
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့်
ဂါနာချိုဟာ ဝက်စ်ဟမ်းကို (၃-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အသင်းအတွက်
အရေးပါတဲ့ ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းအတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်း(၅၄)မိနစ်မှာ
ဘန်ရာမာက သွင်းယူခဲ့ပေမယ့် (၇၇)မိနစ်မှာ ဝက်စ်ဟမ်းနောက်ခံလူ
အက်ဂါ့ဒ်ရဲ့ OG ဂိုးကြောင့် ယူနိုက်တက် ချေပဂိုးရခဲ့သလို ပွဲပြီးခါနီး
မိနစ်တွေမှာ ဂါနာချိုက လှပတဲ့ဝေ့ဝိုက်ကန်ချက်နဲ့ ဒုတိယဂိုသွင်းခဲ့ပြီး
ဖရက်ဒ်က တတိယဂိုး သွင်းယူခဲ့ပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂါနာချိုရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ရင် တိကျတဲ့
ဘောလုံးပေးပို့မှု (၈၃%)၊ မြေပြင်မှာ ပြိုင်ဘက်ကို တစ်ဦးချင်းကျော်ဖြတ်နိုင်မှု
(၁၁)ကြိမ်၊ အောင်မြင်တဲ့ဘောလုံးဆွဲပြေးမှု (၆)ကြိမ်၊ ဂိုးပေါက်ကန်သွင်းချက်
(၃)ကြိမ်၊ ဘောလုံးဖျက်ထုတ်နိုင်မှု (၂)ကြိမ်၊ ဘောလုံးကြားဝင်လုယူနိုင်မှု
(၁)ကြိမ်နဲ့ (၁)ဂိုးသွင်းယူခဲ့ပါတယ်။
ဒီလိုခြေစွမ်းကောင်းတွေ ပြသနိုင်တာကြောင့် ဝက်စ်ဟမ်းနဲ့ပွဲအတွက်
အကောင်းဆုံးကစားသမားဆု(Player Of The Match)ကို ဂါနာချို
ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီပြိုင်ပွဲစုံမှာ ယူနိုက်တက်အတွက် ဂါနာချိုရဲ့
သွင်းဂိုးက (၄)ဂိုးရှိလာပြီး အဲဒီထဲက (၃)ဂိုးဟာ ပွဲရလဒ်ကို အလှည့်အပြောင်း
ဖြစ်အောင် အရေးပါတဲ့ဂိုးတွေဖြစ်ခဲ့ပါတယ်။
ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲတုန်းက ဆိုစီဒက်ကို (၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ
ဂါနာချိုက ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူခဲ့သလို ဖူလ်ဟမ်ကို (၂-၁)ဂိုးနဲ့
အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ဂါနာချိုဟာ လူစားဝင်လာပြီးတော့
နာကျင်အချိန်ပို (၉၃)မိနစ်မှာ အရေးပါတဲ့ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
အခု ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ပွဲချိန်မိနစ်(၉၀)မှာ ပွဲကို အလှည့်အပြောင်းဖြစ်စေမယ့်
ဒုတိယဂိုးကို ညာခြေကန်ချက်နဲ့ လှလှပပကန်သွင်းခဲ့တာဖြစ်ပြီး ဂါနာချိုဟာ
ယူနိုက်တက်အသင်းတိုက်စစ်အတွက် အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာပါပြီ။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္
ဂါနာခ်ိဳဟာ ဝက္စ္ဟမ္းကို (၃-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္
အေရးပါတဲ့ ဒုတိယဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဝက္စ္ဟမ္းအသင္းအတြက္ ဦးေဆာင္ဂိုးကို ဒုတိယပိုင္း(၅၄)မိနစ္မွာ
ဘန္ရာမာက သြင္းယူခဲ့ေပမယ့္ (၇၇)မိနစ္မွာ ဝက္စ္ဟမ္းေနာက္ခံလူ
အက္ဂါ့ဒ္ရဲ႕ OG ဂိုးေၾကာင့္ ယူႏိုက္တက္ ေခ်ပဂိုးရခဲ့သလို ပြဲၿပီးခါနီး
မိနစ္ေတြမွာ ဂါနာခ်ိဳက လွပတဲ့ေဝ့ဝိုက္ကန္ခ်က္နဲ႔ ဒုတိယဂိုသြင္းခဲ့ၿပီး
ဖရက္ဒ္က တတိယဂိုး သြင္းယူခဲ့ပါတယ္။
ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဂါနာခ်ိဳရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းကို ၾကည့္ရင္ တိက်တဲ့
ေဘာလုံးေပးပို႔မႈ (၈၃%)၊ ေျမျပင္မွာ ၿပိဳင္ဘက္ကို တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္မႈ
(၁၁)ႀကိမ္၊ ေအာင္ျမင္တဲ့ေဘာလုံးဆြဲေျပးမႈ (၆)ႀကိမ္၊ ဂိုးေပါက္ကန္သြင္းခ်က္
(၃)ႀကိမ္၊ ေဘာလုံးဖ်က္ထုတ္ႏိုင္မႈ (၂)ႀကိမ္၊ ေဘာလုံးၾကားဝင္လုယူႏိုင္မႈ
(၁)ႀကိမ္နဲ႔ (၁)ဂိုးသြင္းယူခဲ့ပါတယ္။
ဒီလိုေျခစြမ္းေကာင္းေတြ ျပသႏိုင္တာေၾကာင့္ ဝက္စ္ဟမ္းနဲ႔ပြဲအတြက္
အေကာင္းဆုံးကစားသမားဆု(Player Of The Match)ကို ဂါနာခ်ိဳ
ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒီရာသီၿပိဳင္ပြဲစုံမွာ ယူႏိုက္တက္အတြက္ ဂါနာခ်ိဳရဲ႕
သြင္းဂိုးက (၄)ဂိုးရွိလာၿပီး အဲဒီထဲက (၃)ဂိုးဟာ ပြဲရလဒ္ကို အလွည့္အေျပာင္း
ျဖစ္ေအာင္ အေရးပါတဲ့ဂိုးေတြျဖစ္ခဲ့ပါတယ္။
ယူ႐ိုပါလိဂ္အုပ္စုေနာက္ဆုံးပြဲတုန္းက ဆိုစီဒက္ကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ
ဂါနာခ်ိဳက ယူႏိုက္တက္အတြက္ အႏိုင္ဂိုးသြင္းယူခဲ့သလို ဖူလ္ဟမ္ကို (၂-၁)ဂိုးနဲ႔
အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာလည္း ဂါနာခ်ိဳဟာ လူစားဝင္လာၿပီးေတာ့
နာက်င္အခ်ိန္ပို (၉၃)မိနစ္မွာ အေရးပါတဲ့ အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။
အခု ဝက္စ္ဟမ္းနဲ႔ပြဲမွာလည္း ပြဲခ်ိန္မိနစ္(၉၀)မွာ ပြဲကို အလွည့္အေျပာင္းျဖစ္ေစမယ့္
ဒုတိယဂိုးကို ညာေျခကန္ခ်က္နဲ႔ လွလွပပကန္သြင္းခဲ့တာျဖစ္ၿပီး ဂါနာခ်ိဳဟာ
ယူႏိုက္တက္အသင္းတိုက္စစ္အတြက္ အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္လာပါၿပီ။