ဒိုလေးရဲ့ နာမည်ကျော် SIUUU အောင်ပွဲခံပုံစံကြောင့် ဘူဂေးလ်ရီးယားကစားသမား အနီကတ်ထိ

ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရိုအေရှားနဲ့ဘူဂေးလ်ရီးယား တို့ရဲ့

ခြေစမ်းပွဲစဉ်မှာတော့ ဘူဂေးလ်ရီးယားကစားသမား ဒက်ပိုဒေါ့ဗ် ဟာ

အသင်းအတွက်ဂိုးသွင်းယူပေးပြီးနောက် စီရော်နယ်ဒိုရဲ့နာမည်ကျော်

အောင်ပွဲခံမှုပုံစံနဲ့ အောင်ပွဲခံခဲ့တာကြောင့် အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတယ်လို့

သိရပါတယ်။ တောင်ပံကစားသမားဟာခရိုအေးရှားကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာ

ဘူဂေးလ်ရီးယားအတွက်ဦးဆောင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ဘူဂေးလ်ရီးယားကစားသမား ဒက်ပိုဒေါ့ဗ်အနေနဲ့ ပွဲချိန် ၆၄ မိနစ်မှာ

ပထမအကြိမ် အဝါကတ် ထိထားခဲ့တာဖြစ်ပြီး

ပွဲချိန် ၆၉ မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းပြီးတဲ့နောက်

စီရော်နယ်ဒိုရဲ့အောင်ပွဲခံမှုမျိုးပြုလုပ်ချိန်မှာ အကျီချွတ်ပြီး အောင်ပွဲခံခဲ့တာကြောင့်

နောက်ထပ်တစ်ကြိမ် အဝါကတ်ပြခံရပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

သူအထုတ်မခံရမီခရိုအေးရှားဘက်ကဗဟိုနောက်ခံလူကာလီတာကားလည်း

အထုတ်ခံခဲ့ရတာကြောင့်တစ်ယောက်အလျှော့စီဖြင့်ရင်ဆိုင်ခဲ့ရပါတယ်။

zawgyi

ဒိုေလးရဲ႕ နာမည္ေက်ာ္ SIUUU ေအာင္ပြဲခံပုံစံေၾကာင့္ ဘူေဂးလ္ရီးယားကစားသမား အနီကတ္ထိ

ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ႐ိုေအရွားနဲ႔ဘူေဂးလ္ရီးယား တို႔ရဲ႕

ေျခစမ္းပြဲစဥ္မွာေတာ့ ဘူေဂးလ္ရီးယားကစားသမား ဒက္ပိုေဒါ့ဗ္ ဟာ

အသင္းအတြက္ဂိုးသြင္းယူေပးၿပီးေနာက္ စီေရာ္နယ္ဒိုရဲ႕နာမည္ေက်ာ္

ေအာင္ပြဲခံမႈပုံစံနဲ႔ ေအာင္ပြဲခံခဲ့တာေၾကာင့္ အနီကတ္ျပၿပီး ထုတ္ပယ္ခံခဲ့ရတယ္လို႔

သိရပါတယ္။ ေတာင္ပံကစားသမားဟာခ႐ိုေအးရွားကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာ

ဘူေဂးလ္ရီးယားအတြက္ဦးေဆာင္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ဘူေဂးလ္ရီးယားကစားသမား ဒက္ပိုေဒါ့ဗ္အေနနဲ႔ ပြဲခ်ိန္ ၆၄ မိနစ္မွာ

ပထမအႀကိမ္ အဝါကတ္ ထိထားခဲ့တာျဖစ္ၿပီး

ပြဲခ်ိန္ ၆၉ မိနစ္မွာ အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းၿပီးတဲ့ေနာက္

စီေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံမႈမ်ိဳးျပဳလုပ္ခ်ိန္မွာ အက်ီခြၽတ္ၿပီး ေအာင္ပြဲခံခဲ့တာေၾကာင့္

ေနာက္ထပ္တစ္ႀကိမ္ အဝါကတ္ျပခံရၿပီး ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

သူအထုတ္မခံရမီခ႐ိုေအးရွားဘက္ကဗဟိုေနာက္ခံလူကာလီတာကားလည္း

အထုတ္ခံခဲ့ရတာေၾကာင့္တစ္ေယာက္အေလွ်ာ့စီျဖင့္ရင္ဆိုင္ခဲ့ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*