ဒီဂီယာရဲ့ အရန်အဖြစ်အသုံးပြုဖို့ ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဘတ်လန်းကို ယူနိုက်တက် တရားဝင်ခေါ်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ဂိုးသမား

ဂျက်ဘတ်လန်းကို အငှားစာချုပ်နဲ့ တရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်း

ဘတ်လန်းဟာ ဒီဂီယာရဲ့နောက်မှာ တွမ်ဟီတန်နဲ့အတူ ဒုတိယဦးစားပေး
အဖြစ် ရာသီကုန်အထိ ယူနိုက်တက်အသင်းအတွက် ကစားသွားမှာဖြစ်ပါတယ်။

ဒီရာသီအစပိုင်းက ယူနိုက်တက်ကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့သူ ဂိုးသမား
ဒူဘရက်ဗ်ကာကို စာချုပ်သက်တမ်းမပြည့်ခင် မိခင်ကလပ် နယူးကာဆယ်
အသင်းက ပြန်ခေါ်သွားတာကြောင့် ယူနိုက်တက်အသင်းဟာ နံပါတ်(၂)
ဂိုးသမားနေရာအတွက် ဘတ်လန်းနဲ့အစားထိုးခဲ့တာပါ။

ယူနိုက်တက်နဲ့ စာချုပ်,ချုပ်ဆိုပြီးတဲ့နောက် ဘတ်လန်းက “ယူနိုက်တက်
အသင်းဟာ ကြီးကျယ်ခမ်းနားတဲ့ကလပ်ဖြစ်ပြီး ဒီလိုအသင်းမျိုးမှာ ကစားခွင့်
ရမှာဖြစ်လို့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ အသင်းရဲ့ ထိပ်တန်းဂိုးနည်းပြ

အဖွဲ့တွေနဲ့ လက်တွဲညီညီ အလုပ်အတူလုပ်ဖို့ မျှော်လင့်ထားပြီး အကောင်းဆုံး
ဖြစ်အောင် အပြန်အလှန် ကူညီပေးသွားမှာပါ။

ယူနိုက်တက်အသင်းရဲ့ ကစားသမားစုဖွဲ့မှုအရ ဒီရာသီမှာ အောင်မြင်မှုအများကြီး
ရယူနိုင်စွမ်းရှိပြီး အဲဒီရည်မှန်းချက်အကောင်အထည်ဖော်နိုင်အောင် ကျွန်တော်က
ကိုယ်တတ်နိုင်တဲ့အပိုင်းကနေ ကူညီပေးသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခရစၥတယ္ပဲေလ့စ္ဂိုးသမား
ဂ်က္ဘတ္လန္းကို အငွားစာခ်ဳပ္နဲ႔ တရားဝင္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အဂၤလန္လက္ေ႐ြးစင္ဂိုးသမားေဟာင္း
ဘတ္လန္းဟာ ဒီဂီယာရဲ႕ေနာက္မွာ တြမ္ဟီတန္နဲ႔အတူ ဒုတိယဦးစားေပး
အျဖစ္ ရာသီကုန္အထိ ယူႏိုက္တက္အသင္းအတြက္ ကစားသြားမွာျဖစ္ပါတယ္။

ဒီရာသီအစပိုင္းက ယူႏိုက္တက္ကို တစ္ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူ ဂိုးသမား
ဒူဘရက္ဗ္ကာကို စာခ်ဳပ္သက္တမ္းမျပည့္ခင္ မိခင္ကလပ္ နယူးကာဆယ္
အသင္းက ျပန္ေခၚသြားတာေၾကာင့္ ယူႏိုက္တက္အသင္းဟာ နံပါတ္(၂)

ဂိုးသမားေနရာအတြက္ ဘတ္လန္းနဲ႔အစားထိုးခဲ့တာပါ။

ယူႏိုက္တက္နဲ႔ စာခ်ဳပ္,ခ်ဳပ္ဆိုၿပီးတဲ့ေနာက္ ဘတ္လန္းက “ယူႏိုက္တက္

အသင္းဟာ ႀကီးက်ယ္ခမ္းနားတဲ့ကလပ္ျဖစ္ၿပီး ဒီလိုအသင္းမ်ိဳးမွာ ကစားခြင့္
ရမွာျဖစ္လို႔ ကြၽန္ေတာ္ အရမ္းဂုဏ္ယူမိပါတယ္။ အသင္းရဲ႕ ထိပ္တန္းဂိုးနည္းျပ
အဖြဲ႕ေတြနဲ႔ လက္တြဲညီညီ အလုပ္အတူလုပ္ဖို႔ ေမွ်ာ္လင့္ထားၿပီး အေကာင္းဆုံး
ျဖစ္ေအာင္ အျပန္အလွန္ ကူညီေပးသြားမွာပါ။

ယူႏိုက္တက္အသင္းရဲ႕ ကစားသမားစုဖြဲ႕မႈအရ ဒီရာသီမွာ ေအာင္ျမင္မႈအမ်ားႀကီး
ရယူႏိုင္စြမ္းရွိၿပီး အဲဒီရည္မွန္းခ်က္အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ကြၽန္ေတာ္က
ကိုယ္တတ္ႏိုင္တဲ့အပိုင္းကေန ကူညီေပးသြားမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။