ဒီရာသီ ချန်ပီယံလိဂ်ဖလားအတွက် All English Final ဖြစ်လာမှာလား?

မနေ့တုန်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲမှုအပြီးထွက်ပေါ်လာတဲ့

ရလဒ်တွေအရ ဆီမီးဖိုင်နယ်မှာ အင်္ဂလိပ်ကလပ်နှစ်ခု ထိပ်တိုက်တွေ့ဖို့

ရှိနေသလို ဗိုလ်လုပွဲဟာလည်း အင်္ဂလိပ်ကလပ်အချင်းချင်းတွေ့တဲ့ပွဲ

(All English Final) ဖြစ်လာဖို့ရှိနေတယ်လို့ သိရပါတယ်။

ဆီမီးဖိုင်နယ်မှာတွေ့နိုင်တဲ့ နှစ်သင်းကတော့မနှစ်ကဗိုလ်လုပွဲမှာ

ထိပ်တိုက်တွေ့ခဲ့ကြတဲ့ ချဲလ်ဆီးနဲ့ မန်စီးတီး တို့ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မဲခွဲမှုအရ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးနဲ့

အက်သလက်တီကိုမက်ဒရစ်တို့ထိပ်တိုက်တွေ့နေကြပြီး အဲဒီပွဲတွေက

အနိုင်ရတဲ့အသင်းတွေ ဆီမီးမှာထိပ်တိုက်တွေ့ကြမှာပါ။

လက်ရှိမှာအင်္ဂလိပ်ကလပ်တွေဟာ မက်ဒရစ်မြို့ခံအသင်းတွေနဲ့တွေ့နေလို့

အင်္ဂလန်နဲ့ မက်ဒရစ်မြို့တို့ရဲ့အားပြိုင်ပွဲအဖြစ်လည်းတင်စားကြသူတွေရှိနေပါတယ်။

ဒါကြောင့်လည်း အင်္ဂလိပ်ကလပ်နှစ်ခုဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့

ဆီမီးမှာတွေ့ကြမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြဖြစ်တဲ့ အန်စလော့တီဟာ

ချဲလ်ဆီးနည်းပြဟောင်းလည်းဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ရာသီဆီမီးဖိုင်နယ်တုန်းကလည်း

ချဲလ်ဆီးကနှစ်ပွဲပေါင်းရလဒ် ၃-၁ နဲ့နိုင်ခဲ့ပြီး ဖိုင်နယ်တက်ခဲ့တာပါ။

ဒါကြောင့်အဲဒီပွဲက စိတ်ဝင်စားစရာဖြစ်သလို ၁၆ သင်းအဆင့်မှာ

မန်ယူကိုနည်းစနစ်အသာစီးနဲ့နိုင်သွားတဲ့ အက်သလက်တီနည်းပြ ဆီမြွန်နီကို

မန်စီးတီးရဲ့နည်းဗျူဟာဆရာဖြစ်တဲ့ ဂွာဒီယိုလာက အနိုင်ယူသွားမလား

ဆိုတာလည်းစောင့်ကြည့်ဖို့လိုပါတယ်။ မန်စီးတီးနဲ့ အက်သလက်တီကိုဟာ

ဥရောပအဆင့်မှာဘယ်တုန်းကမှထိပ်တိုက်တွေ့ခဲ့တာမရှိခဲ့လို့

အခုတစ်ကြိမ်က ပထမဆုံးဖြစ်ပါတယ်။ နောက်ထပ်ကွာတားဖိုင်နယ်တွေမှာတော့

ဗီလာရီးရဲလ်နဲ့ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာနဲ့ လီဗာပူး တို့ထိပ်တိုက်တွေ့နေပြီး

အနိုင်ရတဲ့အသင်းတွေက ဆီမီးမှာတွေ့မှာပါ။ အများစုကတော့ ဆီမီးမှာ

လီဗာပူးနဲ့ ဘိုင်ယန်တို့တွေ့မယ်လို့ခန့်မှန်းထားပြီး မှန်းထားတဲ့အတိုင်းဖြစ်ခဲ့ရင်

ဗိုလ်လုပွဲကိုတက်ရောက်ဖို့အတွက် လီဗာပူးက အနည်းငယ်ပိုရေးပန်းစားနေပါတယ်။

ဒါကြောင့် လီဗာပူး ဗိုလ်လုပွဲရောက်မယ်ဆိုရင် All English Final

ဖြစ်လာနိုင်တယ်လို့ဆိုကြတာပါ။ ကွာတားဖိုင်နယ်ပွဲတွေကို ဧပြီ ၅/၆ နဲ့

၁၂/၁၃၊ တို့မှာကစားမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ကိုတော့ ဧပြီ ၂၆/၂၇ နဲ့

မေ ၃/၄ တို့မှာကစားကြမှာပါ။

zawgyi

ဒီရာသီ ခ်န္ပီယံလိဂ္ဖလားအတြက္ All English Final ျဖစ္လာမွာလား?

