ဒီရာသီလာလီဂါပြိုင်ပွဲမှာ ၂၃ ဂိုးရရှိပြီး ဂိုးသွင်းအများဆုံးသူအဖြစ်ရပ်တည်ခဲ့တဲ့ ဘန်ဇီမာ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာဟာ ဆယ်လ်တာဗီဂိုကို ၂-၁ နဲ့

အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘဝမှာဂိုးသွင်းအများဆုံး

ရာသီတစ်ခုနဲ့ကြုံတွေ့လိုက်ရတယ်လို့သိရပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့

ဘန်ဇီမာဟာ ဆယ်လ်တာနဲ့ပွဲမှာ ပင်နယ်တီကနေတစ်ဆင့် ၂ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

သူဟာအဲဒီပွဲမှာပင်နယ်တစ်လုံးလွဲခဲ့သေးလို့ ပင်နယ်တီဟက်ထရစ်ရမယ့်

အခွင့်အရေးကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်ဟာလည်း

ဒုတိယနေရာကဆီဗီလာကို ၁၂ မှတ်ဖြတ်ထားနိုင်လို့ ချန်ပီယံဖြစ်ရေးကလည်း

နီးစပ်လာခဲ့ပါတယ်။ ဒီဂိုးတွေကြောင့် ဘန်ဇီမာဟာ ဒီရာသီလာလီဂါပြိုင်ပွဲမှာ

၂၃ ဂိုးရရှိပြီး ဂိုးသွင်းအများဆုံးသူအဖြစ်ရပ်တည်ခဲ့တဲ့အပြင် ပြိုင်ပွဲအရပ်ရပ်ကြည့်ရင်

၃၅ ပွဲကစားခဲ့ပြီးနောက်သူ့ရဲ့သွင်းဂိုးစုစုပေါင်းက ၃၄ ဂိုးအထိရှိနေပြီဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ဖြစ်တဲ့ ဘန်ဇီမာဟာ ဆယ်လ်တာနဲ့ပွဲမှာသူ့ရဲ့ပထမဂိုးကို

သွင်းယူပြီးနောက် ဒီရာသီမှာ ၃၃ ဂိုးရရှိပြီး သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝ

သွင်းဂိုးအများဆုံးရာသီတစ်ခုကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အရင်ကဂိုးသွင်း

အများဆုံးရာသီဟာ ၂၀၁၁-၁၂ ကဖြစ်ပြီးရီးရဲလ်အတွက် ၃၂ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာရီးရဲလ်ကိုမပြောင်းခင် ပြင်သစ်ကလပ်လိုင်ယွန်မှာရှိနေတုန်းကအခုလိုဘဲ

ဂိုးသွင်းများခဲ့တဲ့ရာသီတစ်ခုပိုင်ဆိုင်ခဲ့သေးပြီး အဲဒီတုန်းကတော့ ၃၁ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာရာသီပြီးဆုံးဖို့ လိုအပ်နေသေးတဲ့အတွက် ဘန်ဇီမာ ဟာဂိုးတွေပိုသွင်းနိုင်ဖို့

ရှိနေသေးလို့ အကောင်းဆုံးသောမှတ်တမ်းကိုလည်း ဆက်လက်ရယူဖို့

အခွင့်အရေးရှိနေပါတယ်။ ရီးရဲလ်ဟာ လာလီဂါမှာ ၉ ပွဲကစားဖို့ကျန်နေသေးသလို

ချန်ပီယံလိဂ်မှာလည်းကွာတားဖိုင်နယ် ၂ ပွဲကစားရဖို့ကျန်နေပါသေးတယ်။

သူတို့ဟာကွာတားမှာ ချဲလ်ဆီးနဲ့တွေ့နေပြီးနောက်တစ်ဆင့်တက်ရင်တော့

ဘန်ဇီမာအတွက်အခွင့်အရေးထပ်ရှိဦးမှာဖြစ်ပါတယ်။

ရီးရဲလ်ဟာဧပြီ ၆ မှာ ချဲလ်ဆီးနဲ့ပထမကျော့ကစားရမှာဖြစ်ပြီး ဧပြီ ၁၂ မှာဒုတိယအကျော့

အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။

zawgyi

ဒီရာသီလာလီဂါၿပိဳင္ပြဲမွာ ၂၃ ဂိုးရရွိၿပီး ဂိုးသြင္းအမ်ားဆုံးသူအျဖစ္ရပ္တည္ခဲ့တဲ့ ဘန္ဇီမာ

