
ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူ ဒီယွန်းအတွက် မြင့်မားတဲ့
ပြောင်းရွှေ့ကြေးရအောင် ကလိမ်ကျနေတယ်လို့ မန်ချက်စတာယူနိုက်တက်
အသင်းက ယုံကြည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီယွန်းကို ခေါ်ယူဖို့ ကာလရှည်ပစ်မှတ်ထားနေတာဖြစ်ပြီး
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ကလည်း ကြိုးပမ်းခဲ့ဖူးပါတယ်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာကတော့ ဒီယွန်းကို ရောင်းချမှာ မဟုတ်ဘူးဆိုပြီး
ပြောခဲ့ပေမယ့် ဒါက ဒီယွန်းအတွက် မတန်တဆ ပြောင်းရွှေ့ကြေးလိုချင်တာကြောင့်
အကွက်ခင်းနေတာဖြစ်တယ်လို့ စပိန်အားကစားသတင်းစာ Sport က သုံးသပ်ခဲ့ပါတယ်။
ဒီယွန်းဟာ အခုရာသီမှာ ဘာစီလိုနာအသင်းအတွက် (၁၇)ပွဲကစား၊ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု
(၁)ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီအစပိုင်းက ဒီယွန်းကို
ပေါင်သန်း(၆၀)နဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ဒီယွန်းကိုယ်တိုင်ကလည်း အသင်း
ပြောင်းချင်ပေမယ့် ဘာစီလိုနာနဲ့ လစာငွေကြွေးကျန်ပြဿနာကြောင့် အသင်းမှာပဲ
ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကတ်စ်မဲရိုးကို ပြောင်းလဲခေါ်ယူခဲ့ရတာပါ။
ဒါပေမဲ့လည်း ယူနိုက်တက်အသင်းက ဒီယွန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး
လာမယ့်နှစ်၊ နွေရာသီကျရင် ဒီယွန်းနဲ့အတူ ဘယ်လင်ဂမ်တို့အတွက် ပေါင်သန်း(၂၀၀)အထိ
အသုံးပြုသွားဖို့ရှိနေပါတယ်။
[Zawgyi]
ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕ ကြင္းလယ္လူ ဒီယြန္းအတြက္ ျမင့္မားတဲ့
ေျပာင္းေ႐ႊ႕ေၾကးရေအာင္ ကလိမ္က်ေနတယ္လို႔ မန္ခ်က္စတာယူႏိုက္တက္
အသင္းက ယုံၾကည္ေနပါတယ္။
ယူႏိုက္တက္အသင္းဟာ ဒီယြန္းကို ေခၚယူဖို႔ ကာလရွည္ပစ္မွတ္ထားေနတာျဖစ္ၿပီး
ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္ကလည္း ႀကိဳးပမ္းခဲ့ဖူးပါတယ္။
ဘာစီလိုနာအသင္းဥကၠ႒ လာေပၚတာကေတာ့ ဒီယြန္းကို ေရာင္းခ်မွာ မဟုတ္ဘူးဆိုၿပီး
ေျပာခဲ့ေပမယ့္ ဒါက ဒီယြန္းအတြက္ မတန္တဆ ေျပာင္းေ႐ႊ႕ေၾကးလိုခ်င္တာေၾကာင့္
အကြက္ခင္းေနတာျဖစ္တယ္လို႔ စပိန္အားကစားသတင္းစာ Sport က သုံးသပ္ခဲ့ပါတယ္။
ဒီယြန္းဟာ အခုရာသီမွာ ဘာစီလိုနာအသင္းအတြက္ (၁၇)ပြဲကစား၊ (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ
(၁)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီရာသီအစပိုင္းက ဒီယြန္းကို
ေပါင္သန္း(၆၀)နဲ႔ေခၚယူဖို႔ ကမ္းလွမ္းခဲ့ၿပီး ဒီယြန္းကိုယ္တိုင္ကလည္း အသင္း
ေျပာင္းခ်င္ေပမယ့္ ဘာစီလိုနာနဲ႔ လစာေငြေႂကြးက်န္ျပႆနာေၾကာင့္ အသင္းမွာပဲ
ဆက္ကစားဖို႔ ဆုံးျဖတ္ခဲ့တဲ့အတြက္ ကတ္စ္မဲ႐ိုးကို ေျပာင္းလဲေခၚယူခဲ့ရတာပါ။
ဒါေပမဲ့လည္း ယူႏိုက္တက္အသင္းက ဒီယြန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ၿပီး
လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ ဒီယြန္းနဲ႔အတူ ဘယ္လင္ဂမ္တို႔အတြက္ ေပါင္သန္း(၂၀၀)အထိ
အသုံးျပဳသြားဖို႔ရွိေနပါတယ္။