
ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ
လစာငွေအများဆုံးကစားသမားစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး
ထိပ်ဆုံး(၅)ဦးစာရင်းမှာ မန်ချက်စတာယူနိုက်တက်ကစားသမားအများစု
လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ
ချန်ပီယံလိဂ်အပါအဝင် ဖလားပြိုင်ပွဲတွေအားလုံးကထွက်ခဲ့ရပြီဖြစ်ပြီး
ပရီးမီးယားလိဂ်မှာလည်းအဆင့်(၄)အတွင်းဝင်အောင် ရုန်းကန်နေရပေမယ့်
နာမည်ကျော်ကစားသမားတွေပိုင်ဆိုင်ထားတာကြောင့် မြင့်မားတဲ့
လစာငွေပေးချေနေရတာဖြစ်ပါတယ်။ L’Equipe က ထုတ်ပြန်တဲ့စာရင်း
ထိပ်ဆုံး(၅)ဦးမှာ ယူနိုက်တက်အသင်းက,ကစားသမား(၄)ဦးအထိပါဝင်ခဲ့ပြီး
လစာငွေအများဆုံးအဖြစ်ရပ်တည်နေတာက ထုံးစံအတိုင်းနာမည်ကျော်
တိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုပါပဲ။ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်
အသင်းဆီ တစ်ကျော့ပြန်လည်ပြောင်းရွှေ့ခဲ့သူစီရော်နယ်လ်ဒိုဟာ
(၁)လကို ပေါင်(၂.၂)သန်းအထိရရှိနေတာဖြစ်ပြီး (၁)နှစ်လစာ
ပေါင်(၂၆.၄)သန်းအထိရနေတာဖြစ်ပါတယ်။ ပွဲကြီးတွေမှာခြေစွမ်းမပြနိုင်လို့
ဝေဖန်မှုတွေထွက်ပေါ်နေပေမယ့် စီရော်နယ်လ်ဒိုဟာ ဒီရာသီမှာ
ယူနိုက်တက်အသင်းအတွက် စုစုပေါင်း(၁၈)ဂိုးအထိသွင်းယူထားပြီး
အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်နေတာပါ။
စီရော်နယ်လ်ဒိုရဲ့နောက်မှာတော့ မန်စီးတီးအသင်းက ဘယ်လ်ဂျီယံ
နာမည်ကျော်ကွင်းလယ်လူ ဒီဘရိုင်းနားက (၁)လကို ပေါင်(၁.၇)သန်း၊
(၁)နှစ်လစာ ပေါင်(၂၀.၄)သန်းနဲ့ရပ်တည်နေပါတယ်။ တတိယနေရာမှာ
ယူနိုက်တက်ဂိုးသမားဒီဂီယာရှိနေပြီး ဒီရာသီမှာ လက်စွမ်းကောင်းတွေပြသနေတဲ့
ဒီဂီယာဟာ (၁)နှစ်ကို ပေါင်(၁၉.၂)သန်းအထိရရှိနေတာကြောင့်
ပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ လစာငွေအများဆုံးလည်းဖြစ်ပါတယ်။
နွေရာသီက ယူနိုက်တက်အသင်းကိုရောက်ရှိခဲ့ပြီး ပုံမှန်ခြေစွမ်းပြဖို့
ရုန်းကန်နေရဆဲဖြစ်တဲ့ ဆန်ချို၊ ဗာရန်းတို့ဟာလည်း ထိပ်ဆုံး(၅)ဦးစာရင်းထဲမှာ
ပါဝင်ခဲ့သလို ဆန်ချိုက ပေါင်(၁၈)သန်း၊ ဗာရန်းက ပေါင်(၁၅.၆)သန်းရရှိနေတာဖြစ်ပါတယ်။
zawgyi
ဒီရာသီမွာ ႐ုန္းကန္ေနရေပမယ့္ EPL လစာေငြအမ်ားဆုံး ထိပ္ဆုံး ၅ ဦးစာရင္းမွာရပ္တည္ေနတဲ့ သရဲနီေတြ . . .
