ဒီဂီယာ လက်စွမ်းပြနေပေမယ့် ပေါ်တိုဂိုးသမား ဒီယိုဂိုကော်စတာကို ခေါ်ယူဖို့ ယူနိုက်တက် စိတ်ဝင်စားနေဆဲ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ်တိုဂိုးသမား

ဒီယိုဂိုကော်စတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး
လာမယ့်နွေရာသီကျရင် ကြိုးပမ်းသွားမယ့်အနေအထား
ရှိတယ်လို့ ပေါ်တူဂီနာမည်ကျော်သတင်းစာ A Bola က
ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက် လက်စွမ်းပြနေတဲ့ စပိန်ဝါရင့်
ဂိုးသမားဒီဂီယာရဲ့ လက်ရှိစာချုပ်က ဒီရာသီကုန်မှာ သက်တမ်း
ပြည့်မှာဖြစ်ပြီး ယူနိုက်တက်တာဝန်ရှိသူတွေဟာ ဒီဂီယာကို

လစာငွေလျှော့ချပြီးတော့ စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးနေပေမယ့်
အသင်းရဲ့ အနာဂတ်အတွက် ဒီယိုဂိုကော်စတာကို ခေါ်ယူချင်နေတာ
ဖြစ်ပါတယ်။

အသက်(၂၃)နှစ်သာရှိသေးသူ ပေါ်တူဂီလက်ရွေးစင်ဂိုးသမား
ဒီယိုဂိုကော်စတာဟာ ပေါ်တိုအကယ်ဒမီကနေထွက်ပေါ်ခဲ့တဲ့
ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းအတွက်
ပွဲပေါင်း(၉၃)ပွဲအထိကစားခဲ့ပါတယ်။

ပေါ်တိုအသင်းမှာ လက်စွမ်းပြနိုင်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလား
ပြိုင်ပွဲတုန်းက ပေါ်တူဂီအသင်းမှာ ရွေးချယ်ခံခဲ့ရသလို ကွာတားဖိုင်နယ်

အဆင့်အထိ ပွဲတိုင်းပါဝင်ကစားခွင့်ရပြီး အဓိကပြိုင်ပွဲတစ်ခုမှာ
ပေါ်တူဂီအသင်းအတွက် ပွဲထွက်ကစားခွင့်ရတဲ့ အသက်အငယ်ဆုံး
ဂိုးသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဒီယေဂိုကော်စတာဟာ ပြီးခဲ့တဲ့နှစ်ကမှ ပေါ်တိုအသင်းနဲ့ စာချုပ်
သက်တမ်းတိုးခဲ့တာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ သူ့ကို
ခေါ်ချင်တယ်ဆိုရင် စာချုပ်လျော်ကြေး ယူရို(၇၅)သန်းအထိ
အသုံးပြုရဖို့ရှိနေပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေပၚတိုဂိုးသမား
ဒီယိုဂိုေကာ္စတာကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ၿပီး

လာမယ့္ေႏြရာသီက်ရင္ ႀကိဳးပမ္းသြားမယ့္အေနအထား
ရွိတယ္လို႔ ေပၚတူဂီနာမည္ေက်ာ္သတင္းစာ A Bola က
ေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္အသင္းအတြက္ လက္စြမ္းျပေနတဲ့ စပိန္ဝါရင့္
ဂိုးသမားဒီဂီယာရဲ႕ လက္ရွိစာခ်ဳပ္က ဒီရာသီကုန္မွာ သက္တမ္း
ျပည့္မွာျဖစ္ၿပီး ယူႏိုက္တက္တာဝန္ရွိသူေတြဟာ ဒီဂီယာကို
လစာေငြေလွ်ာ့ခ်ၿပီးေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ေဆြးေႏြးေနေပမယ့္

အသင္းရဲ႕ အနာဂတ္အတြက္ ဒီယိုဂိုေကာ္စတာကို ေခၚယူခ်င္ေနတာ
ျဖစ္ပါတယ္။

အသက္(၂၃)ႏွစ္သာရွိေသးသူ ေပၚတူဂီလက္ေ႐ြးစင္ဂိုးသမား
ဒီယိုဂိုေကာ္စတာဟာ ေပၚတိုအကယ္ဒမီကေနထြက္ေပၚခဲ့တဲ့
ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အသင္းအတြက္
ပြဲေပါင္း(၉၃)ပြဲအထိကစားခဲ့ပါတယ္။

ေပၚတိုအသင္းမွာ လက္စြမ္းျပႏိုင္တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလား
ၿပိဳင္ပြဲတုန္းက ေပၚတူဂီအသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရသလို ကြာတားဖိုင္နယ္
အဆင့္အထိ ပြဲတိုင္းပါဝင္ကစားခြင့္ရၿပီး အဓိကၿပိဳင္ပြဲတစ္ခုမွာ

ေပၚတူဂီအသင္းအတြက္ ပြဲထြက္ကစားခြင့္ရတဲ့ အသက္အငယ္ဆုံး
ဂိုးသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

ဒီေယဂိုေကာ္စတာဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ ေပၚတိုအသင္းနဲ႔ စာခ်ဳပ္
သက္တမ္းတိုးခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းအေနနဲ႔ သူ႔ကို
ေခၚခ်င္တယ္ဆိုရင္ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ို(၇၅)သန္းအထိ
အသုံးျပဳရဖို႔ရွိေနပါတယ္။