ဒူးဒဏ်ရာကြောင့် ဘောလုံးသမားဘဝကို ရင်နာနာနဲ့ စွန့်လွှတ်ရဖို့ရှိနေတဲ့ ‘ဆွီဒင်နတ်ဘုရားကြီး’

အေစီမီလန်အသင်း ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ

ဒီရာသီကုန်မှာ ဘောလုံးသမားဘဝကနေ အနားယူရမယ့်အခြေအနေနဲ့
ရင်ဆိုင်နေရပါပြီ။

အသက်(၄၁)နှစ်အရွယ်ရှိပြီဖြစ်သူ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်၊
နွေရာသီတုန်းက သူ့ရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး လာမယ့်
ချန်ပီယံလိဂ်(၁၆)သင်းအဆင့်အဖြစ် စပါးအသင်းနဲ့ကစားမယ့်ပွဲမှာ
ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါပေမဲ့ အီဘရာဟီမိုဗစ်ရဲ့ မျှော်လင့်ချက်အထမြောက်ဖို့ မသေချာ
ဖြစ်နေပြီး ဖေဖော်ဝါရီလ (၁၄)ရက်ကျရင်ကစားမယ့် ပထမအကျော့ပွဲကို
သေချာပေါက် လွဲချော်မှာဖြစ်သလို မတ်လ(၈)ရက်မှာ ဒုတိယအကျော့

အဖြစ် လန်ဒန်မှာကစားမယ့်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာမလားဆိုတာလည်း
အတိအကျ မပြောနိုင်သေးပါဘူး။

အခု အီတလီနာမည်ကျော်အားကစားသတင်းစာ Gazzetta dello Sport က
အီဘရာဟီမိုဗစ်ဟာ လာမယ့်နွေရာသီကျရင် ဘောလုံးသမားဘဝကို
အဆုံးသတ်ဖို့ နီးစပ်နေပြီး အေစီမီလန်အသင်းရဲ့ သံတမန်အဖြစ် တာဝန်
ယူသွားဖို့ရှိတယ်လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။

[Zawgyi]

ေအစီမီလန္အသင္း ဝါရင့္တိုက္စစ္မႉးႀကီး အီဘရာဟီမိုဗစ္ဟာ
ဒီရာသီကုန္မွာ ေဘာလုံးသမားဘဝကေန အနားယူရမယ့္အေျခအေနနဲ႔
ရင္ဆိုင္ေနရပါၿပီ။

အသက္(၄၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အီဘရာဟီမိုဗစ္ဟာ ၿပီးခဲ့တဲ့ႏွစ္၊
ေႏြရာသီတုန္းက သူ႔ရဲ႕ ဒူးဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူခဲ့ၿပီး လာမယ့္

ခ်န္ပီယံလိဂ္(၁၆)သင္းအဆင့္အျဖစ္ စပါးအသင္းနဲ႔ကစားမယ့္ပြဲမွာ
ပါဝင္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဒါေပမဲ့ အီဘရာဟီမိုဗစ္ရဲ႕ ေမွ်ာ္လင့္ခ်က္အထေျမာက္ဖို႔ မေသခ်ာ
ျဖစ္ေနၿပီး ေဖေဖာ္ဝါရီလ (၁၄)ရက္က်ရင္ကစားမယ့္ ပထမအေက်ာ့ပြဲကို
ေသခ်ာေပါက္ လြဲေခ်ာ္မွာျဖစ္သလို မတ္လ(၈)ရက္မွာ ဒုတိယအေက်ာ့
အျဖစ္ လန္ဒန္မွာကစားမယ့္ပြဲအမီ ႀကံ့ခိုင္မႈျပည့္ဝလာမလားဆိုတာလည္း
အတိအက် မေျပာႏိုင္ေသးပါဘူး။

အခု အီတလီနာမည္ေက်ာ္အားကစားသတင္းစာ Gazzetta dello Sport က
အီဘရာဟီမိုဗစ္ဟာ လာမယ့္ေႏြရာသီက်ရင္ ေဘာလုံးသမားဘဝကို

အဆုံးသတ္ဖို႔ နီးစပ္ေနၿပီး ေအစီမီလန္အသင္းရဲ႕ သံတမန္အျဖစ္ တာဝန္
ယူသြားဖို႔ရွိတယ္လို႔ သုံးသပ္ေဖာ္ျပခဲ့ပါတယ္။