ဒီဂျောင်နဲ့မာတီနက်ဇ် နှစ်ယောက်လုံးအတွက် သဘောတူညီချက်နဲ့ မန်ယူရဲ့လက်ကွက်

နွေဈေးကွက်မှာ ချိန်သမျှလွဲနေတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အံ့အားသင့်စရာသတင်းတစ်ပုဒ်ပါ။ တနည်းအားဖြင့် သရဲနီတွေ လက်ခမောင်းခတ်ရမယ့် အကြောင်းပါပဲ။

ဘာစီလိုနာရဲ့ဒီဂျောင်ရော အေဂျက်ဇ်ရဲ့မာတီနက်ဇ်ကိုပါ ခေါ်ယူဖို့သဘောတူညီမှုရသွားပါပြီတဲ့။ နှစ်ယောက်လုံးအတွက် ပေါင် ၁၁၈ သန်း သုံးတော့မှာဖြစ်ပါတယ်။

နူးကမ့်က နယ်သာလန်သားနောက်ကို မန်ယူလိုက်နေတာတော့ ဒီတစ်နွေလုံးပါပဲ။ အခုလည်း တရားဝင် မကြေညာနိုင်သေးပါဘူး။ ဒါပေမဲ့ စိတ်ချရတယ်လို့ နာမည်ကြီးတဲ့ အီတလီဂျာနယ်လစ်

ရိုမာနိုဆီကရတဲ့သတင်းကို The Sun က ရေးသားထားတာပါ။ နှစ်သင်းလုံးဟာ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူအတွက် သဘောတူညီချက် အပြည့်အစုံရသွားပြီလို့ သူကဆိုပါတယ်။

ခက်တာက စပိန်မှာပဲ ဆက်နေမယ်တကဲကဲလုပ်နေတဲ့ ဒီဂျောင်ကို ချော့ရဦးမှာပါ။ ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်း၊ အပိုဆုကြေးနဲ့တခြားသဘောတူညီချက်တွေအရ

ပေါင် ၇၂ သန်းအထိ ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ မာတီနက်ဇ်သတင်းကတော့ talkSPORT က လာပါတယ်။ မန်ယူရဲ့ ပေါင် ၄၆ သန်းနဲ့ကမ်းလှမ်းမှုကို

အေဂျက်ဇ်က သဘောတူလိုက်ပြီလို့ ဖေါ်ပြထားတာပါ။ အိုးလ်ထရက်ဖို့ဒ်ကို အသက် ၂၄ နှစ်အရွယ်နောက်ခံလူ တကယ်ရောက်လာရင်တော့ အာဆင်နယ် ကြွေပြီပေါ့။

(zawgyi)

ေႏြေဈးကြက္မွာ ခ်ိန္သမွ်လြဲေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အံ့အားသင့္စရာသတင္းတစ္ပုဒ္ပါ။ တနည္းအားျဖင့္ သရဲနီေတြ လက္ခေမာင္းခတ္ရမယ့္ အေၾကာင္းပါပဲ။

ဘာစီလိုနာရဲ႕ဒီေဂ်ာင္ေရာ ေအဂ်က္ဇ္ရဲ႕မာတီနက္ဇ္ကိုပါ ေခၚယူဖို႔သေဘာတူညီမႈရသြားပါၿပီတဲ့။ ႏွစ္ေယာက္လုံးအတြက္ ေပါင္ ၁၁၈ သန္း သုံးေတာ့မွာျဖစ္ပါတယ္။

ႏူးကမ့္က နယ္သာလန္သားေနာက္ကို မန္ယူလိုက္ေနတာေတာ့ ဒီတစ္ေႏြလုံးပါပဲ။ အခုလည္း တရားဝင္ မေၾကညာႏိုင္ေသးပါဘူး။ ဒါေပမဲ့ စိတ္ခ်ရတယ္လို႔ နာမည္ႀကီးတဲ့ အီတလီဂ်ာနယ္လစ္

႐ိုမာႏိုဆီကရတဲ့သတင္းကို The Sun က ေရးသားထားတာပါ။ ႏွစ္သင္းလုံးဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ ကြင္းလယ္လူအတြက္ သေဘာတူညီခ်က္ အျပည့္အစုံရသြားၿပီလို႔ သူကဆိုပါတယ္။

ခက္တာက စပိန္မွာပဲ ဆက္ေနမယ္တကဲကဲလုပ္ေနတဲ့ ဒီေဂ်ာင္ကို ေခ်ာ့ရဦးမွာပါ။ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၃ သန္း၊ အပိုဆုေၾကးနဲ႔တျခားသေဘာတူညီခ်က္ေတြအရ

ေပါင္ ၇၂ သန္းအထိ ရွိႏိုင္တယ္လို႔ သုံးသပ္ထားပါတယ္။ မာတီနက္ဇ္သတင္းကေတာ့ talkSPORT က လာပါတယ္။ မန္ယူရဲ႕ ေပါင္ ၄၆ သန္းနဲ႔ကမ္းလွမ္းမႈကို ေအဂ်က္ဇ္က

သေဘာတူလိုက္ၿပီလို႔ ေဖၚျပထားတာပါ။ အိုးလ္ထရက္ဖို႔ဒ္ကို အသက္ ၂၄ ႏွစ္အ႐ြယ္ေနာက္ခံလူ တကယ္ေရာက္လာရင္ေတာ့ အာဆင္နယ္ ေႂကြၿပီေပါ့။