ္သူကမွေခ်းငွားျခင္းမရွိေသးပါဘူး။ အခုသတင္းေတြထြက္ေပၚေနမႈကို
မိုဗစ္ခ်္ဘက္ကျငင္းပယ္ထားသလို သူ႔ရဲ႕ေျပာခြင့္ရပုဂၢိဳလ္ကလည္း မစၥတာမိုဗစ္ခ်္ဟာ





ဘယ္သူ႔ဆီကမွေငြလိုက္ေခ်းေနတာမရွိဘူးလို႔ ေျပာထားပါတယ္။
ဒါေပမယ့္ပိုင္ဆိုင္မႈေတြအားလုံး ထိန္းခ်ဳပ္ခံထားရခ်ိန္မွာ သူ႔ရဲ႕ဝန္ထမ္းေတြကို





တစ္ပတ္ေပါင္ ၆ သိန္းအထိေပးေခ်ေနရတဲ့ မိုဗစ္ခ်္အတြက္ ေငြေခ်းမွသာျဖစ္ႏိုင္ဖို႔ရွိေနလို႔
သူေခ်းငွားျခင္းမရွိဘူးလို႔ ျငင္းတာဟာသိပ္မျဖစ္ႏိုင္ဘူးလို႔လည္းဆိုပါတယ္။
မိုဗစ္ခ်္ဟာေငြေၾကးႂကြယ္ဝခဲ့သူပီပီ နာမည္ေက်ာ္မိတ္ေဆြေတြလည္းေပါမ်ားၿပီး





၂၀၁၆ ကသူျပဳလုပ္ခဲ့တဲ့ New Year’s eve ကို သ႐ုပ္ေဆာင္ လီယိုနာဒိုဒီကာပရီယို၊
ဒါ႐ိုက္တာ ေဂ်ာ့လူးကက္စ္နဲ႔ ကြယ္လြန္သြားၿပီျဖစ္တဲ့ ေပါ့ပ္နာမည္ေက်ာ္ ပရင့္စ္ တို႔





တက္ေရာက္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီ ၂၄ ကယူကရိန္းကို ႐ုရွားကက်ဴးေက်ာ္ခဲ့ၿပီးေနာက္
႐ုရွားသမၼတပူတင္ရဲ႕ ခ႐ိုနီမိတ္ေဆြအျဖစ္လူသိမ်ားတဲ့ မိုဗစ္ခ်္ဟာ အေရးယူခံရမႈေတြနဲ႔အတူ
ေဒၚလာ ၇.၆ ဘီလီယံအထိဆုံးရႈံးခဲ့ရၿပီးျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြကခန႔္မွန္းထားၾကပါတယ္။





ဒါေပမယ့္ ပိတ္ပင္မႈေတြ႐ုပ္သိမ္းေပးလိုက္ရင္ မိုဗစ္ခ်္ရဲ႕ပိုင္ဆိုင္မႈက
ေဒၚလာ ၇ ဘီလီယံေလာက္အထိရွိႏိုင္ေသးတယ္လို႔လည္း ဆိုပါတယ္။
Leave a Reply