ဒီယက်ဇ်က ၁၀ မိနစ်နီးပါး ရှင်းပြနေပေမယ့် ဘာတစ်ခွန်းမှ နားမလည်ခဲ့တဲ့ ကလော့ပ်

လီဗာပူးဟာ အခုအင်္ဂါညမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့အဖြစ်

ဘင်ဖီကာကွင်းမှာ သွားကစားရဖို့ ရှိပါတယ်။ သူတို့ရဲ့ချန်ပီယံလဂ်ပြိုင်ဘက်နဲ့ပတ်သက်လို့

သူဟာ ကိုလံဘီယာတောင်ပံကစားသမားဒီယက်ဇ်ကို မေးမြန်းဖို့ ကြိုးစားခဲ့ကြောင်း

လီဗာပူးနည်းပြကလော့ပ်က ဖွင့်ဟခဲ့တာပါ။ ပြီးခဲ့တဲ့ဇန်နဝါရီကမှ ပေါင်သန်း ၅၀ နဲ့

မာဆေးဆိုဒ်ကို ရောက်လာတဲ့ ဒီယက်ဇ်ဟာ ဘင်ဖီကာနဲ့ယှဉ်ပြိုင်ကစားရာမှာ

အတွေ့အကြုံများစွာရှိသူ ဖြစ်ပါတယ်။ ၂၅ နှစ်အရွယ် ဒီယက်ဇ်ဟာ ဘင်ဖီကာရဲ့

အဓိကပြိုင်ဘက်ဖြစ်တဲ့ ပေါ်တိုအသင်းမှာ ၂ နှစ်ခွဲကြာကစားခဲ့တာပါ။

ဒါပေမဲ့ ကံဆိုးချင်တော့ ဘင်ဖီကာနဲ့ပတ်သက်လို့ ဒီယက်ဇ်ပြောခဲ့တာတွေကို

ကလော့ပ်က တစ်လုံးမှ နားမလည်နိုင်ဖြစ်ခဲ့ပါတယ်။ ဒီယက်ဇ်ဟာ အင်္ဂလိပ်စကား

မပြောတတ်လို့ လီဗာပူးကို ရောက်ရောက်ချင်း အင်္ဂလိပ်သင်ခန်းစာတွေ

လေ့လာသင်ယူနေရတာပါ။ သတင်းစာရှင်းလင်းပွဲမှာ ဒီယက်ဇ်က ဘင်ဖီကာအကြောင်း

သူ့ကို ပြောပြခြင်းရှိ၊မရှိ မေးမြန်းခံရတော့ ကလော့ပ်က”သူက ၁၀ မိနစ်လောက်

ကြိုးစားပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်က စကားလုံးတစ်လုံးမှ နားမလည်ပါဘူး”လို့

ပြန်လည်ဖြေကြားခဲ့ပါတယ်။ ကံကောင်းချင်တော့ ကလော့ပ်ရဲ့နည်းပြအဖွဲ့ဝင်တွေထဲမှာ

ပေါ်တိုမှာ ကျင်လည်ခဲ့ဖူးတဲ့ နှစ်ယောက်ရှိနေတာပါ။ ဒါ့အပြင် ကလော့ပ်ရဲ့အသင်းမှာ

၂၀၁၆-၁၇ ရာသီက ပေါ်တိုမှာ အငှားကန်ဖူးတဲ့ ဝုဗ်ကြယ်ပွင့်ဟောင်းဂျိုတာလည်း ရှိနေပါတယ်။

ဘင်ဖီကာပွဲနဲ့ပတ်သက်လို့ လိုအပ်တဲ့အချက်အလက်တွေအားလုံးကို အသင်းသားတွေနဲ့

ဆွေးနွေးခဲ့ကြောင်း ကလော့ပ်က ဖွင့်ခဲ့တာပါ။

zawgyi

ဒီယက္ဇ္က ၁၀ မိနစ္နီးပါး ရွင္းျပေနေပမယ့္ ဘာတစ္ခြန္းမွ နားမလည္ခဲ့တဲ့ ကေလာ့ပ္

လီဗာပူးဟာ အခုအဂၤါညမွာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့အျဖစ္

ဘင္ဖီကာကြင္းမွာ သြားကစားရဖို႔ ရွိပါတယ္။ သူတို႔ရဲ႕ခ်န္ပီယံလဂ္ၿပိဳင္ဘက္နဲ႔ပတ္သက္လို႔

သူဟာ ကိုလံဘီယာေတာင္ပံကစားသမားဒီယက္ဇ္ကို ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေၾကာင္း

လီဗာပူးနည္းျပကေလာ့ပ္က ဖြင့္ဟခဲ့တာပါ။ ၿပီးခဲ့တဲ့ဇန္နဝါရီကမွ ေပါင္သန္း ၅၀ နဲ႔

မာေဆးဆိုဒ္ကို ေရာက္လာတဲ့ ဒီယက္ဇ္ဟာ ဘင္ဖီကာနဲ႔ယွဥ္ၿပိဳင္ကစားရာမွာ

အေတြ႕အႀကဳံမ်ားစြာရွိသူ ျဖစ္ပါတယ္။ ၂၅ ႏွစ္အ႐ြယ္ ဒီယက္ဇ္ဟာ ဘင္ဖီကာရဲ႕

အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ေပၚတိုအသင္းမွာ ၂ ႏွစ္ခြဲၾကာကစားခဲ့တာပါ။

ဒါေပမဲ့ ကံဆိုးခ်င္ေတာ့ ဘင္ဖီကာနဲ႔ပတ္သက္လို႔ ဒီယက္ဇ္ေျပာခဲ့တာေတြကို

ကေလာ့ပ္က တစ္လုံးမွ နားမလည္ႏိုင္ျဖစ္ခဲ့ပါတယ္။ ဒီယက္ဇ္ဟာ အဂၤလိပ္စကား

မေျပာတတ္လို႔ လီဗာပူးကို ေရာက္ေရာက္ခ်င္း အဂၤလိပ္သင္ခန္းစာေတြ

ေလ့လာသင္ယူေနရတာပါ။ သတင္းစာရွင္းလင္းပြဲမွာ ဒီယက္ဇ္က ဘင္ဖီကာအေၾကာင္း

သူ႔ကို ေျပာျပျခင္းရွိ၊မရွိ ေမးျမန္းခံရေတာ့ ကေလာ့ပ္က”သူက ၁၀ မိနစ္ေလာက္

ႀကိဳးစားေျပာပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္က စကားလုံးတစ္လုံးမွ နားမလည္ပါဘူး”လို႔

ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ကံေကာင္းခ်င္ေတာ့ ကေလာ့ပ္ရဲ႕နည္းျပအဖြဲ႕ဝင္ေတြထဲမွာ

ေပၚတိုမွာ က်င္လည္ခဲ့ဖူးတဲ့ ႏွစ္ေယာက္ရွိေနတာပါ။ ဒါ့အျပင္ ကေလာ့ပ္ရဲ႕အသင္းမွာ

၂၀၁၆-၁၇ ရာသီက ေပၚတိုမွာ အငွားကန္ဖူးတဲ့ ဝုဗ္ၾကယ္ပြင့္ေဟာင္းဂ်ိဳတာလည္း ရွိေနပါတယ္။

ဘင္ဖီကာပြဲနဲ႔ပတ္သက္လို႔ လိုအပ္တဲ့အခ်က္အလက္ေတြအားလုံးကို အသင္းသားေတြနဲ႔

ေဆြးေႏြးခဲ့ေၾကာင္း ကေလာ့ပ္က ဖြင့္ခဲ့တာပါ။