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ဘန္ဇီမာဟာ ဆယ္လ္တာဗီဂိုကို ၂-၁ နဲ႔

အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ ဂိုးသြင္းယူခဲ့ၿပီးေနာက္ ကစားသမားဘဝမွာဂိုးသြင္းအမ်ားဆုံး

ရာသီတစ္ခုနဲ႔ႀကဳံေတြ႕လိုက္ရတယ္လို႔သိရပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့

ဘန္ဇီမာဟာ ဆယ္လ္တာနဲ႔ပြဲမွာ ပင္နယ္တီကေနတစ္ဆင့္ ၂ ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

သူဟာအဲဒီပြဲမွာပင္နယ္တစ္လုံးလြဲခဲ့ေသးလို႔ ပင္နယ္တီဟက္ထရစ္ရမယ့္

အခြင့္အေရးကိုလည္း လက္လႊတ္ခဲ့ရပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ ရီးရဲလ္ဟာလည္း

ဒုတိယေနရာကဆီဗီလာကို ၁၂ မွတ္ျဖတ္ထားႏိုင္လို႔ ခ်န္ပီယံျဖစ္ေရးကလည္း

နီးစပ္လာခဲ့ပါတယ္။ ဒီဂိုးေတြေၾကာင့္ ဘန္ဇီမာဟာ ဒီရာသီလာလီဂါၿပိဳင္ပြဲမွာ

၂၃ ဂိုးရရွိၿပီး ဂိုးသြင္းအမ်ားဆုံးသူအျဖစ္ရပ္တည္ခဲ့တဲ့အျပင္ ၿပိဳင္ပြဲအရပ္ရပ္ၾကည့္ရင္

၃၅ ပြဲကစားခဲ့ၿပီးေနာက္သူ႔ရဲ႕သြင္းဂိုးစုစုေပါင္းက ၃၄ ဂိုးအထိရွိေနၿပီျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ျဖစ္တဲ့ ဘန္ဇီမာဟာ ဆယ္လ္တာနဲ႔ပြဲမွာသူ႔ရဲ႕ပထမဂိုးကို

သြင္းယူၿပီးေနာက္ ဒီရာသီမွာ ၃၃ ဂိုးရရွိၿပီး သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ

သြင္းဂိုးအမ်ားဆုံးရာသီတစ္ခုကိုပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕အရင္ကဂိုးသြင္း

အမ်ားဆုံးရာသီဟာ ၂၀၁၁-၁၂ ကျဖစ္ၿပီးရီးရဲလ္အတြက္ ၃၂ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

သူဟာရီးရဲလ္ကိုမေျပာင္းခင္ ျပင္သစ္ကလပ္လိုင္ယြန္မွာရွိေနတုန္းကအခုလိုဘဲ

ဂိုးသြင္းမ်ားခဲ့တဲ့ရာသီတစ္ခုပိုင္ဆိုင္ခဲ့ေသးၿပီး အဲဒီတုန္းကေတာ့ ၃၁ ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာရာသီၿပီးဆုံးဖို႔ လိုအပ္ေနေသးတဲ့အတြက္ ဘန္ဇီမာ ဟာဂိုးေတြပိုသြင္းႏိုင္ဖို႔

ရွိေနေသးလို႔ အေကာင္းဆုံးေသာမွတ္တမ္းကိုလည္း ဆက္လက္ရယူဖို႔

အခြင့္အေရးရွိေနပါတယ္။ ရီးရဲလ္ဟာ လာလီဂါမွာ ၉ ပြဲကစားဖို႔က်န္ေနေသးသလို

ခ်န္ပီယံလိဂ္မွာလည္းကြာတားဖိုင္နယ္ ၂ ပြဲကစားရဖို႔က်န္ေနပါေသးတယ္။

သူတို႔ဟာကြာတားမွာ ခ်ဲလ္ဆီးနဲ႔ေတြ႕ေနၿပီးေနာက္တစ္ဆင့္တက္ရင္ေတာ့

ဘန္ဇီမာအတြက္အခြင့္အေရးထပ္ရွိဦးမွာျဖစ္ပါတယ္။

ရီးရဲလ္ဟာဧၿပီ ၆ မွာ ခ်ဲလ္ဆီးနဲ႔ပထမေက်ာ့ကစားရမွာျဖစ္ၿပီး ဧၿပီ ၁၂ မွာဒုတိယအေက်ာ့

အိမ္ကြင္းကစားရမွာျဖစ္ပါတယ္။