ဒုံးကျည်တွေ၊ အမြောက်ဆံတွေကြားမှာ ယူကရိန်းပရီးမီးယားလိဂ် ပြန်လည်မွေးဖွားလာ

ယူကရိန်းဟာ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှု ခံနေရပေမယ့် သူတို့ရဲ့ပြည်တွင်းအဆင့်အမြင့်ဆုံးလိဂ်ကို ရဲရဲဝံ့ဝံ့ပဲ ပြန်လည်စတင်ခဲ့ပါတယ်။ ကျူးကျော်စစ်ဒဏ်ခံရအပြီး ၆ လ အကြာမှာ ပြန်လည်စတင်လိုက်တဲ့

ယူကရိန်းပရီးမီးယားလိဂ်ဟာ အရင်ကပုံစံနဲ့တော့ ဝမ်းနည်းစရာကောင်းလောက်အောင် ကွာခြားသွားခဲ့ပါပြီ။ ပွဲစဉ်တိုင်းကို မြို့တော်ကိယက်ဗ်ဆီ ရွှေ့ခဲ့ရတယ်၊ ကွင်းတွေမှာ ဗုံးအမိုးအကာတွေ တပ်ဆင်ထားရတယ်၊

လေကြောင်းအချက်ပေးသံကြားရင် ပွဲကစားနေတာချက်ချင်းရပ်ပြီး ဘေးလွတ်ရာခုံလှုံဖို့ စီစဉ်ထားရပါတယ်။ ဒါ့အပြင် စစ်ဘေးကြောင့် ပြည်ပကစားသမားတွေ မရှိတော့ဘဲ ပြည်တွင်းကစားသမားတွေနဲ့သာ

ကျင်းပရတော့မှာဖြစ်သလို ပရိသတ်တွေကိုလည်း ကွင်းထဲလာရောက်ခွင့် မပေးတော့ပါဘူး။ ယူကရိန်းစစ်တပ်အနေနဲ့လည်း ပွဲစဉ်တိုင်းမှာ လုံခြုံရေးယူပေးသွားမှာဖြစ်ပြီး ဒိုင်အဖွဲ့နဲ့ဆက်သွယ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ဒါဟာ ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အင်ဒရီပါဗယ်ကိုနဲ့ ဂန္ထဝင်တိုက်စစ်မှူး ရှက်ဗ်ချန်ကိုဦးဆောင်တဲ့ ဘောလုံးဝိုင်းတော်သားတွေရဲ့စွမ်းဆောင်မှုကြောင့် အကောင်အထည်ပေါ်လာခဲ့တာပါ။

ပါဗယ်ကိုက တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ အားကစားကဏ္ဍရဲ့အရေးပါပုံကို သမ္မတဇယ်လန်စကီးကိုရှင်းပြပြီး ပြန်လည်ကျင်းပခွင့်တောင်းခံခဲ့တယ်။ ရှက်ဗ်ချန်ကိုကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ

တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒုံးကျည်တွေ၊ အမြောက်ဆံတွေကြားမှာပဲ ရှက်တာဒိုးနက်စ်နဲ့ မက်တဲလစ်တို့ပွဲစဉ်နဲ့အတူ ယူကရိန်းပရီးမီးယားလိဂ်ဟာ ပြန်လည်မွေးဖွားလာခဲ့ပါပြီ

(zawgyi)

ယူကရိန္းဟာ ႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈ ခံေနရေပမယ့္ သူတို႔ရဲ႕ျပည္တြင္းအဆင့္အျမင့္ဆုံးလိဂ္ကို ရဲရဲဝံ့ဝံ့ပဲ ျပန္လည္စတင္ခဲ့ပါတယ္။ က်ဴးေက်ာ္စစ္ဒဏ္ခံရအၿပီး ၆ လ အၾကာမွာ ျပန္လည္စတင္လိုက္တဲ့

ယူကရိန္းပရီးမီးယားလိဂ္ဟာ အရင္ကပုံစံနဲ႔ေတာ့ ဝမ္းနည္းစရာေကာင္းေလာက္ေအာင္ ကြာျခားသြားခဲ့ပါၿပီ။ ပြဲစဥ္တိုင္းကို ၿမိဳ႕ေတာ္ကိယက္ဗ္ဆီ ေ႐ႊ႕ခဲ့ရတယ္၊ ကြင္းေတြမွာ ဗုံးအမိုးအကာေတြ တပ္ဆင္ထားရတယ္၊

ေလေၾကာင္းအခ်က္ေပးသံၾကားရင္ ပြဲကစားေနတာခ်က္ခ်င္းရပ္ၿပီး ေဘးလြတ္ရာခုံလႈံဖို႔ စီစဥ္ထားရပါတယ္။ ဒါ့အျပင္ စစ္ေဘးေၾကာင့္ ျပည္ပကစားသမားေတြ မရွိေတာ့ဘဲ

ျပည္တြင္းကစားသမားေတြနဲ႔သာ က်င္းပရေတာ့မွာျဖစ္သလို ပရိသတ္ေတြကိုလည္း ကြင္းထဲလာေရာက္ခြင့္ မေပးေတာ့ပါဘူး။ ယူကရိန္းစစ္တပ္အေနနဲ႔လည္း ပြဲစဥ္တိုင္းမွာ

လုံၿခဳံေရးယူေပးသြားမွာျဖစ္ၿပီး ဒိုင္အဖြဲ႕နဲ႔ဆက္သြယ္ေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္။ ဒါဟာ ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ အင္ဒရီပါဗယ္ကိုနဲ႔ ဂႏၴဝင္တိုက္စစ္မႉး ရွက္ဗ္ခ်န္ကိုဦးေဆာင္တဲ့ ေဘာလုံးဝိုင္းေတာ္သားေတြရဲ႕

စြမ္းေဆာင္မႈေၾကာင့္ အေကာင္အထည္ေပၚလာခဲ့တာပါ။ ပါဗယ္ကိုက တိုင္းျပည္ျပန္လည္ထူေထာင္ရာမွာ အားကစားက႑ရဲ႕အေရးပါပုံကို သမၼတဇယ္လန္စကီးကိုရွင္းျပၿပီး ျပန္လည္က်င္းပခြင့္ေတာင္းခံခဲ့တယ္။

ရွက္ဗ္ခ်န္ကိုကလည္း ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြမွာ တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္ေနသူျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒုံးက်ည္ေတြ၊ အေျမာက္ဆံေတြၾကားမွာပဲ ရွက္တာဒိုးနက္စ္နဲ႔ မက္တဲလစ္တို႔ပြဲစဥ္နဲ႔အတူ ယူကရိန္းပရီးမီးယားလိဂ္ဟာ ျပန္လည္ေမြးဖြားလာခဲ့ပါၿပီ