ဒီရစ်ဒါကို ထမ်းစင်နဲ့ သယ်ထုထ်ရတဲ့အထိ အပြတ်သိပ်ပြလိုက်တဲ့ မာလီခင်

One Championship ရဲ့ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်လုပွဲမှာ ရုရှားနာမည်ကျော်

ကစားသမား မာလီခင်က နယ်သာလန် MMA ကစားသမား ဒီရစ်ဒါကို ပထမအချီမှာပဲ
အလဲထိုးအနိုင်ရခဲ့ပါတယ်။

အောင်လအန်ဆန်ကို အနိုင်ယူပြီး One Championship မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်
ချန်ပီယံခါးပတ်တွေ သိမ်းပိုက်ခဲ့တဲ့ ဒီရစ်ဒါဟာ အခုပွဲမတိုင်ခင် လေကြီးလေကျယ်တွေ
ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ မာလီခင်ကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ပွဲအပြီးမှာ ထမ်းစင်နဲ့
သယ်ဆောင်သွားရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။

ပွဲအစပိုင်းမှာ ဒီရစ်ဒါက သူ အားသန်တဲ့ ချုပ်ကွက်နဲ့ မာလီခင်ကို အသာရယူဖို့ ကြိုးပမ်းပေမယ့်
မာလီခင်ဟာ ပါးပါးနပ်နပ်နဲ့ ကာကွယ်ပြီးတော့ ဒီရစ်ဒါကို Stand Fight ပုံစံဖြစ်အောင် ဗျူဟာ
ခင်းခဲ့တယ်။ ဒီရစ်ဒါဟာ မာလီခင်ကို (၃)ကြိမ်လောက် ဝင်ချုပ်ဖို့ ကြိုးစားပေမယ့်

မအောင်မြင်တဲ့အပြင် မာလီခင်ရဲ့ ပင့်လက်သီးချက်တွေ မိပြီးတော့ အထိနာခဲ့ရတယ်။

မာလီခင်ဟာ ချုပ်ကွက် မမိအောင် Defence လုပ်နိုင်တဲ့အပိုင်းမှာ အရမ်းကောင်းလွန်းပြီး

နောက်ထပ်ချီးကျူးရမှာက သူ လိုချင်တဲ့ Stand Fight အကွက်ထဲ ဒီရစ်ဒါ ဝင်လာအောင်
မျှားခေါ်နိုင်ခဲ့တာပါပဲ။

ဒီရစ်ဒါကလည်း ချုပ်ဖို့က တစ်ကွက်ကလွဲရင် ကျန်တဲ့အပိုင်းတွေမှာ အားနည်းတာကြောင့်
သူတင်ကိုယ်တင် ဆိုင်ထိုးတဲ့အခါ Power ပိုင်းက တော်တော်လေးကွာခြားပြီး မာလီခင်ရဲ့
လက်သီးချက်တွေကို ဘယ်လိုမှ မကာကွယ်နိုင်တဲ့အပြင် သူ့ရဲ့ လက်သီးချက်၊ ခြေထောက်
ကန်ချက်တွေကလည်း ထိရောက်မှု မရှိပြန်ဘူး။

ဒီရစ်ဒါရဲ့ ပုံစံက အခုမှ One Championship ပွဲ စထိုးတဲ့ ကစားသမားတစ်ယောက်လို
ပုံစံဖြစ်သွားပြီး အဲဒါကြောင့်ပဲ မာလီခင်ဟာ ဒီရစ်ဒါကို ပြင်းထန်အားပါတဲ့ လက်သီးချက်တွေနဲ့
အလဲထိုးခဲ့သလို ဒိုင်လူကြီးသာ အချိန်မီ ဝင်မတားရင် ဒီရစ်ဒါ အခုထက် အခြေအနေ

ပိုဆိုးသွားနိုင်ပါတယ်။

အောင်လအန်ဆန်ကို ချုပ်ကွက်တွေနဲ့ (၂)ကြိမ်တိုင်တိုင် အနိုင်ယူခဲ့တဲ့အပြင်

လေကြီးလေကျယ်တွေပြောလို့ မြန်မာပရိသတ်တွေ သိပ်ကြည့်လို့မရတဲ့ ဒီရစ်ဒါဟာ အခုပွဲမှာ
အလဲလဲ၊ အကွဲကွဲနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ထမ်းစင်နဲ့ထုတ်သွားရတဲ့ မြင်ကွင်းကို တွေ့ရတော့လည်း
ဘာပဲဖြစ်ဖြစ် ဒီရစ်ဒါအတွက် စိတ်မကောင်းဖြစ်မိသလို နောက်တစ်ကြိမ် အခုထက် ပိုကောင်းတဲ့
ပုံစံမျိုးနဲ့ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် . .

