
ပထမအကျော့တုန်းက ငယ်မွေးခြံပေါက် ကစားသမားဟောင်း
ကင်စလေကိုးမန်းရဲ့ ဂိုးကြောင့် အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို
အရှုံးပေးခဲ့တဲ့ PSG တို့ အခု ဒုတိယအကျော့ပွဲမှာလည်း သူတို့အသင်း
တိုက်စစ်မှူးဟောင်းဖြစ်သူ ချူပိုမိုတင်းရဲ့ အဖွင့်ဂိုးသွင်းတာ
ခံခဲ့ရပြီး နာဘရီက ဒုတိယဂိုး ထပ်သွင်းခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း
(၃-ဝ)ဂိုးပြတ်ရလဒ်နဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပါပြီ။
ဒဏ်ရာကြောင့် ရာသီကုန်အထိနားရမယ့် နေမာ မပါဝင်နိုင်လို့ နည်းပြ
ဂယ်လ်တီယာက မက်ဆီနဲ့ ဘာပေကို တိုက်စစ်မှာ တွဲပေးပြီး (၃-၅-၂)
ကစားကွက်နဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကို အသာစီးယူနိုင်အောင်
ပြင်ဆင်ခဲ့ပေမယ့် ထိရောက်မှုမရှိဘဲ ကိုယ့်ရဲ့ပုံမှန်ကစားဟန်တောင်
ပျောက်ဆုံးသွားခဲ့တယ်။
မက်ဆီဟာ ကွင်းလယ်အထိ ဘောလုံးဆင်းယူပြီး တိုက်စစ်နဲ့ချိတ်ဆက်ဖို့
ကြိုးစားပေမယ့် ဘိုင်ယန်မြူးနစ်ကွင်းလယ်က ဂိုဟက်ဇ်ကာ၊ ကင်မစ်ချ်
အပါအဝင် ကစားသမားတစ်ယောက်ချင်းစီက မက်ဆီကို Target
ထားပြီးတော့ ခပ်ကြမ်းကြမ်း Foul လုပ်ကစားသွားလို့ မက်ဆီလည်း
ဘာမှကို လုပ်မရတော့ဘူး။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပထမအကျော့တုန်းက အနိုင်ရခဲ့တာကြောင့်
အခုပွဲမှာ PSG အမှားကိုပဲ စောင့်ကစားခဲ့ပြီး ကိုယ့်အသင်း အဖွင့်ဂိုး
မပေးရအောင် အာရုံစိုက်ကစားခဲ့တယ်။
ဒုတိယပိုင်းမှာ ဂိုးရဖို့ လိုအပ်လာတဲ့အတွက် PSG တင်ကစားချိန်မှာ
ဘိုင်ယန်တို့ အကြိုက်ဖြစ်သွားပြီး Counter တွေနဲ့ တုံ့ပြန်ခဲ့သလို (၆၁)မိနစ်မှာ
ဗာရက်တီဆီက ပျက်သွားတဲ့ဘောလုံးကနေ ပယ်နယ်တီဧရိယာအတွင်း
ဂိုဟက်ဇ်ကာ ခင်းပေးလိုက်တာကို ချူပိုမိုတင်းက လွတ်လွတ်ကျွတ်ကျွတ်
ပိတ်သွင်းခဲ့ပါတယ်။
PSG အသင်းဘက်က ရာမို့စ်ရဲ့ အပိုင်ခေါင်းတိုက်ချက်(၂)ကြိမ်ကို ဆွမ်မာ
ပုတ်ထွက်ခဲ့သလို ဒုတိယအလုံးက ဘေးထွက်သွားလို့ PSG နစ်နာခဲ့ရတယ်။
(၈၉)မိနစ်မှာ ဗာရက်တီဆီကပဲ ဘောလုံးပျက်သွားတာကနေ ကန်ဆယ်လိုက
ဆွဲပြေးပြီး ထိုးပေးလိုက်တာကို နာဘရီက ကန်သွင်းခဲ့လို့ ဘိုင်ယန်မြူးနစ်
(၂-ဝ)ဂိုးပြတ်အနိုင်ရပြီးတော့ ကွာတားဖိုင်နယ်တက်ရောက်သွားခဲ့ပါတယ်။
