ဒီယွန်းကို အသားလွတ် ဘောလုံးနဲ့တည်ကန်ခဲ့တဲ့လုပ်ရပ်ကြောင့် ဘရူနိုဖာနန်ဒက်စ်ကို ပရိသတ်တွေ ဝိုင်းဆဲနေ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ

ဘာစီလိုနာနဲ့ပွဲမှာ ပြိုင်ဘက်ကစားသမား ဒီယွန်းကို ဘောလုံးနဲ့
တည်ကန်ခဲ့တဲ့လုပ်ရပ်ကြောင့် ဝေဖန်ပြစ်တင်ခံနေရပါတယ်။

ယူနိုက်တက်အသင်းဟာ ဖရက်ဒ်၊ အန်တိုနီတို့ရဲ့ဂိုးတွေနဲ့အတူ
ဘာစီလိုနာကို (၂-၁)ဂိုးနဲ့အနိုင်ရပြီး ဘာစီလိုနာအသင်းရဲ့ ပြိုင်ပွဲစုံ
(၁၈)ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း အဆုံးသတ်နိုင်ခဲ့သလို ရှုံးထွက်
(၁၆)သင်းအဆင့် တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

ဘာစီလိုနာနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ဖရက်ဒ်ရဲ့ အရေးပါတဲ့
ချေပဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပေမယ့် ယူနိုက်တက်ပေးရတဲ့
ပယ်နယ်တီက ဘရူနိုဖာနန်ဒက်စ်ရဲ့ အမှားကြောင့်ပေးလိုက်ရတာ

ဖြစ်ပြီး နောက်ထပ်အငြင်းပွားစရာအဖြစ် ဘာစီလိုနာကွင်းလယ်လူ
ဒီယွန်းကို အသားလွတ်ဘောလုံးနဲ့ တည်ကန်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်(၁၈)မိနစ်မှာ ယူနိုက်တက်အသင်းရဲ့ ပယ်နယ်တီဧရိယာအတွင်း
ဘာစီလိုနာနောက်ခံလူ ဘယ်လ်ဒီကို ဘရူနိုဖာနန်ဒက်စ် ဆွဲလှဲချခဲ့တဲ့
အတွက် ဒိုင်လူကြီးက ပယ်နယ်တီပေးခဲ့ပြီး ဒါကို လီဝန်ဒေါစကီးက
ကန်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်မှာ ဘရူနိုဖာနန်ဒက်စ်က သာမန်အတိုင်း
ဘောလုံးလုယူဖို့ကြိုးစားတာဖြစ်ပြီး ၅၀-၅၀ အနေအထားမှာ ဒိုင်လူကြီး

တာပင်က ပယ်နယ်တီပေးခဲ့တာက ဆုံးဖြတ်ချက် ပြင်းထန်လွန်းပါတယ်။

ဒုတိပိုင်းမိနစ်(၆၀)လောက်မှာ ဘစ်ဆာကာရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့်

ဒီယွန်း မြေပြင်ပေါ် လဲကျသွားချိန်မှာ ဘရူနိုဖာနန်ဒက်စ်က ဘောလုံးနဲ့တည်ပြီးတော့
အားရပါးရကန်ခဲ့တဲ့အတွက် ဘာစီလိုနာကစားသမားတွေနဲ့ အချင်းများခဲ့ပြီး
ဒိုင်လူကြီးက ဘရူနိုဖာနန်ဒက်စ်ကို အဝါကတ်ပြသခဲ့ပါတယ်။

ဒီလုပ်ရပ်အပေါ် ယူနိုက်တက်ပရိသတ်တွေက အပြစ်မမြင်ကြပေမယ့် ပြိုင်ဘက်
ပရိသတ်တွေကတော့ ဘရူနိုဖာနန်ဒက်စ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ပရိသတ်တွေက ‘ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေထောက်ကို ရိုက်ချိုးသင့်ပါတယ်’၊
‘ယူနိုက်တက်မှာ ဒီကောင့်ကို မကြိုက်ဆုံးပဲ’၊ ‘ဒီကောင်ဟာ တော်တော်လေး

စိတ်ပျက်စရာကောင်းတဲ့ ဘောလုံးသမားပါ။ သူ့ကိုသာ ဒီလိုလုပ်ရင်
ဘယ်လောက်တောင် ဒေါသပေါက်ကွဲပြမလဲမသိဘူး’လို့ Twitter မှာ
ရေးသားခဲ့ကြပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ
ဘာစီလိုနာနဲ႔ပြဲမွာ ၿပိဳင္ဘက္ကစားသမား ဒီယြန္းကို ေဘာလုံးနဲ႔
တည္ကန္ခဲ့တဲ့လုပ္ရပ္ေၾကာင့္ ေဝဖန္ျပစ္တင္ခံေနရပါတယ္။