[Zawgyi]

One Championship ရဲ႕ လိုက္ဟဲဗီးဝိတ္တန္း ခါးပတ္လုပြဲမွာ ႐ုရွားနာမည္ေက်ာ္
ကစားသမား မာလီခင္က နယ္သာလန္ MMA ကစားသမား ဒီရစ္ဒါကို ပထမအခ်ီမွာပဲ
အလဲထိုးအႏိုင္ရခဲ့ပါတယ္။

ေအာင္လအန္ဆန္ကို အႏိုင္ယူၿပီး One Championship မစ္ဒယ္ဝိတ္နဲ႔ လိုက္ဟဲဗီးဝိတ္
ခ်န္ပီယံခါးပတ္ေတြ သိမ္းပိုက္ခဲ့တဲ့ ဒီရစ္ဒါဟာ အခုပြဲမတိုင္ခင္ ေလႀကီးေလက်ယ္ေတြ

ေျပာခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ မာလီခင္ကို ဘယ္လိုမွ မယွဥ္ႏိုင္ဘဲ ပြဲအၿပီးမွာ ထမ္းစင္နဲ႔
သယ္ေဆာင္သြားရတဲ့အထိ အေျခအေနဆိုးခဲ့ပါတယ္။

ပြဲအစပိုင္းမွာ ဒီရစ္ဒါက သူ အားသန္တဲ့ ခ်ဳပ္ကြက္နဲ႔ မာလီခင္ကို အသာရယူဖို႔ ႀကိဳးပမ္းေပမယ့္
မာလီခင္ဟာ ပါးပါးနပ္နပ္နဲ႔ ကာကြယ္ၿပီးေတာ့ ဒီရစ္ဒါကို Stand Fight ပုံစံျဖစ္ေအာင္ ဗ်ဴဟာ
ခင္းခဲ့တယ္။ ဒီရစ္ဒါဟာ မာလီခင္ကို (၃)ႀကိမ္ေလာက္ ဝင္ခ်ဳပ္ဖို႔ ႀကိဳးစားေပမယ့္
မေအာင္ျမင္တဲ့အျပင္ မာလီခင္ရဲ႕ ပင့္လက္သီးခ်က္ေတြ မိၿပီးေတာ့ အထိနာခဲ့ရတယ္။

မာလီခင္ဟာ ခ်ဳပ္ကြက္ မမိေအာင္ Defence လုပ္ႏိုင္တဲ့အပိုင္းမွာ အရမ္းေကာင္းလြန္းၿပီး
ေနာက္ထပ္ခ်ီးက်ဴးရမွာက သူ လိုခ်င္တဲ့ Stand Fight အကြက္ထဲ ဒီရစ္ဒါ ဝင္လာေအာင္
မွ်ားေခၚႏိုင္ခဲ့တာပါပဲ။

ဒီရစ္ဒါကလည္း ခ်ဳပ္ဖို႔က တစ္ကြက္ကလြဲရင္ က်န္တဲ့အပိုင္းေတြမွာ အားနည္းတာေၾကာင့္
သူတင္ကိုယ္တင္ ဆိုင္ထိုးတဲ့အခါ Power ပိုင္းက ေတာ္ေတာ္ေလးကြာျခားၿပီး မာလီခင္ရဲ႕

လက္သီးခ်က္ေတြကို ဘယ္လိုမွ မကာကြယ္ႏိုင္တဲ့အျပင္ သူ႔ရဲ႕ လက္သီးခ်က္၊ ေျခေထာက္
ကန္ခ်က္ေတြကလည္း ထိေရာက္မႈ မရွိျပန္ဘူး။

ဒီရစ္ဒါရဲ႕ ပုံစံက အခုမွ One Championship ပြဲ စထိုးတဲ့ ကစားသမားတစ္ေယာက္လို
ပုံစံျဖစ္သြားၿပီး အဲဒါေၾကာင့္ပဲ မာလီခင္ဟာ ဒီရစ္ဒါကို ျပင္းထန္အားပါတဲ့ လက္သီးခ်က္ေတြနဲ႔
အလဲထိုးခဲ့သလို ဒိုင္လူႀကီးသာ အခ်ိန္မီ ဝင္မတားရင္ ဒီရစ္ဒါ အခုထက္ အေျခအေန
ပိုဆိုးသြားႏိုင္ပါတယ္။

ေအာင္လအန္ဆန္ကို ခ်ဳပ္ကြက္ေတြနဲ႔ (၂)ႀကိမ္တိုင္တိုင္ အႏိုင္ယူခဲ့တဲ့အျပင္
ေလႀကီးေလက်ယ္ေတြေျပာလို႔ ျမန္မာပရိသတ္ေတြ သိပ္ၾကည့္လို႔မရတဲ့ ဒီရစ္ဒါဟာ အခုပြဲမွာ
အလဲလဲ၊ အကြဲကြဲနဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ထမ္းစင္နဲ႔ထုတ္သြားရတဲ့ ျမင္ကြင္းကို ေတြ႕ရေတာ့လည္း

ဘာပဲျဖစ္ျဖစ္ ဒီရစ္ဒါအတြက္ စိတ္မေကာင္းျဖစ္မိသလို ေနာက္တစ္ႀကိမ္ အခုထက္ ပိုေကာင္းတဲ့
ပုံစံမ်ိဳးနဲ႔ ျပန္လာႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ . .