ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် လူးဝစ်ဒီယက်ဇ် (၃)လလောက်အထိ အနားယူရမှာဖြစ်လို့ ယာဂန်ကလော့ပ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာ . .

လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ

လူးဝစ်ဒီယက်ဇ်ဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့တာကြောင့်
(၃)လလောက်အထိ အနားယူရဖို့ ရှိနေပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ကိုလံဘီယာလက်ရွေးစင် တောင်ပံတိုက်စစ်
ကစားသမား ဒီယက်ဇ်ဟာ ဒဏ်ရာကြောင့် အောက်တိုဘာအစပိုင်းကတည်းက
လီဗာပူးလ်အတွက် မကစားနိုင်တော့ဘဲ မကြာသေးခင်က ဒူဘိုင်းမှာ လေ့ကျင့်ခန်း
ဆင်းနေတဲ့ အသင်းနဲ့အတူ ပူးပေါင်းခဲ့ပေမယ့် ဒူးဒဏ်ရာ ပြန်လည်ရရှိခဲ့တဲ့အတွက်
အင်္ဂလန်ကို ပြန်ပြီးတော့ သူ့ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ဒီယက်ဇ်က လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှာ အဓိက,ကစားသမားအဖြစ်
ပါဝင်ကစားခွင့်ရခဲ့ပြီး အခု မတ်လမတိုင်ခင်အထိ အနားယူရမှာဖြစ်လို့ နည်းပြ

ယာဂန်ကလော့ပ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖို့ရှိပါတယ်။

ဒီယက်ဇ်ဟာ ဒီရာသီမှာ လီဗာပူးလ်အတွက် (၁၂)ပွဲကစား၊ (၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု

(၃)ကြိမ်ပြုလုပ်ခဲ့ပြီး ကာလရှည်အနားယူရမှာဖြစ်တာကြောင့် မျက်နှာကို ဖြတ်ရိုက်သလို
ဖြစ်ခဲ့တယ်လို့ ယာဂန်ကလော့ပ်က ဝန်ခံပြောကြားခဲ့ပါတယ်။

ယာဂန်ကလော့ပ်က “ဒီယက်ဇ်ရဲ့အနေအထားက အကောင်းဆုံးပုံစံမရှိပါဘူး။ သူ အနားယူ
ရမယ်ဆိုတဲ့သတင်းဟာ ဒီယက်ဇ်အတွက်သာမက ကျွန်တော်တို့အားလုံးအတွက်ပါ
တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်။ ဒီသတင်းက ကျွန်တော်တို့ရဲ့ မျက်နှာကို
ဖြတ်ရိုက်သလိုဖြစ်ခဲ့ပေမယ့် ဘာမှမတတ်နိုင်ဘဲ လက်ခံရမှာတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

လီဗာပူးလ္အသင္းရဲ႕ အဓိကတိုက္စစ္ကစားသမားတစ္ဦးျဖစ္သူ
လူးဝစ္ဒီယက္ဇ္ဟာ ဒူးဒဏ္ရာခြဲစိတ္ကုသမႈခံယူခဲ့တာေၾကာင့္
(၃)လေလာက္အထိ အနားယူရဖို႔ ရွိေနပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကိုလံဘီယာလက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္
ကစားသမား ဒီယက္ဇ္ဟာ ဒဏ္ရာေၾကာင့္ ေအာက္တိုဘာအစပိုင္းကတည္းက

လီဗာပူးလ္အတြက္ မကစားႏိုင္ေတာ့ဘဲ မၾကာေသးခင္က ဒူဘိုင္းမွာ ေလ့က်င့္ခန္း
ဆင္းေနတဲ့ အသင္းနဲ႔အတူ ပူးေပါင္းခဲ့ေပမယ့္ ဒူးဒဏ္ရာ ျပန္လည္ရရွိခဲ့တဲ့အတြက္
အဂၤလန္ကို ျပန္ၿပီးေတာ့ သူ႔ဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ဒီယက္ဇ္က လီဗာပူးလ္အသင္းရဲ႕တိုက္စစ္မွာ အဓိက,ကစားသမားအျဖစ္
ပါဝင္ကစားခြင့္ရခဲ့ၿပီး အခု မတ္လမတိုင္ခင္အထိ အနားယူရမွာျဖစ္လို႔ နည္းျပ
ယာဂန္ကေလာ့ပ္အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာဖို႔ရွိပါတယ္။

ဒီယက္ဇ္ဟာ ဒီရာသီမွာ လီဗာပူးလ္အတြက္ (၁၂)ပြဲကစား၊ (၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ
(၃)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ကာလရွည္အနားယူရမွာျဖစ္တာေၾကာင့္ မ်က္ႏွာကို ျဖတ္႐ိုက္သလို
ျဖစ္ခဲ့တယ္လို႔ ယာဂန္ကေလာ့ပ္က ဝန္ခံေျပာၾကားခဲ့ပါတယ္။

ယာဂန္ကေလာ့ပ္က “ဒီယက္ဇ္ရဲ႕အေနအထားက အေကာင္းဆုံးပုံစံမရွိပါဘူး။ သူ အနားယူ
ရမယ္ဆိုတဲ့သတင္းဟာ ဒီယက္ဇ္အတြက္သာမက ကြၽန္ေတာ္တို႔အားလုံးအတြက္ပါ

ေတာ္ေတာ္ေလး စိတ္ပ်က္စရာေကာင္းပါတယ္။ ဒီသတင္းက ကြၽန္ေတာ္တို႔ရဲ႕ မ်က္ႏွာကို
ျဖတ္႐ိုက္သလိုျဖစ္ခဲ့ေပမယ့္ ဘာမွမတတ္ႏိုင္ဘဲ လက္ခံရမွာေတာ့မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။