ဒီရာသီမှာ ယူနိုက်တက်ကစားသမားဘ၀ အကောင်းဆုံးသွင်းဂိုးမှတ်တမ်း ပိုင်ဆိုင်ခဲ့တဲ့ ဖရက်ဒ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်ဟာ ဘာစီလိုနာကို

(၂-၁)ဂိုးနဲ့အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး
အသင်းအတွက် အရေးပါတဲ့ ချေပဂိုးသွင်းယူခဲ့ပါတယ်။

ပွဲချိန်(၁၈)မိနစ်မှာ ဒိုင်လူကြီးရဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်ကြောင့်
ယူနိုက်တက်တို့ ပယ်နယ်တီပေးခဲ့ရပြီး ဘာစီလိုနာတိုက်စစ်မှူး
လီဝန်ဒေါစကီးရဲ့ ကန်ချက်ကို ဒီဂီယာ ပုတ်ထုတ်ဖို့ကြိုးစားပေမယ့်
မအောင်မြင်ဘဲ ဂိုးပေးခဲ့ရပါတယ်။

ယူနိုက်တက်အတွက် ချေပဂိုးကို ဒုတိယပိုင်းစလို့ (၂)မိနစ်လောက်
အကြာမှာပဲ ဘရူနိုဖာနန်ဒက်စ် ထိုးပေးလိုက်တာကနေ ဖရက်ဒ်က
ဆွဲပြေးပြီးတော့ ညာခြေနဲ့ ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဖိုးတန်အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းအစမှ
လူစားဝင်ကစားတဲ့ အန်တိုနီက ပွဲချိန်(၇၃)မိနစ်မှာ ဖရက်ဒ်ရဲ့

ကန်ချက် ဘာစီလိုနာနောက်ခံလူနဲ့ထိပြီး ပြန်ထွက်လာတာကို
ဘယ်ခြေနဲ့မြေမကျကန်သွင်းခဲ့ပါတယ်။

အခုပွဲမှာ ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ်
ဖရက်ဒ်ကို သတ်မှတ်ရမှာဖြစ်ပြီး ပွဲချိန်အတွင်း ဘောလုံးဆွဲပြေးမှု
(၁၀၀%)၊ ဘောလုံးပေးပို့မှု (၈၁%)၊ အောင်မြင်တဲ့ဘောလုံးပေးပို့မှု
(၂၁)ကြိမ်၊ ဂိုးပေါက်ကန်ချက်(၃)ကြိမ်၊ ဘောလုံးရှင်းထုတ်နိုင်မှု (၂)ကြိမ်၊
ကြားဝင်လုယူနိုင်မှု(၁)ကြိမ်နဲ့ (၁)ဂိုး သွင်းယူခဲ့ပါတယ်။

ဖရက်ဒ်ဟာ ဘာစီလိုနာနဲ့ကစားခဲ့တဲ့ နှစ်ကျော့စလုံးမှာ ဘောလုံးဖျက်ထုတ်နိုင်မှု
(၁၂)ကြိမ်အထိရှိခဲ့ပြီး နှစ်သင်းစလုံးရဲ့ကစားသမားတွေထဲမှာ အကြိမ်အများဆုံး

ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းအတွက် ဖရက်ဒ် ပါဝင်ကစားခဲ့တဲ့ နောက်ဆုံး
(၈)ပွဲမှာ (၃)ဂိုးသွင်း၊ (၃)ဂိုးဖန်တီးပေးခဲ့ပြီး သူ ပါဝင်ပတ်သက်ခဲ့တဲ့ဂိုး
အရေအတွက်က (၆)ဂိုးအထိရှိခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ဖရက်ဒ်အတွက် ဂုဏ်ယူစရာကောင်းတာက အသင်းဖော် ရပ်ရှ်ဖို့ဒ်လိုပဲ
ယူနိုက်တက်ကစားသမားဘ၀ သွင်းဂိုးအများဆုံးရာသီအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က ရှက်တာဒိုးနက်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူ ဖရက်ဒ်ဟာ
ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ(၃၆)ပွဲကစား၊ (၄)ဂိုးသွင်းယူပြီး ယူနိုက်တက်

ကစားသမားဘ၀ သွင်းဂိုးအများဆုံးဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ (၃၄)ပွဲကစား၊
(၅)ဂိုးသွင်းယူနိုင်တာကြောင့် နည်းပြအဲရစ်တန်ဟက်လက်ထက်မှာ ဖရက်ဒ်ရဲ့

စွမ်းဆောင်ရည်က သိသိသာသာ တိုးတက်လာတယ်လို့ပြောရမှာပါ။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဖရက္ဒ္ဟာ ဘာစီလိုနာကို

(၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ ယူ႐ိုပါလိဂ္ပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး
အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။

