ဒူပေနာပေခံနိုင်ပါတယ်လို့ သူ့ကို ဟာသလုပ်နေသူတွေကို ဒါဝင်နူနက်ဇ် တုံ့ပြန်

လေ့ကျင့်ကွင်းမှာ မိုးပေါ်ထောင်ကန်တယ်။ မန်ယူနဲ့ခြေစမ်းပွဲမှာ အပိုင်အခွင့်အရေးရတော့လည်း မိုးပေါ်ထောင်ကန်တယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာတော့ ပိုဆိုးသွားတယ်။

ဘောလုံးတောင် မထိတော့ဘူး။ ခေါင်းတောင် နောက်ပြန်တိုက်လိုက်သေး။ လီဗာပူးလ်ရဲ့ကလပ်စံချိန်တင်တိုက်စစ်မှူး ဒါဝင်နူနက်ဇ် ရုပ်တွေပျက်နေတာပြောပါတယ်။

အပိုဆုကြေးမပါ ပေါင် ၈၅ သန်းဆိုတဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ရဲ့လားဆိုတဲ့ မေးခွန်းတွေအသာထား၊ လောလောဆယ်တော့ ဥရုဂွေးတိုက်စစ်မှူးအဖြစ်က

ရယ်စရာကောင်းနေတာပါ။ ဒါကြောင့်လည်း တီမိုဝါနာလက်သစ်၊ ဒါတောင်မဝင်နူနက်ဇ် စတဲ့နာမည်ပြောင်တွေပေးပြီး ပရိသတ်တွေက Troll ကုန်ကြတော့တာပေါ့။

ကြိုးကြာနီပရိသတ်တွေ စိတ်ပျက်ကုန်ကြသလို မာနေးနေရာအစားထိုးဖို့ အားကိုးတကြီးခေါ်ခဲ့တဲ့ ဂျာဂင်ကလော့ပ်တောင် နူနက်ဇ်ကိုအားပေးနေပေမယ့် သူကိုယ်တိုင်

မနည်းအားတင်းထားရမယ့် အနေအထားပါ။ ဒါပေမဲ့ ဥရုဂွေးတိုက်စစ်မှူးကလည်း ခေသူမဟုတ်ပါဘူး။ ဟာသမြောက်တဲ့ တစ်နေ့စာအလွဲတွေ သူလုပ်မိနေတာ သိပါတယ်။

သူ့ကို Troll နေကြတာလည်း ရိပ်မိပါတယ်။ ဘင်ဖီကာမှာ မနှစ်က ပြိုင်ပွဲစုံ ၃၄ ဂိုးသွင်းပြီး ထူးရှယ်ခြေစွမ်းပြနိုင်ခဲ့သူပဲလေ။

ပရီးမီးယားလိဂ်မှာလည်း ဒါမျိုးတွေ မကြာမီလာမည်ပေါ့။ ဒါကြောင့် တွစ်တာမှာ ပို့စ်တင်ပြီး တုံ့ပြန်လိုက်ပါတယ်။ သူဟာ ဒူပေနာပေ( အကြမ်းခံ )ခံနိုင်သူပါတဲ့လေ။

(zawgyi)

ေလ့က်င့္ကြင္းမွာ မိုးေပၚေထာင္ကန္တယ္။ မန္ယူနဲ႔ေျခစမ္းပြဲမွာ အပိုင္အခြင့္အေရးရေတာ့လည္း မိုးေပၚေထာင္ကန္တယ္။ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာေတာ့ ပိုဆိုးသြားတယ္။

ေဘာလုံးေတာင္ မထိေတာ့ဘူး။ ေခါင္းေတာင္ ေနာက္ျပန္တိုက္လိုက္ေသး။ လီဗာပူးလ္ရဲ႕ကလပ္စံခ်ိန္တင္တိုက္စစ္မႉး ဒါဝင္ႏူနက္ဇ္ ႐ုပ္ေတြပ်က္ေနတာေျပာပါတယ္။

အပိုဆုေၾကးမပါ ေပါင္ ၈၅ သန္းဆိုတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထိုက္တန္ရဲ႕လားဆိုတဲ့ ေမးခြန္းေတြအသာထား၊ ေလာေလာဆယ္ေတာ့ ဥ႐ုေဂြးတိုက္စစ္မႉးအျဖစ္က ရယ္စရာေကာင္းေနတာပါ။

ဒါေၾကာင့္လည္း တီမိုဝါနာလက္သစ္၊ ဒါေတာင္မဝင္ႏူနက္ဇ္ စတဲ့နာမည္ေျပာင္ေတြေပးၿပီး ပရိသတ္ေတြက Troll ကုန္ၾကေတာ့တာေပါ့။ ႀကိဳးၾကာနီပရိသတ္ေတြ စိတ္ပ်က္ကုန္ၾကသလို

မာေနးေနရာအစားထိုးဖို႔ အားကိုးတႀကီးေခၚခဲ့တဲ့ ဂ်ာဂင္ကေလာ့ပ္ေတာင္ ႏူနက္ဇ္ကိုအားေပးေနေပမယ့္ သူကိုယ္တိုင္ မနည္းအားတင္းထားရမယ့္ အေနအထားပါ။

ဒါေပမဲ့ ဥ႐ုေဂြးတိုက္စစ္မႉးကလည္း ေခသူမဟုတ္ပါဘူး။ ဟာသေျမာက္တဲ့ တစ္ေန႔စာအလြဲေတြ သူလုပ္မိေနတာ သိပါတယ္။ သူ႔ကို Troll ေနၾကတာလည္း ရိပ္မိပါတယ္။

ဘင္ဖီကာမွာ မႏွစ္က ၿပိဳင္ပြဲစုံ ၃၄ ဂိုးသြင္းၿပီး ထူးရွယ္ေျခစြမ္းျပႏိုင္ခဲ့သူပဲေလ။ ပရီးမီးယားလိဂ္မွာလည္း ဒါမ်ိဳးေတြ မၾကာမီလာမည္ေပါ့။ ဒါေၾကာင့္ တြစ္တာမွာ ပို႔စ္တင္ၿပီး တုံ႔ျပန္လိုက္ပါတယ္။ သူဟာ ဒူေပနာေပ( အၾကမ္းခံ )ခံႏိုင္သူပါတဲ့ေလ။