ဒုတိယမြောက်ခြေစမ်းပွဲမှာ ဘက်တစ်ကို (၁-ဝ)ဂိုးနဲ့ ထပ်ရှုံးတဲ့ ယူနိုက်တက်

ကလပ်ပြိုင်ပွဲတွေ ရပ်နားထားတဲ့ကာလအတွင်း စပိန်နိုင်ငံမှာ ခြေစမ်းပွဲတွေ

ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယမြောက်ခြေစမ်းပွဲမှာ
ဘက်တစ်ကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ စီနီယာကစားသမားတွေဖြစ်တဲ့ ဒီဂီယာ၊
ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ တွမ်မီနေး၊ မာစီယဲလ်တို့နဲ့အတူ အီလန်ဂါ၊ ဂါနာချို၊
ဇီဒန်းအစ်ဂ်ဘယ်လ်၊ ဘရန်ဒန်ဝီလီယံစ်၊ ဟာဆန်အေရွန်၊ မန်ဂီတို့လို လူငယ်
ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းက အားရစရာမကောင်းဘဲ လွဲချော်မှုတွေများခဲ့ပြီး
ဘက်တစ်အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ဝါရင့်တိုက်စစ်ကစားသမား
ဖယ်ကီယာက ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။

လူငယ်နောက်ခံလူ မန်ဂီဟာ ပွဲအစ(၁၉)မိနစ်မှာပဲ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တာကြောင့်
ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်ထုတ်ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာ လာလီဂါမှာ

တန်းဆင်းဇုန်ထဲရောက်နေတဲ့ ကာဒစ်ဇ်ကို (၄-၂)ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး
ရက်ပိုင်းအကြာမှာပဲ ဘက်တစ်ကို ထပ်ရှုံးခဲ့တာပါ။

ယူနိုက်တက်အသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဒီဇင်ဘာ(၂၁)ရက်ကျရင်
လိဂ်ဖလားစတုတ္ထအဆင့်ပွဲအဖြစ် ဘန်လေအသင်းကို အိမ်ကွင်းမှာ လက်ခံ
ကစားရမှာဖြစ်ပါတယ်။

[Zawgyi]

ကလပ္ၿပိဳင္ပြဲေတြ ရပ္နားထားတဲ့ကာလအတြင္း စပိန္ႏိုင္ငံမွာ ေျခစမ္းပြဲေတြ
ကစားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒုတိယေျမာက္ေျခစမ္းပြဲမွာ
ဘက္တစ္ကို (၁-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ စီနီယာကစားသမားေတြျဖစ္တဲ့ ဒီဂီယာ၊
ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ တြမ္မီေနး၊ မာစီယဲလ္တို႔နဲ႔အတူ အီလန္ဂါ၊ ဂါနာခ်ိဳ၊
ဇီဒန္းအစ္ဂ္ဘယ္လ္၊ ဘရန္ဒန္ဝီလီယံစ္၊ ဟာဆန္ေအ႐ြန္၊ မန္ဂီတို႔လို လူငယ္

ကစားသမားေတြ ပါဝင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ေျခစြမ္းက အားရစရာမေကာင္းဘဲ လြဲေခ်ာ္မႈေတြမ်ားခဲ့ၿပီး

ဘက္တစ္အသင္းအတြက္ တစ္လုံးတည္းေသာဂိုးကို ဝါရင့္တိုက္စစ္ကစားသမား
ဖယ္ကီယာက ဒုတိယပိုင္းစလို႔ မိနစ္ပိုင္းအၾကာမွာပဲ သြင္းယူခဲ့တာျဖစ္ပါတယ္။

လူငယ္ေနာက္ခံလူ မန္ဂီဟာ ပြဲအစ(၁၉)မိနစ္မွာပဲ ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရခဲ့တာေၾကာင့္
ကြင္းထဲကေန ထမ္းစင္နဲ႔ သယ္ထုတ္ခဲ့ရပါတယ္။ ယူႏိုက္တက္အသင္းဟာ လာလီဂါမွာ
တန္းဆင္းဇုန္ထဲေရာက္ေနတဲ့ ကာဒစ္ဇ္ကို (၄-၂)ဂိုးနဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့ၿပီး
ရက္ပိုင္းအၾကာမွာပဲ ဘက္တစ္ကို ထပ္ရႈံးခဲ့တာပါ။

ယူႏိုက္တက္အသင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ဒီဇင္ဘာ(၂၁)ရက္က်ရင္
လိဂ္ဖလားစတုတၳအဆင့္ပြဲအျဖစ္ ဘန္ေလအသင္းကို အိမ္ကြင္းမွာ လက္ခံ
ကစားရမွာျဖစ္ပါတယ္။