ပြဲခ်ိန္(၁၈)မိနစ္မွာ ဒိုင္လူႀကီးရဲ႕ အျငင္းပြားစရာ ဆုံးျဖတ္ခ်က္ေၾကာင့္
ယူႏိုက္တက္တို႔ ပယ္နယ္တီေပးခဲ့ရၿပီး ဘာစီလိုနာတိုက္စစ္မႉး
လီဝန္ေဒါစကီးရဲ႕ ကန္ခ်က္ကို ဒီဂီယာ ပုတ္ထုတ္ဖို႔ႀကိဳးစားေပမယ့္
မေအာင္ျမင္ဘဲ ဂိုးေပးခဲ့ရပါတယ္။

ယူႏိုက္တက္အတြက္ ေခ်ပဂိုးကို ဒုတိယပိုင္းစလို႔ (၂)မိနစ္ေလာက္
အၾကာမွာပဲ ဘ႐ူႏိုဖာနန္ဒက္စ္ ထိုးေပးလိုက္တာကေန ဖရက္ဒ္က
ဆြဲေျပးၿပီးေတာ့ ညာေျခနဲ႔ ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ အဖိုးတန္အႏိုင္ဂိုးကိုေတာ့ ဒုတိယပိုင္းအစမွ
လူစားဝင္ကစားတဲ့ အန္တိုနီက ပြဲခ်ိန္(၇၃)မိနစ္မွာ ဖရက္ဒ္ရဲ႕

ကန္ခ်က္ ဘာစီလိုနာေနာက္ခံလူနဲ႔ထိၿပီး ျပန္ထြက္လာတာကို
ဘယ္ေျခနဲ႔ေျမမက်ကန္သြင္းခဲ့ပါတယ္။

အခုပြဲမွာ ယူႏိုက္တက္အသင္းရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္
ဖရက္ဒ္ကို သတ္မွတ္ရမွာျဖစ္ၿပီး ပြဲခ်ိန္အတြင္း ေဘာလုံးဆြဲေျပးမႈ
(၁၀၀%)၊ ေဘာလုံးေပးပို႔မႈ (၈၁%)၊ ေအာင္ျမင္တဲ့ေဘာလုံးေပးပို႔မႈ
(၂၁)ႀကိမ္၊ ဂိုးေပါက္ကန္ခ်က္(၃)ႀကိမ္၊ ေဘာလုံးရွင္းထုတ္ႏိုင္မႈ (၂)ႀကိမ္၊
ၾကားဝင္လုယူႏိုင္မႈ(၁)ႀကိမ္နဲ႔ (၁)ဂိုး သြင္းယူခဲ့ပါတယ္။

ဖရက္ဒ္ဟာ ဘာစီလိုနာနဲ႔ကစားခဲ့တဲ့ ႏွစ္ေက်ာ့စလုံးမွာ ေဘာလုံးဖ်က္ထုတ္ႏိုင္မႈ
(၁၂)ႀကိမ္အထိရွိခဲ့ၿပီး ႏွစ္သင္းစလုံးရဲ႕ကစားသမားေတြထဲမွာ အႀကိမ္အမ်ားဆုံး

ျဖစ္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းအတြက္ ဖရက္ဒ္ ပါဝင္ကစားခဲ့တဲ့ ေနာက္ဆုံး
(၈)ပြဲမွာ (၃)ဂိုးသြင္း၊ (၃)ဂိုးဖန္တီးေပးခဲ့ၿပီး သူ ပါဝင္ပတ္သက္ခဲ့တဲ့ဂိုး
အေရအတြက္က (၆)ဂိုးအထိရွိခဲ့တာျဖစ္ပါတယ္။

ဒ့ါအျပင္ ဖရက္ဒ္အတြက္ ဂုဏ္ယူစရာေကာင္းတာက အသင္းေဖာ္ ရပ္ရွ္ဖို႔ဒ္လိုပဲ
ယူႏိုက္တက္ကစားသမားဘ၀ သြင္းဂိုးအမ်ားဆုံးရာသီအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
၂၀၁၈ ခုႏွစ္က ရွက္တာဒိုးနက္ကေန ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့သူ ဖရက္ဒ္ဟာ
ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံ(၃၆)ပြဲကစား၊ (၄)ဂိုးသြင္းယူၿပီး ယူႏိုက္တက္

ကစားသမားဘ၀ သြင္းဂိုးအမ်ားဆုံးျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ (၃၄)ပြဲကစား၊
(၅)ဂိုးသြင္းယူႏိုင္တာေၾကာင့္ နည္းျပအဲရစ္တန္ဟက္လက္ထက္မွာ ဖရက္ဒ္ရဲ႕

စြမ္းေဆာင္ရည္က သိသိသာသာ တိုးတက္လာတယ္လို႔ေျပာရမွာပါ။