ယူႏိုက္တက္အသင္းဟာ ဖရက္ဒ္၊ အန္တိုနီတို႔ရဲ႕ဂိုးေတြနဲ႔အတူ
ဘာစီလိုနာကို (၂-၁)ဂိုးနဲ႔အႏိုင္ရၿပီး ဘာစီလိုနာအသင္းရဲ႕ ၿပိဳင္ပြဲစုံ
(၁၈)ပြဲဆက္ ရႈံးပြဲမရွိမွတ္တမ္း အဆုံးသတ္ႏိုင္ခဲ့သလို ရႈံးထြက္

(၁၆)သင္းအဆင့္ တက္ေရာက္ခြင့္ ရရွိခဲ့ပါတယ္။

ဘာစီလိုနာနဲ႔ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဖရက္ဒ္ရဲ႕ အေရးပါတဲ့

ေခ်ပဂိုးအတြက္ ဖန္တီးေပးႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္ေပးရတဲ့
ပယ္နယ္တီက ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အမွားေၾကာင့္ေပးလိုက္ရတာ
ျဖစ္ၿပီး ေနာက္ထပ္အျငင္းပြားစရာအျဖစ္ ဘာစီလိုနာကြင္းလယ္လူ
ဒီယြန္းကို အသားလြတ္ေဘာလုံးနဲ႔ တည္ကန္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္(၁၈)မိနစ္မွာ ယူႏိုက္တက္အသင္းရဲ႕ ပယ္နယ္တီဧရိယာအတြင္း
ဘာစီလိုနာေနာက္ခံလူ ဘယ္လ္ဒီကို ဘ႐ူႏိုဖာနန္ဒက္စ္ ဆြဲလွဲခ်ခဲ့တဲ့
အတြက္ ဒိုင္လူႀကီးက ပယ္နယ္တီေပးခဲ့ၿပီး ဒါကို လီဝန္ေဒါစကီးက

ကန္သြင္းခဲ့ပါတယ္။ ဒါေပမဲ့ ဒီျဖစ္ရပ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္က သာမန္အတိုင္း
ေဘာလုံးလုယူဖို႔ႀကိဳးစားတာျဖစ္ၿပီး ၅၀-၅၀ အေနအထားမွာ ဒိုင္လူႀကီး
တာပင္က ပယ္နယ္တီေပးခဲ့တာက ဆုံးျဖတ္ခ်က္ ျပင္းထန္လြန္းပါတယ္။

ဒုတိပိုင္းမိနစ္(၆၀)ေလာက္မွာ ဘစ္ဆာကာရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္
ဒီယြန္း ေျမျပင္ေပၚ လဲက်သြားခ်ိန္မွာ ဘ႐ူႏိုဖာနန္ဒက္စ္က ေဘာလုံးနဲ႔တည္ၿပီးေတာ့
အားရပါးရကန္ခဲ့တဲ့အတြက္ ဘာစီလိုနာကစားသမားေတြနဲ႔ အခ်င္းမ်ားခဲ့ၿပီး
ဒိုင္လူႀကီးက ဘ႐ူႏိုဖာနန္ဒက္စ္ကို အဝါကတ္ျပသခဲ့ပါတယ္။

ဒီလုပ္ရပ္အေပၚ ယူႏိုက္တက္ပရိသတ္ေတြက အျပစ္မျမင္ၾကေပမယ့္ ၿပိဳင္ဘက္
ပရိသတ္ေတြကေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ကို ျပင္းျပင္းထန္ထန္ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

ပရိသတ္ေတြက ‘ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ေျခေထာက္ကို ႐ိုက္ခ်ိဳးသင့္ပါတယ္’၊
‘ယူႏိုက္တက္မွာ ဒီေကာင့္ကို မႀကိဳက္ဆုံးပဲ’၊ ‘ဒီေကာင္ဟာ ေတာ္ေတာ္ေလး
စိတ္ပ်က္စရာေကာင္းတဲ့ ေဘာလုံးသမားပါ။ သူ႔ကိုသာ ဒီလိုလုပ္ရင္
ဘယ္ေလာက္ေတာင္ ေဒါသေပါက္ကြဲျပမလဲမသိဘူး’လို႔ Twitter မွာ
ေရးသားခဲ့ၾကပါတယ္။