ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် ကွင်းလယ်လူ ဗန်ဒီဘိခ်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဒူးဒဏ်ရာကြောင့်

ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ နယ်သာလန်ကစားသမား ဗန်ဒီဘိခ်ဟာ

အခု ဇန်နဝါရီလအစောပိုင်းက ဘုန်းမောက်နဲ့ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက်
နောက်ခံလူ ဆီနက်စီရဲ့ ကြမ်းတမ်းတဲ့ ဘောလုံးဖျက်ထုတ်မှုကြောင့်
ခြေထောက်ကျိုးလုနီးပါးဖြစ်ခဲ့ပြီး ပထမပိုင်းမှာပဲ လူစားလဲခံခဲ့ရသလို
ဗန်ဒီဘိခ်ဟာ ဝမ်းနည်းမျက်ရည်တွေနဲ့ ကွင်းထဲက ထွက်သွားခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ဗန်ဒီဘိခ်ရဲ့ ဒဏ်ရာအနေအထားကို အသေးစိတ်
သိရဖို့အတွက် (၁၀)ရက်ကြာအောင် အချိန်ယူ စစ်ဆေးခဲ့ပြီး ဒူးအရွတ်
ထိခိုက်မှုမရှိပေမယ့်လည်း (၆)လလောက်အထိအနားယူမှာဖြစ်တယ်လို့

နည်းပြအဲရစ်တန်ဟက်က အတည်ပြုခဲ့ပါတယ်။

အဲရစ်တန်ဟက်က “ဗန်ဒီဘိခ်ဟာ ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပြီး

လာမယ့်နှစ်၊ ရာသီကြိုကာလမှပဲ ဘောလုံးပြန်ကစားနိုင်ဖို့ရှိပါတယ်။
ကျွန်တော်တို့အားလုံး သူ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ပြိုင်ပွဲ
ကာလအတွင်း အခုလို ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တာက ဗန်ဒီဘိခ်အတွက်
စိတ်ပျက်စရာဖြစ်ပြီး သူ့အတွက် တကယ်ဝမ်းနည်းရပါတယ်”လို့
ပြောကြားခဲ့ပါတယ်။

ဗန်ဒီဘိခ်ကလည်း ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ဓာတ်ပုံကို သူ့ Twitter မှာ
Post တင်ခဲ့ပြီး ‘ဒီရာသီက ကျွန်တော့်အတွက် စောစောစီးစီး အဆုံးသတ်

သွားတဲ့အတွက် တကယ် စိတ်ပျက်မိပါတယ်။ ခွဲစိတ်မှုအောင်မြင်ပြီးတဲ့နောက်
ဒဏ်ရာက ပြန်လည်သက်သာလာအောင် စတင်ကြိုးပမ်းရမယ့်အချိန်ရောက်လာပြီး

အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်အောင် အစွမ်းကုန်ကြိုးစား
သွားမှာပါ။ ကျွန်တော့်ကို မက်ဆေ့ချ်ပေးပို့ပြီး အားပေးခဲ့ကြတဲ့သူတွေကို
ကျေးဇူးတင်ပြီး အဲဒါက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အရမ်း
တန်ဖိုးရှိပါတယ်’လို့ ရေးသားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ ဒူးဒဏ္ရာေၾကာင့္
ရာသီကုန္အထိ အနားယူရေတာ့မွာျဖစ္ပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ နယ္သာလန္ကစားသမား ဗန္ဒီဘိခ္ဟာ
အခု ဇန္နဝါရီလအေစာပိုင္းက ဘုန္းေမာက္နဲ႔ကစားခဲ့တဲ့ပြဲမွာ ၿပိဳင္ဘက္
ေနာက္ခံလူ ဆီနက္စီရဲ႕ ၾကမ္းတမ္းတဲ့ ေဘာလုံးဖ်က္ထုတ္မႈေၾကာင့္

ေျခေထာက္က်ိဳးလုနီးပါးျဖစ္ခဲ့ၿပီး ပထမပိုင္းမွာပဲ လူစားလဲခံခဲ့ရသလို
ဗန္ဒီဘိခ္ဟာ ဝမ္းနည္းမ်က္ရည္ေတြနဲ႔ ကြင္းထဲက ထြက္သြားခဲ့ရပါတယ္။

ယူႏိုက္တက္အသင္းဟာ ဗန္ဒီဘိခ္ရဲ႕ ဒဏ္ရာအေနအထားကို အေသးစိတ္
သိရဖို႔အတြက္ (၁၀)ရက္ၾကာေအာင္ အခ်ိန္ယူ စစ္ေဆးခဲ့ၿပီး ဒူးအ႐ြတ္
ထိခိုက္မႈမရွိေပမယ့္လည္း (၆)လေလာက္အထိအနားယူမွာျဖစ္တယ္လို႔
နည္းျပအဲရစ္တန္ဟက္က အတည္ျပဳခဲ့ပါတယ္။

အဲရစ္တန္ဟက္က “ဗန္ဒီဘိခ္ဟာ ရာသီကုန္အထိ အနားယူရေတာ့မွာျဖစ္ၿပီး
လာမယ့္ႏွစ္၊ ရာသီႀကိဳကာလမွပဲ ေဘာလုံးျပန္ကစားႏိုင္ဖို႔ရွိပါတယ္။
ကြၽန္ေတာ္တို႔အားလုံး သူ႔အတြက္ စိတ္မေကာင္းျဖစ္မိပါတယ္။ ၿပိဳင္ပြဲ

ကာလအတြင္း အခုလို ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရခဲ့တာက ဗန္ဒီဘိခ္အတြက္
စိတ္ပ်က္စရာျဖစ္ၿပီး သူ႔အတြက္ တကယ္ဝမ္းနည္းရပါတယ္”လို႔
ေျပာၾကားခဲ့ပါတယ္။

ဗန္ဒီဘိခ္ကလည္း ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတဲ့ ဓာတ္ပုံကို သူ႔ Twitter မွာ
Post တင္ခဲ့ၿပီး ‘ဒီရာသီက ကြၽန္ေတာ့္အတြက္ ေစာေစာစီးစီး အဆုံးသတ္
သြားတဲ့အတြက္ တကယ္ စိတ္ပ်က္မိပါတယ္။ ခြဲစိတ္မႈေအာင္ျမင္ၿပီးတဲ့ေနာက္
ဒဏ္ရာက ျပန္လည္သက္သာလာေအာင္ စတင္ႀကိဳးပမ္းရမယ့္အခ်ိန္ေရာက္လာၿပီး

အသင္းအတြက္ အေကာင္းဆုံးပုံစံနဲ႔ ျပန္လာႏိုင္ေအာင္ အစြမ္းကုန္ႀကိဳးစား
သြားမွာပါ။ ကြၽန္ေတာ့္ကို မက္ေဆ့ခ်္ေပးပို႔ၿပီး အားေပးခဲ့ၾကတဲ့သူေတြကို

ေက်းဇူးတင္ၿပီး အဲဒါက ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္မိသားစုအတြက္ အရမ္း
တန္ဖိုးရွိပါတယ္’လို႔ ေရးသားခဲ့ပါတယ္။