ဒုတိယအရွယ်ရဲ့ ဒုတိယဝေဒနာကို ဆာဒါနီးယားမှာကုစားနေတဲ့ တူချယ်

ဆာဒါနီးယားကျွန်းအလှက တကယ်ဖမ်းစားနိုင်တာလား၊ ရာသီသစ်အတွက် အတွေးကောင်းတွေများ ရနိုင်မလားဆိုတာတော့ တူချယ်ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

သေချာတာကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် ဒီမြင်ကွင်းဟာ ဝမ်းမြောက်စရာ သိပ်မဟုတ်တာပါပဲ။ သူတို့အသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ကလပ်အမေရိကတစ်သင်းကိုပဲ

အနိုင်ရခဲ့တယ်။ လန်ဒန်ပြိုင်ဘက်အာဆင်နယ်ကို ၄ ဂိုးပြတ်ရှုံးခဲ့တယ်။ တူချယ်ကတော့ အမေရိကန်ခရီးစဉ်က ပြန်ရောက်လာတာနဲ့ အီတလီကိုပြေးတော့တာပါပဲ။ ဒါဟာ သီးသန့်အခွင့်ရေးပါ၊

လွတ်လပ်ခွင့်ပါဆိုပေမယ့် ပရီးမီးယားလိဂ်ပြန်စတော့မှာကြောင့် သက်ဆိုင်ရာအသင်းတွေနဲ့ နပန်းလုံးနေကြတဲ့နည်းပြတွေကြားမှာ ကွဲပြားနေတာလည်း အမှန်ပါပဲ။

သူတို့လိုချင်တဲ့ ကစားသမားဖြည့်တင်းမှုကလည်း မပြည့်စုံသေးပါဘူး။ ဂျာမန်သားအတွက်တော့ ဒုတိယအရွယ်ရဲ့ ဒုတိယဝေဒနာမှာ မျောပါနေတုန်းပါ။ ဒီလထဲမှာပဲ တူချယ်ဟာ

၁၃ နှစ်ကြာပေါင်းသင်းခဲ့တဲ့ ဇနီးသည်ဆစ်ဆီနဲ့ လမ်းခွဲခဲ့ပါတယ်။ ဂျာနယ်လစ်အမျိုးသမီးနဲ့ သမီးနှစ်ယောက်ရခဲ့ပေမယ့် စီးပွားရေးလုပ်ငန်းရှင် နာတာလီယာက သူ့အတွက်ဆွဲဆောင်မှုရှိခဲ့ပါတယ်။

နှစ်ယောက်လုံးက သစ်ရွက်လှုပ်တာ ရင်ခုန်ရမယ့်အရွယ်တွေ မဟုတ်တော့သလို တူချယ်က ၄၈ နှစ်၊ နာတာလီယာက ၃၅ နှစ်ရှိနေပါပြီ။ ဘရာဇီးလ်သူနဲ့ ပျားရည်ဆမ်းခရီးဟာ တူချယ်အတွက် ဝေဖန်စရာတွေဖြစ်နေတာပါ။

(zawgyi)

ဆာဒါနီးယားကြၽန္းအလွက တကယ္ဖမ္းစားႏိုင္တာလား၊ ရာသီသစ္အတြက္ အေတြးေကာင္းေတြမ်ား ရႏိုင္မလားဆိုတာေတာ့ တူခ်ယ္ကိုယ္တိုင္ပဲ သိပါလိမ့္မယ္။ ေသခ်ာတာကေတာ့

ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ ဒီျမင္ကြင္းဟာ ဝမ္းေျမာက္စရာ သိပ္မဟုတ္တာပါပဲ။ သူတို႔အသင္းဟာ ရာသီႀကိဳေျခစမ္းပြဲေတြမွာ ကလပ္အေမရိကတစ္သင္းကိုပဲ အႏိုင္ရခဲ့တယ္။

လန္ဒန္ၿပိဳင္ဘက္အာဆင္နယ္ကို ၄ ဂိုးျပတ္ရႈံးခဲ့တယ္။ တူခ်ယ္ကေတာ့ အေမရိကန္ခရီးစဥ္က ျပန္ေရာက္လာတာနဲ႔ အီတလီကိုေျပးေတာ့တာပါပဲ။ ဒါဟာ သီးသန႔္အခြင့္ေရးပါ၊

လြတ္လပ္ခြင့္ပါဆိုေပမယ့္ ပရီးမီးယားလိဂ္ျပန္စေတာ့မွာေၾကာင့္ သက္ဆိုင္ရာအသင္းေတြနဲ႔ နပန္းလုံးေနၾကတဲ့နည္းျပေတြၾကားမွာ ကြဲျပားေနတာလည္း အမွန္ပါပဲ။

သူတို႔လိုခ်င္တဲ့ ကစားသမားျဖည့္တင္းမႈကလည္း မျပည့္စုံေသးပါဘူး။ ဂ်ာမန္သားအတြက္ေတာ့ ဒုတိယအ႐ြယ္ရဲ႕ ဒုတိယေဝဒနာမွာ ေမ်ာပါေနတုန္းပါ။ ဒီလထဲမွာပဲ တူခ်ယ္ဟာ

၁၃ ႏွစ္ၾကာေပါင္းသင္းခဲ့တဲ့ ဇနီးသည္ဆစ္ဆီနဲ႔ လမ္းခြဲခဲ့ပါတယ္။ ဂ်ာနယ္လစ္အမ်ိဳးသမီးနဲ႔ သမီးႏွစ္ေယာက္ရခဲ့ေပမယ့္ စီးပြားေရးလုပ္ငန္းရွင္ နာတာလီယာက သူ႔အတြက္ဆြဲေဆာင္မႈရွိခဲ့ပါတယ္။

ႏွစ္ေယာက္လုံးက သစ္႐ြက္လႈပ္တာ ရင္ခုန္ရမယ့္အ႐ြယ္ေတြ မဟုတ္ေတာ့သလို တူခ်ယ္က ၄၈ ႏွစ္၊ နာတာလီယာက ၃၅ ႏွစ္ရွိေနပါၿပီ။ ဘရာဇီးလ္သူနဲ႔ ပ်ားရည္ဆမ္းခရီးဟာ တူခ်ယ္အတြက္ ေဝဖန္စရာေတြျဖစ္ေနတာပါ။