ျပင္သစ္နာမည္ေက်ာ္သတင္းစာ L’Equipe က ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ
လစာေငြအမ်ားဆုံးကစားသမားစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီး
ထိပ္ဆုံး(၅)ဦးစာရင္းမွာ မန္ခ်က္စတာယူႏိုက္တက္ကစားသမားအမ်ားစု
လႊမ္းမိုးထားႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ
ခ်န္ပီယံလိဂ္အပါအဝင္ ဖလားၿပိဳင္ပြဲေတြအားလုံးကထြက္ခဲ့ရၿပီျဖစ္ၿပီး
ပရီးမီးယားလိဂ္မွာလည္းအဆင့္(၄)အတြင္းဝင္ေအာင္ ႐ုန္းကန္ေနရေပမယ့္
နာမည္ေက်ာ္ကစားသမားေတြပိုင္ဆိုင္ထားတာေၾကာင့္ ျမင့္မားတဲ့
လစာေငြေပးေခ်ေနရတာျဖစ္ပါတယ္။ L’Equipe က ထုတ္ျပန္တဲ့စာရင္း
ထိပ္ဆုံး(၅)ဦးမွာ ယူႏိုက္တက္အသင္းက,ကစားသမား(၄)ဦးအထိပါဝင္ခဲ့ၿပီး
လစာေငြအမ်ားဆုံးအျဖစ္ရပ္တည္ေနတာက ထုံးစံအတိုင္းနာမည္ေက်ာ္
တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုပါပဲ။ ၿပီးခဲ့တဲ့ေႏြရာသီက ယူႏိုက္တက္
အသင္းဆီ တစ္ေက်ာ့ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သူစီေရာ္နယ္လ္ဒိုဟာ
(၁)လကို ေပါင္(၂.၂)သန္းအထိရရွိေနတာျဖစ္ၿပီး (၁)ႏွစ္လစာ
ေပါင္(၂၆.၄)သန္းအထိရေနတာျဖစ္ပါတယ္။ ပြဲႀကီးေတြမွာေျခစြမ္းမျပႏိုင္လို႔
ေဝဖန္မႈေတြထြက္ေပၚေနေပမယ့္ စီေရာ္နယ္လ္ဒိုဟာ ဒီရာသီမွာ
ယူႏိုက္တက္အသင္းအတြက္ စုစုေပါင္း(၁၈)ဂိုးအထိသြင္းယူထားၿပီး
အသင္းရဲ႕သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနတာပါ။
စီေရာ္နယ္လ္ဒိုရဲ႕ေနာက္မွာေတာ့ မန္စီးတီးအသင္းက ဘယ္လ္ဂ်ီယံ
နာမည္ေက်ာ္ကြင္းလယ္လူ ဒီဘ႐ိုင္းနားက (၁)လကို ေပါင္(၁.၇)သန္း၊
(၁)ႏွစ္လစာ ေပါင္(၂၀.၄)သန္းနဲ႔ရပ္တည္ေနပါတယ္။ တတိယေနရာမွာ
ယူႏိုက္တက္ဂိုးသမားဒီဂီယာရွိေနၿပီး ဒီရာသီမွာ လက္စြမ္းေကာင္းေတြျပသေနတဲ့
ဒီဂီယာဟာ (၁)ႏွစ္ကို ေပါင္(၁၉.၂)သန္းအထိရရွိေနတာေၾကာင့္
ပရီးမီးယားလိဂ္ဂိုးသမားေတြထဲမွာ လစာေငြအမ်ားဆုံးလည္းျဖစ္ပါတယ္။
ေႏြရာသီက ယူႏိုက္တက္အသင္းကိုေရာက္ရွိခဲ့ၿပီး ပုံမွန္ေျခစြမ္းျပဖို႔
႐ုန္းကန္ေနရဆဲျဖစ္တဲ့ ဆန္ခ်ိဳ၊ ဗာရန္းတို႔ဟာလည္း ထိပ္ဆုံး(၅)ဦးစာရင္းထဲမွာ
ပါဝင္ခဲ့သလို ဆန္ခ်ိဳက ေပါင္(၁၈)သန္း၊ ဗာရန္းက ေပါင္(၁၅.၆)သန္းရရွိေနတာျဖစ္ပါတယ္။
Leave a Reply