မေန႔တုန္းက ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မဲခြဲမႈအၿပီးထြက္ေပၚလာတဲ့

ရလဒ္ေတြအရ ဆီမီးဖိုင္နယ္မွာ အဂၤလိပ္ကလပ္ႏွစ္ခု ထိပ္တိုက္ေတြ႕ဖို႔

ရွိေနသလို ဗိုလ္လုပြဲဟာလည္း အဂၤလိပ္ကလပ္အခ်င္းခ်င္းေတြ႕တဲ့ပြဲ

(All English Final) ျဖစ္လာဖို႔ရွိေနတယ္လို႔ သိရပါတယ္။

ဆီမီးဖိုင္နယ္မွာေတြ႕ႏိုင္တဲ့ ႏွစ္သင္းကေတာ့မႏွစ္ကဗိုလ္လုပြဲမွာ

ထိပ္တိုက္ေတြ႕ခဲ့ၾကတဲ့ ခ်ဲလ္ဆီးနဲ႔ မန္စီးတီး တို႔ျဖစ္ပါတယ္။

ကြာတားဖိုင္နယ္မဲခြဲမႈအရ ခ်ဲလ္ဆီးနဲ႔ ရီးရဲလ္မက္ဒရစ္၊ မန္စီးတီးနဲ႔

အက္သလက္တီကိုမက္ဒရစ္တို႔ထိပ္တိုက္ေတြ႕ေနၾကၿပီး အဲဒီပြဲေတြက

အႏိုင္ရတဲ့အသင္းေတြ ဆီမီးမွာထိပ္တိုက္ေတြ႕ၾကမွာပါ။

လက္ရွိမွာအဂၤလိပ္ကလပ္ေတြဟာ မက္ဒရစ္ၿမိဳ႕ခံအသင္းေတြနဲ႔ေတြ႕ေနလို႔

အဂၤလန္နဲ႔ မက္ဒရစ္ၿမိဳ႕တို႔ရဲ႕အားၿပိဳင္ပြဲအျဖစ္လည္းတင္စားၾကသူေတြရွိေနပါတယ္။

ဒါေၾကာင့္လည္း အဂၤလိပ္ကလပ္ႏွစ္ခုျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔

ဆီမီးမွာေတြ႕ၾကမလားဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕နည္းျပျဖစ္တဲ့ အန္စေလာ့တီဟာ

ခ်ဲလ္ဆီးနည္းျပေဟာင္းလည္းျဖစ္တဲ့အျပင္ ၿပီးခဲ့တဲ့ရာသီဆီမီးဖိုင္နယ္တုန္းကလည္း

ခ်ဲလ္ဆီးကႏွစ္ပြဲေပါင္းရလဒ္ ၃-၁ နဲ႔ႏိုင္ခဲ့ၿပီး ဖိုင္နယ္တက္ခဲ့တာပါ။

ဒါေၾကာင့္အဲဒီပြဲက စိတ္ဝင္စားစရာျဖစ္သလို ၁၆ သင္းအဆင့္မွာ

မန္ယူကိုနည္းစနစ္အသာစီးနဲ႔ႏိုင္သြားတဲ့ အက္သလက္တီနည္းျပ ဆီႁမြန္နီကို

မန္စီးတီးရဲ႕နည္းဗ်ဴဟာဆရာျဖစ္တဲ့ ဂြာဒီယိုလာက အႏိုင္ယူသြားမလား

ဆိုတာလည္းေစာင့္ၾကည့္ဖို႔လိုပါတယ္။ မန္စီးတီးနဲ႔ အက္သလက္တီကိုဟာ

ဥေရာပအဆင့္မွာဘယ္တုန္းကမွထိပ္တိုက္ေတြ႕ခဲ့တာမရွိခဲ့လို႔

အခုတစ္ႀကိမ္က ပထမဆုံးျဖစ္ပါတယ္။ ေနာက္ထပ္ကြာတားဖိုင္နယ္ေတြမွာေတာ့

ဗီလာရီးရဲလ္နဲ႔ ဘိုင္ယန္ျမဴးနစ္၊ ဘင္ဖီကာနဲ႔ လီဗာပူး တို႔ထိပ္တိုက္ေတြ႕ေနၿပီး

အႏိုင္ရတဲ့အသင္းေတြက ဆီမီးမွာေတြ႕မွာပါ။ အမ်ားစုကေတာ့ ဆီမီးမွာ

လီဗာပူးနဲ႔ ဘိုင္ယန္တို႔ေတြ႕မယ္လို႔ခန႔္မွန္းထားၿပီး မွန္းထားတဲ့အတိုင္းျဖစ္ခဲ့ရင္

ဗိုလ္လုပြဲကိုတက္ေရာက္ဖို႔အတြက္ လီဗာပူးက အနည္းငယ္ပိုေရးပန္းစားေနပါတယ္။

ဒါေၾကာင့္ လီဗာပူး ဗိုလ္လုပြဲေရာက္မယ္ဆိုရင္ All English Final

ျဖစ္လာႏိုင္တယ္လို႔ဆိုၾကတာပါ။ ကြာတားဖိုင္နယ္ပြဲေတြကို ဧၿပီ ၅/၆ နဲ႔

၁၂/၁၃၊ တို႔မွာကစားမွာျဖစ္ၿပီး ဆီမီးဖိုင္နယ္ကိုေတာ့ ဧၿပီ ၂၆/၂၇ နဲ႔

ေမ ၃/၄ တို႔မွာကစားၾကမွာပါ။