ဒေါသထွက်နေတဲ့ လီဗာပူးဖန်တွေက ဆာလာကို ရောင်းထုတ်ဖို့ အသင်းကို တောင်းဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူး တိုက်စစ်မှုးဟာ လာမယ့်ရာသီကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း

ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ်ကိစ္စကို ဆွေးနွေးနေတာ အတော်ကြာနေပြီ

ဖြစ်ပေမယ့်လည်း သဘောတူညီမှု ရရန် လုံး၀ နီးစပ်မှုတော့ မရှိသေးပါဘူး။

သတင်းတွေအရ ဆာလာဟာ စာချုပ်သစ်အတွက် လီဗာပူး နဲ့ သဘောတူညီမှု

ရယူနိုင်ခဲ့ခြင်း မရှိဘူးဆိုရင် အန်ဖီးမှာ စာချုပ်ကုန်တဲ့အထိ ဆက်ကစားကာ

အလွတ်ပြောင်းရွေ့ကြေးနဲ့ ကလပ်ကနေ ထွက်ခွာသွားရန် ရည်ရွယ်ထားတယ်လို့

သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ

အီဂျစ်စတားဟာ လီဗာပူး ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာပဲ

ဆက်နေချင်တယ်လို့လည်း သိရပါတယ်။ အဲဒီ သတင်းကို ကြားပြီး စိတ်ပျက်

ဒေါသထွက်နေကြတဲ့လီဗာပူးပရိသတ်များဟာစာချုပ်သစ်ချုပ်ဆိုရေး

သဘောတူညီမှုမရရင်ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းသို့ပြောင်းရန်အသင့်

ရှိနေတယ်လို့သတင်းထွက်နေတဲ့ဆာလာကို ချက်ချင်းရောင်းချရန်တောင်းဆိုလာပါတယ်။

လီဗာပူးပရိသတ်တစ်ဦးက “ချက်ချင်းသာရောင်းလိုက်ပါတော့”လို့

တိုက်တွန်းရေးသားပါတယ်။အခြားတစ်ဦးကလည်း “နောက်ဆုံးခြောက်လမှာ

ဘာမှမလုပ်ပြနိုင်တဲ့ဆာလာကိုအခုပဲရောင်းလိုက်ပါတော့။သူကကလပ်အတွက်

ပြဿနာကောင်ပါ”လို့ဆိုပါတယ်။ ဆာလာဟာလက်ရှိအချိန်တွင်လီဗာပူးတွင်

တစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀ ရရှိနေသူဖြစ်ပြီးစာချုပ်သစ်တွင်လုပ်ခ၁၅ရာခိုင်နှုန်း

တိုးမြှင့်ရရှိလိုနေပါတယ်။ လီဗာပူးတိုက်စစ်မှူး ဆာလာဟာ ပရီးမီးယားလိဂ်

ပရိသတ်များက ရွေးချယ်ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု

(PFA Premier League Fans’ Player of the Year)၊ ယခုရာသီအတွက်

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊ ဂိုးဖန်တီးမှုအများဆုံးဆုနှင့် ပရီးမီးယားလိဂ်

အကောင်းဆုံးသွင်းဂိုးဆုတို့ကို ရရှိထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဒါသထြက္ေနတဲ့ လီဗာပူးဖန္ေတြက ဆာလာကို ေရာင္းထုတ္ဖို႔ အသင္းကို ေတာင္းဆို

လီဗာပူး တိုက္စစ္မႈးဟာ လာမယ့္ရာသီကုန္မွာ လီဗာပူးနဲ႔ စာခ်ဳပ္သက္တမ္း

ကုန္ဆုံးမွာ ျဖစ္ၿပီး စာခ်ဳပ္သစ္ကိစၥကို ေဆြးေႏြးေနတာ အေတာ္ၾကာေနၿပီ

ျဖစ္ေပမယ့္လည္း သေဘာတူညီမႈ ရရန္ လုံး၀ နီးစပ္မႈေတာ့ မရွိေသးပါဘူး။

သတင္းေတြအရ ဆာလာဟာ စာခ်ဳပ္သစ္အတြက္ လီဗာပူး နဲ႔ သေဘာတူညီမႈ

ရယူႏိုင္ခဲ့ျခင္း မရွိဘူးဆိုရင္ အန္ဖီးမွာ စာခ်ဳပ္ကုန္တဲ့အထိ ဆက္ကစားကာ

အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ ကလပ္ကေန ထြက္ခြာသြားရန္ ရည္႐ြယ္ထားတယ္လို႔

သိရပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းက ထြက္ေပၚခဲ့တဲ့ သတင္းမ်ားအရ

အီဂ်စ္စတားဟာ လီဗာပူး ကေန ထြက္ခြာခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္မွာပဲ

ဆက္ေနခ်င္တယ္လို႔လည္း သိရပါတယ္။ အဲဒီ သတင္းကို ၾကားၿပီး စိတ္ပ်က္

ေဒါသထြက္ေနၾကတဲ့လီဗာပူးပရိသတ္မ်ားဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရး

သေဘာတူညီမႈမရရင္ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းသို႔ေျပာင္းရန္အသင့္

ရွိေနတယ္လို႔သတင္းထြက္ေနတဲ့ဆာလာကို ခ်က္ခ်င္းေရာင္းခ်ရန္ေတာင္းဆိုလာပါတယ္။

လီဗာပူးပရိသတ္တစ္ဦးက “ခ်က္ခ်င္းသာေရာင္းလိုက္ပါေတာ့”လို႔

တိုက္တြန္းေရးသားပါတယ္။အျခားတစ္ဦးကလည္း “ေနာက္ဆုံးေျခာက္လမွာ

ဘာမွမလုပ္ျပႏိုင္တဲ့ဆာလာကိုအခုပဲေရာင္းလိုက္ပါေတာ့။သူကကလပ္အတြက္

ျပႆနာေကာင္ပါ”လို႔ဆိုပါတယ္။ ဆာလာဟာလက္ရွိအခ်ိန္တြင္လီဗာပူးတြင္

တစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀ ရရွိေနသူျဖစ္ၿပီးစာခ်ဳပ္သစ္တြင္လုပ္ခ၁၅ရာခိုင္ႏႈန္း

တိုးျမႇင့္ရရွိလိုေနပါတယ္။ လီဗာပူးတိုက္စစ္မႉး ဆာလာဟာ ပရီးမီးယားလိဂ္

ပရိသတ္မ်ားက ေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆု

(PFA Premier League Fans’ Player of the Year)၊ ယခုရာသီအတြက္

ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆု၊ ဂိုးဖန္တီးမႈအမ်ားဆုံးဆုႏွင့္ ပရီးမီးယားလိဂ္

အေကာင္းဆုံးသြင္းဂိုးဆုတို႔ကို ရရွိထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*