ဒီနွေမှခေါ်ထားတဲ့ ခရစ္စတီယန်ဆန်နဲ့ ဖရန့်ကက်ဆီကို ပြန်လည်ဆုံးရှုံးရမယ့်အခြေအနေနဲ့ ဘာစီလိုနာ ရင်ဆိုင်နေရ

ဘာစီလိုနာဟာ ဒီနွေဈေးကွက်မှာခေါ်ယူထားတဲ့ ကစားသမားနှစ်ဦးကို ပြန်လည်ဆုံးရှုံးရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ဟာ ရာဖင်ဟာ၊ ကွန်ဒီ၊ လီဝမ်ဒေါစကီး၊ ခရစ္စတီယန်ဆန်နဲ့

ဖရန့်ကက်ဆီတို့ကို ခေါ်ယူအားဖြည့်ခဲ့တာပါ။ ရာဖင်ဟာ၊ ကွန်ဒီနဲ့ လီဝမ်ဒေါစကီးတို့အတွက် ပေါင် ၁၄၃ သန်းသုံးခဲ့ရပြီး ချဲလ်ဆီးရဲ့ခရစ္စတီယန်ဆန်နဲ့ အေစီမီလန်ရဲ့ဖရန့်ကက်ဆီတို့ကတော့

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာဟာ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ခြင်းမရှိသေးသလို စာချုပ်သက်တမ်းတိုးထားတဲ့

ဒမ်ဘီလီနဲ့ ရောဘတ်တိုတို့ကိုလည်း အတည်ပြုစာရင်း မသွင်းနိုင်သေးပါဘူး။ သူတို့ရဲ့ဘဏ္ဍာရေးချိန်ခွင်လျှာမညီမျှမှုကြောင့် လာလီဂါက ကစားသမားမှတ်ပုံတင်ခွင့်

ပိတ်ပင်ထားတာပါ။ တကယ်လို့သာ ဗယ်လီကာနိုနဲ့အဖွင့်ပွဲမတိုင်ခင် ဒီပြသနာကို မဖြေရှင်းနိုင်ရင်တော့ ခရစ္စတီယန်ဆန်နဲ့ ဖရန့်ကက်ဆီတို့ကို စာချုပ်ပါသဘောတူညီချက်အတိုင်း

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရတော့မှာဖြစ်ပါတယ်။ ဘာာစီလိုနာဥက္ကဌလာပေါ်တာကတော့ ဘဏ္ဍာရေးအခက်အခဲကိုပြေလည်စေဖို့ နည်းမျိုးစုံသုံးပြီး ဖြေရှင်းနေပါတယ်။

အဲဒီကစားသမား ၇ ဦးလုံးကို အချိန်မီစာရင်းသွင်းနိုင်မယ်လို့လည်း လာပေါ်တာက ယုံကြည်နေတယ်လို့ ESPN သတင်းဌာနက ဖေါ်ပြပါတယ်။ ဘာစီလိုနာဟာ ဖာရန်တောရက်စ်ကိုခေါ်ယူခဲ့တဲ့ ဇန်နဝါရီဈေးကွက်တုန်းကလည်း ဒီလိုပြဿနာနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

(zawgyi)

ဘာစီလိုနာဟာ ဒီေႏြေဈးကြက္မွာေခၚယူထားတဲ့ ကစားသမားႏွစ္ဦးကို ျပန္လည္ဆုံးရႈံးရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။ သူတို႔ဟာ ရာဖင္ဟာ၊ ကြန္ဒီ၊ လီဝမ္ေဒါစကီး၊ ခရစၥတီယန္ဆန္နဲ႔

ဖရန႔္ကက္ဆီတို႔ကို ေခၚယူအားျဖည့္ခဲ့တာပါ။ ရာဖင္ဟာ၊ ကြန္ဒီနဲ႔ လီဝမ္ေဒါစကီးတို႔အတြက္ ေပါင္ ၁၄၃ သန္းသုံးခဲ့ရၿပီး ခ်ဲလ္ဆီးရဲ႕ခရစၥတီယန္ဆန္နဲ႔ ေအစီမီလန္ရဲ႕ဖရန႔္ကက္ဆီတို႔ကေတာ့

အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမဲ့ ဘာစီလိုနာဟာ ကစားသမားသစ္ေတြကို မွတ္ပုံတင္ႏိုင္ျခင္းမရွိေသးသလို စာခ်ဳပ္သက္တမ္းတိုးထားတဲ့ ဒမ္ဘီလီနဲ႔ ေရာဘတ္တိုတို႔ကိုလည္း

အတည္ျပဳစာရင္း မသြင္းႏိုင္ေသးပါဘူး။ သူတို႔ရဲ႕ဘ႑ာေရးခ်ိန္ခြင္လွ်ာမညီမွ်မႈေၾကာင့္ လာလီဂါက ကစားသမားမွတ္ပုံတင္ခြင့္ ပိတ္ပင္ထားတာပါ။ တကယ္လို႔သာ ဗယ္လီကာႏိုနဲ႔အဖြင့္ပြဲမတိုင္ခင္

ဒီျပသနာကို မေျဖရွင္းႏိုင္ရင္ေတာ့ ခရစၥတီယန္ဆန္နဲ႔ ဖရန႔္ကက္ဆီတို႔ကို စာခ်ဳပ္ပါသေဘာတူညီခ်က္အတိုင္း အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ေပးရေတာ့မွာျဖစ္ပါတယ္။

ဘာာစီလိုနာဥကၠဌလာေပၚတာကေတာ့ ဘ႑ာေရးအခက္အခဲကိုေျပလည္ေစဖို႔ နည္းမ်ိဳးစုံသုံးၿပီး ေျဖရွင္းေနပါတယ္။ အဲဒီကစားသမား ၇ ဦးလုံးကို အခ်ိန္မီစာရင္းသြင္းႏိုင္မယ္လို႔လည္း လာေပၚတာက

ယုံၾကည္ေနတယ္လို႔ ESPN သတင္းဌာနက ေဖၚျပပါတယ္။ ဘာစီလိုနာဟာ ဖာရန္ေတာရက္စ္ကိုေခၚယူခဲ့တဲ့ ဇန္နဝါရီေဈးကြက္တုန္းကလည္း ဒီလိုျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရဖူးပါတယ္။