ဒီဂီယာရဲ့နေရာမှာအစားထိုးဖို့ မော်ရိုကိုအသင်းဂိုးသမား ဘိုနိုကို ယူနိုက်တက် ပစ်မှတ်ထားနေ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းအတွက် လက်စွမ်းပြနိုင်ခဲ့တဲ့

ဂိုးသမားဘိုနိုကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာ
အသင်းတို့က ပစ်မှတ်ထားနေကြပါတယ်။

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဘိုနိုဟာ စပိန်အသင်းနဲ့ကစားခဲ့တဲ့ ရှုံးထွက်
(၁၆)သင်းအဆင့်၊ ပယ်နယ်တီအဆုံးအဖြတ်မှာ ပယ်နယ်တီ(၂)ကြိမ်ကို
လက်စွမ်းပြကာကွယ်ခဲ့ပြီး မော်ရိုကို အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား
ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်ခွင့်ရအောင်
စွမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ကွာတားဖိုင်နယ်မှာလည်း စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းကို
ဖြုတ်ချနိုင်ခဲ့တာကြောင့် မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်

တက်ခွင့်ရခဲ့တဲ့ ပထမဆုံး အာဖရိကအသင်းအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။

မော်ရိုကိုအသင်းဟာ ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပြင်သစ်ကို ရှုံးနိမ့်ခဲ့ပေမယ့်

ပြိုင်ပွဲတစ်လျှောက် လက်စွမ်းပြကစားခဲ့တဲ့ ဂိုးသမားဘိုနိုကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့
ဗီလာတို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ဆီဗီလာအသင်းဟာ ဘိုနိုကို ဟီရိုနာအသင်းကနေ ၂၀၂၀ ခုနှစ်က ခေါ်ယူခဲ့ပြီး ဘိုနိုနဲ့
၂၀၂၅ ခုနှစ်အထိ စာချုပ်,ချုပ်ထားပေမယ့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်း
သူတို့ဂိုးသမားအတွက် ပေါင်(၂၆)သန်းပေးမယ်ဆိုရင် ရောင်းချသွားဖို့ရှိတယ်လို့
Estadio Deportivo ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေမာ္႐ိုကိုအသင္းအတြက္ လက္စြမ္းျပႏိုင္ခဲ့တဲ့
ဂိုးသမားဘိုႏိုကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အက္စတြန္ဗီလာ
အသင္းတို႔က ပစ္မွတ္ထားေနၾကပါတယ္။

အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘိုႏိုဟာ စပိန္အသင္းနဲ႔ကစားခဲ့တဲ့ ရႈံးထြက္
(၁၆)သင္းအဆင့္၊ ပယ္နယ္တီအဆုံးအျဖတ္မွာ ပယ္နယ္တီ(၂)ႀကိမ္ကို

လက္စြမ္းျပကာကြယ္ခဲ့ၿပီး ေမာ္႐ိုကို အသင္းသမိုင္းတစ္ေလွ်ာက္ ကမာၻ႔ဖလား
ကြာတားဖိုင္နယ္အဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္ခြင့္ရေအာင္
စြမ္းေဆာင္ခဲ့ပါတယ္။

ဒါ့အျပင္ ကြာတားဖိုင္နယ္မွာလည္း စီေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီအသင္းကို
ျဖဳတ္ခ်ႏိုင္ခဲ့တာေၾကာင့္ ေမာ္႐ိုကိုအသင္းဟာ ကမာၻ႔ဖလားဆီမီးဖိုင္နယ္
တက္ခြင့္ရခဲ့တဲ့ ပထမဆုံး အာဖရိကအသင္းအျဖစ္ သမိုင္းသစ္ေရးထိုးႏိုင္ခဲ့ပါတယ္။

ေမာ္႐ိုကိုအသင္းဟာ ဆီမီးဖိုင္နယ္မွာ လက္ရွိခ်န္ပီယံ ျပင္သစ္ကို ရႈံးနိမ့္ခဲ့ေပမယ့္
ၿပိဳင္ပြဲတစ္ေလွ်ာက္ လက္စြမ္းျပကစားခဲ့တဲ့ ဂိုးသမားဘိုႏိုကို ေခၚယူဖို႔ ယူႏိုက္တက္နဲ႔
ဗီလာတို႔က စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

ဆီဗီလာအသင္းဟာ ဘိုႏိုကို ဟီ႐ိုနာအသင္းကေန ၂၀၂၀ ခုႏွစ္က ေခၚယူခဲ့ၿပီး ဘိုႏိုနဲ႔
၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္,ခ်ဳပ္ထားေပမယ့္ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း

သူတို႔ဂိုးသမားအတြက္ ေပါင္(၂၆)သန္းေပးမယ္ဆိုရင္ ေရာင္းခ်သြားဖို႔ရွိတယ္လို႔
Estadio Deportivo ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။