[Zawgyi]
ပထမအေက်ာ့တုန္းက ငယ္ေမြးၿခံေပါက္ ကစားသမားေဟာင္း
ကင္စေလကိုးမန္းရဲ႕ ဂိုးေၾကာင့္ အိမ္ကြင္းမွာ ဘိုင္ယန္ျမဴးနစ္ကို
အရႈံးေပးခဲ့တဲ့ PSG တို႔ အခု ဒုတိယအေက်ာ့ပြဲမွာလည္း သူတို႔အသင္း
တိုက္စစ္မႉးေဟာင္းျဖစ္သူ ခ်ဴပိုမိုတင္းရဲ႕ အဖြင့္ဂိုးသြင္းတာ
ခံခဲ့ရၿပီး နာဘရီက ဒုတိယဂိုး ထပ္သြင္းခဲ့တဲ့အတြက္ ႏွစ္ေက်ာ့ေပါင္း
(၃-ဝ)ဂိုးျပတ္ရလဒ္နဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ကေန လွည့္ျပန္ခဲ့ရပါၿပီ။
ဒဏ္ရာေၾကာင့္ ရာသီကုန္အထိနားရမယ့္ ေနမာ မပါဝင္ႏိုင္လို႔ နည္းျပ
ဂယ္လ္တီယာက မက္ဆီနဲ႔ ဘာေပကို တိုက္စစ္မွာ တြဲေပးၿပီး (၃-၅-၂)
ကစားကြက္နဲ႔ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္ကို အသာစီးယူႏိုင္ေအာင္
ျပင္ဆင္ခဲ့ေပမယ့္ ထိေရာက္မႈမရွိဘဲ ကိုယ့္ရဲ႕ပုံမွန္ကစားဟန္ေတာင္
ေပ်ာက္ဆုံးသြားခဲ့တယ္။
မက္ဆီဟာ ကြင္းလယ္အထိ ေဘာလုံးဆင္းယူၿပီး တိုက္စစ္နဲ႔ခ်ိတ္ဆက္ဖို႔
ႀကိဳးစားေပမယ့္ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္က ဂိုဟက္ဇ္ကာ၊ ကင္မစ္ခ်္
အပါအဝင္ ကစားသမားတစ္ေယာက္ခ်င္းစီက မက္ဆီကို Target
ထားၿပီးေတာ့ ခပ္ၾကမ္းၾကမ္း Foul လုပ္ကစားသြားလို႔ မက္ဆီလည္း
ဘာမွကို လုပ္မရေတာ့ဘူး။
ဘိုင္ယန္ျမဴးနစ္အသင္းဟာ ပထမအေက်ာ့တုန္းက အႏိုင္ရခဲ့တာေၾကာင့္
အခုပြဲမွာ PSG အမွားကိုပဲ ေစာင့္ကစားခဲ့ၿပီး ကိုယ့္အသင္း အဖြင့္ဂိုး
မေပးရေအာင္ အာ႐ုံစိုက္ကစားခဲ့တယ္။
ဒုတိယပိုင္းမွာ ဂိုးရဖို႔ လိုအပ္လာတဲ့အတြက္ PSG တင္ကစားခ်ိန္မွာ
ဘိုင္ယန္တို႔ အႀကိဳက္ျဖစ္သြားၿပီး Counter ေတြနဲ႔ တုံ႔ျပန္ခဲ့သလို (၆၁)မိနစ္မွာ
ဗာရက္တီဆီက ပ်က္သြားတဲ့ေဘာလုံးကေန ပယ္နယ္တီဧရိယာအတြင္း
ဂိုဟက္ဇ္ကာ ခင္းေပးလိုက္တာကို ခ်ဴပိုမိုတင္းက လြတ္လြတ္ကြၽတ္ကြၽတ္
ပိတ္သြင္းခဲ့ပါတယ္။
PSG အသင္းဘက္က ရာမို႔စ္ရဲ႕ အပိုင္ေခါင္းတိုက္ခ်က္(၂)ႀကိမ္ကို ဆြမ္မာ
ပုတ္ထြက္ခဲ့သလို ဒုတိယအလုံးက ေဘးထြက္သြားလို႔ PSG နစ္နာခဲ့ရတယ္။
(၈၉)မိနစ္မွာ ဗာရက္တီဆီကပဲ ေဘာလုံးပ်က္သြားတာကေန ကန္ဆယ္လိုက
ဆြဲေျပးၿပီး ထိုးေပးလိုက္တာကို နာဘရီက ကန္သြင္းခဲ့လို႔ ဘိုင္ယန္ျမဴးနစ္
(၂-ဝ)ဂိုးျပတ္အႏိုင္ရၿပီးေတာ့ ကြာတားဖိုင္နယ္တက္ေရာက္သြားခဲ့ပါတယ္။